အာရှနိုင်ငံရဲ့နေထိုင်မှု စရိတ်အကြီးမားဆုံး မြို့ထဲမှာ ရန်ကုန်မြို့ဟာ သည်နှ စ်အတွင်းမှာ ၆၇ ခု မြောက် မြို့ တော်အဖြစ် သတ်မှတ်ခြင်းခံရတယ်လို့ MERCER အဖွဲ့အစည်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
အာရှနိုင်ငံရဲ့နေထိုင်မှုစရိတ် အကြီးမားဆုံးမြို့ထဲမှာ ရန်ကုန်မြို့ ပါ ဝင်နေပြီး ဂျာမနီနိုင်ငံမြူးနစ်မြို့၊ ကာတာ နိုင်ငံက ဒိုဟာမြို့နဲ့ အီတလီနိုင်ငံက ရော မမြို့တွေထက် ပိုပြီး နေစရိတ်ကြီးမားတဲ့ မြို့တစ် မြို့ဖြစ်နေတယ်လို့ သိရပါ တယ်။
MERCER အဖွဲ့အစည်းအနေနဲ့ နှစ်စဉ် ထုတ် ပြန် လေ့ရှိတဲ့ နိုင်ငံခြားသားေ တွအတွက် နိုင်ငံအသီးသီးက နေထိုင်မှုစရိတ်မြင့်မားတဲ့ မြို့တွေထဲမှာ ရန် ကုန်မြို့ဟာ ၆၇ ခု မြောက်နေထိုင်စရိတ် အကြီးမြင့်ဆုံးမြို့ အဖြစ် သတ်မှတ် ခံရပါတယ်။ နေထိုင်စရိတ်၊ သွားလာစရိတ်နဲ့ ဖျော်ဖြေရေး စရိတ်တွက်ချက်တဲ့ MERCER စစ်တမ်း မှာ ပြီးခဲ့တဲ့ နှစ်က ရန်ကုန်မြို့ဟာ ၃၉ ခု မြောက်နေထိုင် မှု စရိတ်မြင့်မားတဲ့မြို့ဖြစ်ခဲ့ပေမဲ့ ယခုနှစ် မှာ ၆၇ ခုမြောက်မြို့တော် အဖြစ် လျှော့ကျ သတ်မှတ်ခံရတယ်လို့ သိရပါတယ်။
“ရန်ကုန်မြို့ဟာ အရင်နှစ်တုန်းက ၃၉ ခုမြောက် နေထိုင်မှု အကြီးမားဆုံြး ဖစ်ပေမဲ့ ဒီနှစ်မှာ ၆၇ ခုမြောက်မြို့တော်အဖြစ် လျော့ကျလာတယ်၊ ရန်ကုန် မြို့ဟာ နိုင်ငံခြားသားခရီးသည်တွေ ပိုပြီးဝင်ရောက်လာတာနဲ့ အမျှ နိုင်ငံ အ တွင်း သွားလာ တည်းခိုစရိတ်တွေလည်း သိသိသာသာ လျော့ကျလာပါတယ်၊ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေကလဲ အရင်ကထက်သိသိသာသာ များ လာခဲ့ပါတယ်”လို့ ဟိုတယ် နဲ့ခရီးသွားလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
Credit: The Kumudra