ရန်ကုန်မြို့သစ် တည်ဆောက်မည့် ကော်ပိုရေးရှင်းကို မြို့သစ်စီမံကိန်းတွင် အမြင့်ဆုံး အာဏာပိုင်အဖြစ် သတ်မှတ်

ရန်ကုန်မြို့သစ် တည်ဆောက်မည့် ကော်ပိုရေးရှင်းကို မြို့သစ်စီမံကိန်းတွင် အမြင့်ဆုံး အာဏာပိုင်အဖြစ် သတ်မှတ် - Property News in Myanmar from iMyanmarHouse.com
11 Jul 2017 9:41 am တွင် တင်ခဲ့သည်
14617 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့သစ် တည်ဆောက်ရေးတွင် အကောင်အထည်ဖော်မည့် New Yangon Development Corporation ကို မြို့သစ်တည်ဆောက်ရေးတွင် အမြင့်ဆုံး အာဏာပိုင်အဖွဲ့အဖြစ် သတ်မှတ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။

ဇူလိုင်လ ၁၀ ရက်နေ့က ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဝန်ကြီး ဒေါ်နီလာကျော်က ရန်ကုန်မြို့သစ် စီမံကိန်းနှင့်ပတ်သက်၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြစဉ် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့သစ် စီမံကိန်း တည်ဆောက်မည့် ကော်မတီအမည်ကို New Yangon Development Corporation ဟု အမည်ပေးထားပြီး အဆိုပါကော်မတီကို အစိုးရ၏ ၁၀ဝ ရာခိုင်နှုန်း ဆောင်ရွက်မှုဖြစ်သော ကော်ပိုရေးရှင်းပုံစံဖြင့် ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ကာ ယင်းကုမ္ပဏီသည် ရန်ကုန်မြို့သစ် တည်ဆောက်ရေးတွင် အမြင့်ဆုံး အာဏာပိုင်အဖွဲ့ ဖြစ်လာမည်ဖြစ်ကြောင်း ဒေါ်နီလာကျော်က ပြောဆိုသည်။

ရန်ကုန်မြို့သစ် တည်ဆောက်ရေး လုပ်ငန်းကော်မတီကို အစိုးသစ်လက်ထက် ၂၀၁၇ ဖေဖော်ဝါရီလတွင် ပြန်လည်ဖွဲ့စည်း၍ ယခင် အစိုးရလက်ထက်က မူလ စာချုပ် ချုပ်ခဲ့သည့် ကုမ္ပဏီများကို စာချုပ်ဖျက်သိမ်း၍ ရန်ကုန်တိုင်းဒေသကြီး အစိုးရက ရာနှုန်းပြည့် ကြီးကြပ်ကွပ်ကဲသွားရန် စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ရန်ကုန်မြို့သစ် စီမံကိန်း အကောင်အထည်ဖော်ရာတွင် လိုအပ်သော ငွေကြေး အရင်းအနှီးများကို ကမ္ဘာ့ဘဏ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ နိုင်ငံတကာ ဘဏ္ဍာရေး ကော်ပိုရေးရှင်း (IFC) စသည့် ငွေကြေးဌာနများမှ ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းခွင်တွင် ပါဝင်ဆောင်ရွက်ခြင်း၊ ပြည်ပချေးငွေ ရယူခြင်း၊ Private Enterprise လျှပ်စစ်လုပ်ငန်း၊ ရေလုပ်ငန်း စသည်တို့ကို ပြည်သူလူထု ပါဝင်သည့် (PPP) စနစ်ဖြင့် ဆောင်ရွက်ခြင်းစသည့် နည်းလမ်းများဖြင့် ရယူသွားမည်ဖြစ်ကြောင်း တိုင်းအစိုးရ အဖွဲ့ထံမှ သိရသည်။

ဒေါ်နီလာကျော်၏ အဆိုပါစီမံကိန်း တည်ဆောက်ရေး ရှင်းလင်းချက်အပြီးတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက လွှတ်တော်တွင် ဆွေးနွေးခွင့်ရရန် တောင်းဆိုခဲ့ပြီး လွှတ်တော်က ဆွေးနွေးခွင့်ပြုခဲ့၍ လာမည့် တိုင်းလွှတ်တော် အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်သည်။

အဆိုပါ စီမံကိန်းကို အကောင်အထည်ဖော်ရန် ယခင်အစိုးရ လက်ထက်က အတည်ပြုခဲ့ခြင်း ဖြစ်သော်လည်း လက်ရှိ အစိုးရသစ် လက်ထက်တွင် ဆောင်ရွက်မည့် ပုံစံအသစ်များ ရင်းနှီးမြှုပ်နှံမှု ပုံစံအသစ်များဖြင့် ပြန်လည် ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ရန်ကုန်တိုင်းလွှတ်တော်တွင် ပြန်လည် ဆွေးနွေးရန် လိုအပ်နေပြီး စီမံကိန်းကို မည်သို့ အကောင်အထည်ဖော်မည်ကို အစိုးရက ပြန်လည် ရှင်းလင်းရန် လိုအပ်နေသေးကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောကြားသည်။

“ဘယ်လိုပုံစံမျိုး ဆောင်ရွက်မယ်ဆိုတာ ကျယ်ကျယ်ပြန့်ပြန့် သိဖို့ လိုအပ်ပါတယ်။ ဒီစီမံကိန်းက ကြီးမားတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်လေ”ဟု ၎င်းက ဆိုသည်။

ရန်ကုန်မြို့သစ် စီမံကိန်းကို ကြည့်မြင်တိုင် တစ်ဖက်ကမ်း အေးရွာ အပါအဝင် ကြည့်မြင်တိုင်မြို့နယ်၊ တွံတေးမြို့နယ်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်တို့တွင် အဆိုပြု ခန့်မှန်းဧရိယာ ဧက သုံးသောင်းဖြင့် တည်ဆောက်သွားရန် စီစဉ်ထားကြောင်း တိုင်းအစိုးရထံမှ သိရသည်။

Credit: The Voice

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

Magical World
Infinity@111Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service