ဗြိတိန် အရှေ့တောင်ပိုင်း ရွာငယ်ကလေးတစ်ခုတွင် ၁၇ ရာစု ရေစွမ်းအင်သုံး ဆန်စက်အဆောက်အအုံကို ပေါင်တစ်သန်းခွဲဖြင့် ရောင်းမည်

ဗြိတိန် အရှေ့တောင်ပိုင်း ရွာငယ်ကလေးတစ်ခုတွင် ၁၇ ရာစု ရေစွမ်းအင်သုံး ဆန်စက်အဆောက်အအုံကို ပေါင်တစ်သန်းခွဲဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
10 Jul 2017 12:13 pm တွင် တင်ခဲ့သည်
957 ကြိမ် ကြည့်ရှု့ပြီး
ဗြိတိန်နိုင်ငံတွင် ၁၇ ရာစုအတွင်းက ဆောက်လုပ်ခဲ့သည့် ရေစွမ်းအင်သုံး ဆန်စက်အဆောက်အအုံကြီးတစ်လုံး ပေါင် ၁ ဒသမ ၅ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၉၅ သန်း) ဖြင့် အရောင်းဈေးကွက်ဝင်လာကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက် တစ်ခုတွင် ဖော်ပြသည်။

တည်နေရာမှာ အင်္ဂလန်နိုင်ငံ၊ အရှေ့တောင်ပိုင်း ဘက်ဖို့ဒ်ရှိုင်းယားဒေသ၊ အိုဒဲလ်အမည်ရှိ ရွာငယ်ကလေးတွင် ဖြစ်သည်။
၁၇ ရာစုနှင့် ၁၈ ရာစု ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် အဆောက်အအုံအစိတ်အပိုင်းနေရာများစွာ ပါဝင်ပြီး အနီးရှိ မြစ်တွင် ငါးဖမ်းခွင့်လည်း ရောင်းချမှုတွင် ပါဝင်သည်ဟု ဆိုသည်။

၁၉၄၀ ပြည့်လွန်ကာလများအထိ ဆန်စက်အဖြစ် အသုံးပြုခဲ့ပြီး နောက်ပိုင်းတွင်မူ လူနေအိမ်အဖြစ် ပြောင်းလဲမွမ်းမံခဲ့သည်။
ခြံအကျယ်အဝန်း ဧကဝက်ရှိသော ယင်းအဆောက်အအုံသည် သမိုင်းဝင်အထိမ်းအမှတ်တစ်ခုလည်း ဖြစ်နေချေသည်။

အင်္ဂလန်နိုင်ငံကို ၁၀၆၆ ခုနှစ်တွင် ကျူးကျော်တိုက်ခိုက်ခဲ့သော William the Conqueror ၏ ညွှန်ကြားချက်ဖြင့် ရေးသားခဲ့သော The Domesday စာအုပ်တွင် ယင်းအဆောက်အအုံအကြောင်းကို ထည့်သွင်းရေးသားထားသည်။

အယ်လ်စတန်မိသားစုက နှစ်ပေါင်း ၃၀၀ နီးပါး မျိုးရိုးစဉ်ဆက် ပိုင်ဆိုင်ခဲ့ကြသည်။
ယနေ့တိုင် မပျက်မစီးတည်ရှိနေသော ထုံးကျောက်အဆောက်အအုံသည် ၁၇၅၀ ပြည့်လွန်တစ်ဝိုက်က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ခန့်မှန်းရသည်။
၁၉၃၀ ပြည့်လွန်ကာလများတွင်ကား အယ်လ်စတန်မိသားစုထံမှ ပရဟိတသမားတစ်ဦးဖြစ်သူ ဂျော်ဂျီယာ လောဆန် ဂျွန်စတန်က ဝယ်ယူခဲ့သည်။

တံခါးများမှာ ၁၆ ရာစုနှစ် ဝက်သစ်ချသားတံခါးများဖြစ်ပြီး ရှေးဟောင်းသံပန်းလက်ရာများကို ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။
အိပ်ခန်း ၆ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါဝင်ပြီး မူလဟန်များစွာကို ဆက်လက်ထိန်းသိမ်းထားရာ မီးလင်းဖိုများအပြင် ဆန်စက်တွင် အသုံးပြုသော ဒလက်ဘီးတစ်ခုကိုလည်း နေအိမ်အပြင်နံရံတွင် အလှဆင်ထိန်းသိမ်းထားသည်ကို တွေ့ရသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
ဗြိတိန် အရှေ့တောင်ပိုင်း ရွာငယ်ကလေးတစ်ခုတွင် ၁၇ ရာစု ရေစွမ်းအင်သုံး ဆန်စက်အဆောက်အအုံကို ပေါင်တစ်သန်းခွဲဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန် အရှေ့တောင်ပိုင်း ရွာငယ်ကလေးတစ်ခုတွင် ၁၇ ရာစု ရေစွမ်းအင်သုံး ဆန်စက်အဆောက်အအုံကို ပေါင်တစ်သန်းခွဲဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန် အရှေ့တောင်ပိုင်း ရွာငယ်ကလေးတစ်ခုတွင် ၁၇ ရာစု ရေစွမ်းအင်သုံး ဆန်စက်အဆောက်အအုံကို ပေါင်တစ်သန်းခွဲဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန် အရှေ့တောင်ပိုင်း ရွာငယ်ကလေးတစ်ခုတွင် ၁၇ ရာစု ရေစွမ်းအင်သုံး ဆန်စက်အဆောက်အအုံကို ပေါင်တစ်သန်းခွဲဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန် အရှေ့တောင်ပိုင်း ရွာငယ်ကလေးတစ်ခုတွင် ၁၇ ရာစု ရေစွမ်းအင်သုံး ဆန်စက်အဆောက်အအုံကို ပေါင်တစ်သန်းခွဲဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန် အရှေ့တောင်ပိုင်း ရွာငယ်ကလေးတစ်ခုတွင် ၁၇ ရာစု ရေစွမ်းအင်သုံး ဆန်စက်အဆောက်အအုံကို ပေါင်တစ်သန်းခွဲဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန် အရှေ့တောင်ပိုင်း ရွာငယ်ကလေးတစ်ခုတွင် ၁၇ ရာစု ရေစွမ်းအင်သုံး ဆန်စက်အဆောက်အအုံကို ပေါင်တစ်သန်းခွဲဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန် အရှေ့တောင်ပိုင်း ရွာငယ်ကလေးတစ်ခုတွင် ၁၇ ရာစု ရေစွမ်းအင်သုံး ဆန်စက်အဆောက်အအုံကို ပေါင်တစ်သန်းခွဲဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com
ဗြိတိန် အရှေ့တောင်ပိုင်း ရွာငယ်ကလေးတစ်ခုတွင် ၁၇ ရာစု ရေစွမ်းအင်သုံး ဆန်စက်အဆောက်အအုံကို ပေါင်တစ်သန်းခွဲဖြင့် ရောင်းမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service