အမေရိကန်ရင်းနှီးမြှုပ်နှံ မှုများ မြန်မာနိုင်ငံသို့ လျင်မြန်စွာ ဝင်ရောက်လာေ စရေး ပွင့်လင်း မြန်ဆန်သည့် ငွေပေးချေမှုစနစ် နှင့် ငွေလွှဲစနစ်များ လျင်မြန် အား ကောင်းလာစေရန် အလွန်အရေး ကြီးကြောင်း မြန်မာနိုင်ငံဆိုင်ရာ အေ မရိကန်သံအမတ်ကြီး စကော့ မာစီရယ်က ကုန်သည်စက်မှုအ သင်းချုပ်နှ င့် တွေ့ဆုံစဉ် ပြောကြားခဲ့ကြောင်း အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ မောင်ေ မာင်လေးက ပြောသည်။
မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ သည့် အမေရိ ကန် ကုမ္ပဏီကြီး များစွာရှိနေပြီး မြန်မာ့ထွက်ကုန် များ(အထူးသဖြင့် အေ ကာင် အ ထည်များ) ကို အများအပြားဝယ် ယူရန် ပြင်ဆင်နေသည့် အမေရိ ကန် ကုမ္ပဏီကြီးများလည်း ရှိ ကြောင်း ကန်သံအမတ်က ပြောကြားခဲ့သည်ဟု ဆိုသည်။
‘‘ဒီလထဲမှာလည်း အမေရိ ကန်အာမခံကုမ္ပဏီတွေနဲ့ စီးပွားရေး လုပ်ငန်းကြီး တချို့ မြန်မာကို လာဖို့လည်း ရှိနေတယ်’’ဟု ဒေါက်တာ မောင်မောင်လေး က ပြော ကြားသည်။
အမေရိကန်−မြန်မာနှစ်နိုင်ငံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင် ရန်၊ မြန်မာ့ဘဏ် လုပ်ငန်း ကဏ္ဍပြုပြင်ပြောင်းလဲရေးနှင့် အာ မခံလုပ်ငန်း ကဏ္ဍ မူဝါဒဆိုင်ရာ ဖြေလျှော့ရေးတို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ အေ မရိကန် သံအမတ်ကြီး မစ္စတာစကော့မာစီ ရယ်နှင့် မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ တာဝန်ရှိသူများ ဇူလိုင် ၆ ရက်တွင် တွေ့ဆုံခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် ငွေ ကြေးခဝါချမှုနှင့် အ ကြမ်းဖက်လုပ် ငန်းငွေကြေးထောက်ပံ့မှုတို့ကို ထိရောက်စွာ တားဆီးနိုင်ရန် တရားမဝင်ငွေလွှဲလုပ်ငန်းများကို ဥပဒေ ဖြင့် ကြပ်မတ်နိုင်ရေး ဆွေးနွေးခဲ့ သည်။
Credit: 7DayDaily