ဂျာမနီတွင် သံလိုက်အခြေခံသည့်စနစ်ကိုအသုံးပြုသောWilly Wonka ဓာတ်လှေကားကို ပထမဆုံးအကြိမ်ထုတ် ဖော်ပြသခဲ့သည်ဟု
သိရသည်။
၂၀၁၄ ခုနှစ်တွင် ဂျာမနီအင်ဂျင်နီယာကုမ္ပဏီ ThyssenKrupp က ကြိုးမဲ့သံလိုက်စွမ်းအင်သုံးဓာတ်လှေကားကို ဆောက်လုပ်သွားမည်ဟု ကြေညာခဲ့သည်။
အဆိုပါဓာတ်လှေကားသည် သံလိုက်စနစ်ကိုအသုံးပြုထားခြင်းကြောင့် အမြင့်ကန့်သတ်မှုများကို လျှော့ချနိုင်မည် ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းများကို သုံးနှစ်နီးပါးကြာအောင်လုပ်ဆောင်ခဲ့ပြီးနောက် Rottweil မြို့တွင် စမ်းသပ်တာဝါကြီးနှင့် ဓာတ်လှေကားကို ထုတ်ဖော်ပြသနိုင်ခဲ့ပြီဖြစ်သည်။
ကုမ္ပဏီက ဓာတ်လှေကားကိုစမ်းသပ်မှုများပြုလုပ်ရန် ၈၀၇ ပေမြင့်သည့်တာဝါကြီးကို တည်ဆောက်ခဲ့သည်။ သံလိုက်စနစ်သုံးဓာတ်လှေကားနည်းပညာသည် လွန်ခဲ့သည့်နှစ်ပေါင်း ၁၆၀ ခန့်ကတည်းက တီထွင်အသုံးပြုလာခဲ့ကြသည့် သမားရိုးကျကြိုးနှင့်ဓာတ်လှေကားစနစ်နေရာ၌ အစားထိုးဝင်ရောက်လာမည်ဖြစ်သည်။
ဂျာမနီ၏ wabian Alps တောင်တန်းရှုမျှော်ခင်းကိုကြည့်ရှုနိုင်ရန် တည်ဆောက်ဖွင့်လှစ်သွားမည့် ၇၆၁ ပေအမြင့်ရှိသော ဂျာမနီ၏အမြင့် ဆုံးရှုမျှော်ခင်းကြည့်နေရာတွင် ထည့်သွင်းတပ်ဆင်သွားမည်ဖြစ်သည်။ သမားရိုးကျဓာတ်လှေကားများတွင် အခန်းတစ်ခန်းသာပါဝင်သော်လည်း Willy Wonka ဓာတ်လှေကားတွင် အခန်းနှစ်ခန်းပါဝင်သည်။
ဓာတ်လှေကားသည် ဒေါင်လိုက်သွားနေရာမှ ၉၀ ဒီဂရီကွေ့ကာ အလျားလိုက်လည်းသွားနိုင်သည်။ တစ်နာရီလျှင် ၄၀ဒသမ၂၆ မိုင်နှုန်းဖြင့် သွားသည့် Willy Wonka ဓာတ်လှေကားသည် အဆောက်အအုံကြီးများ၏အမြင့်နှင့်ပုံသဏ္ဌာန်အကန့်အသတ်များကို လျှော့ချနိုင်မည်ဖြစ်၍ ဗိသုကာပညာရှင်များအတွက် ဒီဇိုင်းသစ်များကို လမ်းဖွင့်ပေးနိုင်မည်ဖြစ်သည်။
Credit: Pyi Myanmar