ယခုကြည့်မြင်တိုင်တစ်ဖက်ကမ်း၌ တည်ဆောက်မည့် မြို့သစ်အတွက် လျာ ထားမြေဧက အများစုသည် မူလလယ်သမားများ၏ လက်ထဲ၌မရှိဘဲ နေရာေ ကာင်း မှန်သမျှ မြေ၀ယ်လှောင်သူ (လယ်လယ် ၀ယ်ဝယ်) တို့က ယခင် အစိုး ရ လက်ထက်မှာပင် ၀ယ်ယူသိုလှောင်ထားပြီးဖြစ်ကြောင်း အများသိပြီး ဖြစ်၏။
၎င်းလယ်မြေများအတွက် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေ အရ လျော်ေ ကြးပေးရာ၌ ‘ကာလပေါက်ဈေး’ကို မည်ကဲ့သို့ သတ်မှတ်ပေးမည်နည်း၊ လယ် လယ်ဝယ်ဝယ်များ၏ လက်လွှဲ၊ လက်ပြောင်းဝယ်ယူသော ဈေးနှုန်းကို သတ် မှတ်မည်လော၊ လယ်သမားတို့ရမည့် ဈေးမဟုတ်မှန်း သိလျက်နှင့် ဇွတ်မှိတ်၍
ပေးမည်လောဟူသော အချက်များကိုပါ စဉ်းစား အဖြေရှာကြစေချင်ပါသည်။
မြို့သစ်အတွက် လယ်မြေများကို လျော်ကြေးပေးပြီး၍ မြို့တည်သောအခါ ၎င်းမြို့အပြင်မှ လယ်မြေများကို ဆက်၍ ဆက်ကာ ၀ယ်ကြ၊ လှောင်ကြဦး မည်သာတည်း။
ထို့ကြောင့် မြန်မာနိုင်ငံ၌ မည်သည့်နေရာဒေသ၌မဆို ‘နိုင်ငံတကာ အဆင့်မီ’ မြို့သစ်ကြီးတစ်မြို့ တည်ထောင်မည်ဆိုလျှင် မြေယာနှင့် ပတ်သက်၍ေ အာက်ပါ ကြို တင် လိုအပ်ချက် (Prerequisite) သုံးရပ်ကို ဖြည့်ဆည်း ထား ရှိသင့်ကြောင်း အကြံပြုလိုပေသည်။
(က) ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေကို ပြင်ဆင်ခြင်း၊ အသစ်ပြန်လည်
ရေးဆွဲခြင်း။
(ခ) မြေယာလက်ဝါးကြီးအုပ် ပိုင်ဆိုင်မှု (Excessive Holding) ကို ကာကွယ် သည့် ဥပဒေများ ထုတ်ပြန်ခြင်း။
(ဂ) လက်ရှိမြို့ပြမြေယာစီမံခန့်ခွဲမှု အားနည်းချက်များကို ပြတ်ပြတ် သား သား ပြုပြင်ခြင်း။
မြို့သစ်တည်ခြင်းနှင့် မြို့မြေ စီမံခန့်ခွဲခြင်းသည် စွယ်တော်ရွက် ပမာ နှစ် လွှာပေါင်းမှ တစ်ရွက်ဖြစ်ပါသည်။ သို့ရာတွင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ၎င်းစွယ်တော်ရွက်ကို ထက်ဝက်ခြမ်းပြီး တစ်လွှာစီ ခွဲခြား လိုက်၏။
ပထမတစ်လွှာကို ဇယား(၁)သို့ ပို့ပြီး ဒုတိယတစ်လွှာကို ဇယား(၂)သို့ ပို့ပစ် လိုက်လေ၏။ မြို့မြေ စီမံခန့်ခွဲမှုကို ပြည်ထောင်စုအစိုးရ၏ ဥပဒေပြုဇယား
ဖြစ်သော ဇယား(၁)တွင် ထည့်သွင်းထားပြီး မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး လုပ် ငန်းများကိုမူ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရ၏ ဥပဒေပြုဇယားဖြစ်သော ဇယား(၂)တွင် ထည့်သွင်းထားကြောင်း တွေ့ရှိရလေသည်။
ထို့ကြောင့် အခြေခံဥပဒေအရ ပြောရလျှင် မြို့ပြမြေစီမံခန့်ခွဲမှု လုပ်ငန်းများ သည် ပြည်ထောင်စုအစိုးရ၏ လုပ်ပိုင်ခွင့် နယ်ပယ်အတွင်း ရောက်ရှိသွားပြီး မြို့တည်ဆောက်ခြင်းနှင့် အိမ်ရာစီမံကိန်း အကောင်အထည်ဖော်ခြင်း စ သည့် ဖွံ့ဖြိုးရေး လုပ်ငန်းများသည် တိုင်းဒေသကြီးအစိုးရ၏ လုပ်ပိုင်ခွင့် နယ် ပယ်အတွင်း၌ တည်ရှိနေပေသည်။
အမှန်စင်စစ် မြို့တည်ဆောက်ခြင်းဟူသည် မြေအသုံးပြုမှု စီမံကိန်းကို ပါေ ဆာင်ရွက်ရခြင်းဖြစ်၍ မြေစီမံခန့်ခွဲမှု လုပ်ပိုင်ခွင့်မရှိဘဲ ဆောင်ရွက်၍ မရနို င်ပေ။
တစ်နည်းအားဖြင့် လယ်ယာမြေကို အခြားနည်းအသုံးပြုခွင့် လျှောက်ထားပြီး မြို့တည်ခြင်းလုပ်ငန်းစဉ် အဆင့်ဆင့် ဆောင်ရွက်ခြင်းဟူသည် မြေစီမံခန့်ခွဲ မှုလုပ်ပိုင်ခွင့်ရှိမှသာ ဆောင်ရွက်နိုင်မည့် လုပ်ငန်းများ ဖြစ်ပေသည်။
အခြေခံဥပဒေအရ ပြည်ထောင်စုအစိုးရသည် မြို့မြေစီမံပိုင်ခွင့်ရှိသော်လည်း မြို့တည်ခွင့် မရှိ။ တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရသည် မြို့တည်ခွင့်ရှိေ သ်ာလည်း မြေစီမံ ခန့်ခွဲပိုင်ခွင့် မရှိ။ တစ်ဖွဲ့လျှင် စွယ်တော်ရွက်တစ်လွှာစီ ကိုင်ပြီး ငိုင်နေရမည့်ကိန်း ဖြစ်၏။
ထို့ကြောင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ရန် လိုအပ်၏။ ပြင်ဆင်ခြင်းမရှိဘဲ မြို့တည်လျှင် အခြေခံဥပဒေနှင့်မညီဟု ဆိုဖွယ် ရာရှိ၏။ ထိုကဲ့သို့ အပြစ်ဆိုခြင်းမှ လွတ်ကင်းရန် တစ်ခုတည်းသော နည်း လမ်းမှာ မြို့တည်သည့် စီမံကိန်းကို ပြည်ထောင်စုအစိုးရ၏ အတည်ပြုချက် ရယူခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းပင် ဖြစ်ကြောင်း ကောက်ချက်ချနိုင်ေ ပသည်။
ဤနေရာ၌ ရန်ကုန်မြို့သစ်ဟု ခေါ်တွင်နေကြသော မြို့သစ် တည်ဆောက်မှု လုပ်ငန်းကို ကုမ္ပဏီဖွဲ့စည်းပြီး အကောင်အထည်ဖော်ရာ၌ လယ်ယာမြေများ ကို လျော်ကြေးပေး၍ အခြားနည်း သုံးစွဲခွင့် လျှောက်ထားသောအခါ ကုမ္ပဏီ အမည်ပေါက်မြေများ ဖြစ်လာမည်လောဟု မေးစရာ ရှိလာပေသည်။
ထို့အပြင် ၎င်းကုမ္ပဏီသည်
- မြေစည်ပင်စရိတ်သတ်မှတ် ကောက်ခံခြင်း၊
- မြေကွက်ခွဲစိတ်ခြင်း၊ မြေပုံမြေရာဇဝင် ထုတ်ပေးခြင်း၊
- မြေငှားချထားခြင်း၊ မြေငှားဂရန် ထုတ်ပေးခြင်း အစရှိသော မြေစီမံခန့်ခွဲမှု လုပ်ငန်း လုပ်ကိုင်ခွင့်ကို ဥပဒေနှင့်အညီ ဆောင်ရွက်ခွင့်ရှိသော အဖွဲ့အစည်း ဟုတ်၊မဟုတ် မေးခွန်းတစ်ရပ် ပေါ်ပေါက်လာပြန်၏။
၎င်းလုပ်ပိုင်ခွင့်များ မရှိပါက အခြားနည်းသုံးစွဲခွင့် ရရှိပြီးသော မြေကို လက်ရှိ တည်ဆဲဥပဒေများအရ စီမံခန့်ခွဲပိုင်ခွင့် ရှိသော အဖွဲ့အစည်းသို့ လွှဲအပ်ပေး ပြီး ဆက်လက်ဆောင်ရွက်စေမှသာ လုပ်ငန်းသဘောအရ သဘာဝကျ မည် ဖြစ်၏။
ဥပမာအားဖြင့် ရန်ကုန်မြို့ ကမ္ဘာအေးဗီလာ အိမ်ရာစီမံကိန်းမြေသည် မူလက စစ်ထောက်ချုပ်ရုံး အမည်ပေါက်မြေ ဖြစ်၏။ ကာကွယ်ရေးဝန်ကြီးဌာနသည် အရပ်ဘက်မြေငှားဂရန် ထုတ်ပေးနိုင်သော လုပ်ပိုင်ခွင့် မရှိပေ။
ထို့ကြောင့် ကမ္ဘာအေး ဗီလာ အိမ်ရာစီမံကိန်း ဆောင်ရွက်သောအခါ မြေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်ပြီးမှ ဆောင် ရွက်စေခဲ့ရခြင်းဖြစ်ကြောင်း တွေ့ရှိရပေသည်။
၎င်းတို့၏ အစုထည့်ဝင်မတည်ငွေဖြင့် လယ်မြေလျော်ကြေးများ ပေးအပ်ပြီးေ နာက် အခြားနည်းသုံးစွဲခွင့် ရယူခဲ့သော မြေကို စည်ပင်မြေ အဖြစ် လွှဲပြောင်း သတ်မှတ်လျှင် ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်းက သဘောတူညီနို င်ပါမည်လော၊ ကန့်ကွက်လျှင် မခက်ပါလော ဟူသော အချက်ကိုလည်း
ကြိုတင် စဉ်းစားရန် လိုအပ်မည်ဖြစ်၏။
တစ်ပြိုင်တည်းမှာပင် ကုမ္ပဏီနှင့် စည်ပင်အကြား ကြိုတင်သဘောတူညီမှုများ မည်ကဲ့သို့ အခိုင်အမာထားရှိ ဆောင်ရွက်မည် ဟူသော အချက်များကိုပါ အေ သးစိတ်စဉ်းစားရန် လိုအပ်၏။ ဤကိစ္စမှာ မြန်မာနိုင်ငံ၌ ပထမဦးဆုံးသော လုပ်ငန်း အတွေ့အကြုံဖြစ်၍ ကျယ်ကျယ်ပြန့်ပြန့် ဥပဒေအရ ခိုင်မာမှု ရှိေ အာင် ဆောင်ရွက်ထားခြင်းဖြင့် ‘မြို့ကုန်မရှုံးစေရန်’ ကြိုတင်အသင့် စီမံ ပြီး ဖြစ်မည်ဟု ယုံကြည်ပေသည်။
နောက်တစ်ချက် ထပ်လောင်း စဉ်းစားမိသည်မှာ ဒလတံတားနှင့် လက်ရှိ မြို့ သစ်၏ ဆက်စပ်မှုဖြစ်၏။ ဒလတံတားကို ကိုရီးယားနှင့် ပူးပေါင်းဆောက် လုပ်ဖြစ်လျှင် ဒလမြို့သည် စည်ပင်ဖွံ့ဖြိုးမှု အရှိန်အဟုန် လျင်မြန်စွာ မြင့် တက်လာမည် ဖြစ်၏။
ထိုအခါ ဤမြို့သစ်အပေါ် ပြည်သူတို့၏ စိတ်ပါဝင်စားမှုများစွာ လျော့နည်း သွားမည်မှာ အလွန်သေချာ၏။ ကြည့်မြင်တိုင်တစ်ဖက်ကမ်းမှ မြို့သစ်ကို တံ တားမည်မျှထိုးစေကာမူ ရန်ကုန်မြို့၏ C.B.D နှင့် တစ်ဆက်တည်းရှိလာမည့်
ဒလသည် တည်နေရာအရ သရဖူဆောင်းထားမည်သာ ဖြစ်ပေသည်။
ထို့ကြောင့် ဒလတံတားမဆောက်ဖြစ်ပါမှ စည်ကားမည့် အနေအထား ဖြစ်နေ ၏။ လက်ရှိ တိုင်းဒေသကြီးအစိုးရက ဒလတံတားတည်ဆောက်မှုကို ကန့် ကွက်ထားကြောင်း သိရှိရ၏။ ဒလမြို့သူမြို့သားတို့က အမျှော်ကြီးမျှော်၍ အေ ပျာ်ကြီး ပျော်နေ၏။ ပြည်ထောင်စုအစိုးရက ကိုရီးယားနှင့် စာချုပ်ချုပ်ပြီး၍
အိမ်ရာများ ဖျက်သိမ်း ပြောင်းရွှေ့မှု လျော်ကြေးများ ပေးအပ်ပြီးသော အနေ အထားရောက်ခါမှ ကန့်ကွက်ခြင်းမှာ များစွာ အချိန်နှောင်းသွားပြီ ဖြစ်၏။
ပြည်ထောင်စုအစိုးရ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့်လည်း နောက် ဆုတ်၍ ရနိုင်မည်မထင်ပေ။ ဘာပဲဖြစ်ဖြစ် ဒလတံတားသစ်နှင့် ဒလမြို့၏ ဖွံ့ ဖြိုးမှုအလားအလာများကြောင့် မြို့သစ်အတွက် ‘မြို့ကုန်ရှုံးလျှင် တစ်သက်လုံး
မှောက်’ လေမည်လော ဟူသော စိုးရိမ်ရေမှတ်သည် မြင့်တက်နေဦးမည်သာ
ဖြစ်၏။
ထို့အပြင် နောင်ပေါ်ပေါက်လာမည်ဟု ပြောဆိုသံများ ကြားနေရသော ရန် ကုန် ဆိပ်ကမ်းသစ်ကြီးနှင့် အထူးစီးပွားရေးဇုန်အသစ်ကြီးကို မျှော်၍ အကြို တည်ဆောက်သည်ဟု ဆိုလျှင်လည်း ၎င်းလုပ်ငန်းများ အမှန်တကယ် ဖြစ်နိုင် ၊မနိုင်၊ မည်သည့်ကာလမှ ဖြစ်နိုင်မည် ဆိုသည်ကို ပြည်သူတို့က စောင့် ကြည့်နေကြဦးမှာ သေချာ၏။
နေရေးထက် မြေဦးအိမ်လှောင်လိုသူတို့အတွက် နောင်အလားအလာကို ဗန်းပြဆွဲဆောင်ထားသည့် ပမာလည်း မဖြစ်သင့်ပေ။ လောလောဆယ် လုပ် ငန်းစတင်ချိန်မှ မည်မျှအထိကြာမည်ဟု မသိနိုင်သေးသော အနာဂတ်ကာလ
တစ်စုံတစ်ရာအထိ ကုမ္ပဏီက ကြိုတင်ရင်းနှီးမြှုပ်နှံထားရဦးမှာ သေချာ၏။
တည်နေရာအရ အခြားဒေသများကို ဆွဲဆောင်နိုင်သော ကိုယ်ပိုင်စွမ်းအား လွန်စွာချို့တဲ့ပြီး ကာလကြာရှည် အခြားအနီးဝန်းကျင် မြို့ပြများ၏ ဒေသစွမ်း အား (Regional Functions) ကိုသာ မှီခိုနေရမည်မှာ အလွန်သေချာ၏။
မြို့သစ်တစ်မြို့၏ တည်နေရာဟူသည် ခေတ်မီမြို့ပြဖွံ့ဖြိုးရေး အမြင်အရ သယ်ယူပို့ဆောင်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး စနစ်များကို အခြေခံ၍ ဖွံ့ဖြိုးမှု (Transport Oriented Development - TOD) အလားအလာ ရှိေ သာ နေရာဖြစ်ရန် လိုအပ်ပါသည်။
ရန်ကုန်မြို့သစ်ဟု ခေါ်ဆိုသော မြို့သစ်တည်နေရာသည် နေပြည်တော်၊ မန္တလေး စသည့် ဒေသများသို့ လမ်းပန်းဆက်သွယ်မှုအရ ရန်ကုန်မြို့ ကို ဖြတ်သန်းပြီးမှ သွားလာရမည် ဖြစ်၏။ တစ်နိုင်ငံလုံးသို့ ရထားဖြင့် ခရီး သွားလိုလျှင်လည်း ရန်ကုန်မြို့သို့ပင် ဝင်ရောက်ခိုလှုံဖြတ်သန်းရမည် ဖြစ် ၏။ နိုင်ငံတကာနှင့် ပြည်တွင်းလေကြောင်း ခရီးများအတွက်လည်း အလားတူ ပင် ဖြစ်၏။
အနာဂတ်တွင် ကွမ်းခြံကုန်းဒေသ၌ နိုင်ငံတကာလေယာဉ်ကွင်းကြီး တည်နိုင် သည် ဟူသော မက်လုံးရှိသော်လည်း ၎င်းအချက်မှာ ဒေသအတွင်းရှိ အခြား မြို့အားလုံးထက် ပိုမိုရရှိမည့် အခွင့်ထူးတစ်ရပ် မဟုတ်ပေ။
ထို့အပြင်
- လက်ရှိ ဟံသာဝတီလေယာဉ်ကွင်းကြီး တည်ဆောက်မှုကို ရပ်ဆိုင်းထားရ မည်လော၊
- မိုင် ၅၀ ကျော်အတွင်း နိုင်ငံတကာလေယာဉ်ကွင်း ၂ ခု တိုးချဲ့ဆောက် မည်လော၊
- တည်ဆောက်နိုင်လောက်အောင် ချမ်းသာကြွယ်ဝနေပြီလောဟု စဉ်းစား ရင်း အတွေးများ ချာချာလည်လည်သွားမှာ သေချာ၏။
၁၈၉၈ ခုနှစ် အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ နည်းဥပဒေ၌ မြို့ တည်ခြင်းဟူသည် မြေယာများသိမ်းပြီး အစိုးရအတွက် ဘဏ္ဍာငွေအမြတ် အ စွန်းရရေးကို မျှော်ကိုးဆောင်ရွက်ရန် မဟုတ်၊ တိုင်းကျိုးပြည်ကျိုး ဖြစ်ထွန်းေ စရန်ဟု ဖော်ပြထားရုံမျှမက တိုင်းကျိုးပြည်ကျိုး ဆိုသည်မှာလည်း ပြည်သူ များ၏ ကျန်းမာရေးမှအစ အရပ်ရပ်သော အခွင့်ကောင်းများ ရရှိစေရန် မြို့ တည်ခြင်းကို ဆိုလိုကြောင်း လေ့လာတွေ့ရှိရပေသည်။
ထို့ကြောင့် မြို့တည်မည့် နေရာသည်
- ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်သောနေရာ ဖြစ်ရမည်။
- မြေပြင်ညီ၍ ရေမဝပ်သော နေရာဖြစ်ရမည်။
- သောက်သုံးရေရရှိနိုင်သော နေရာဖြစ်ရမည့်အပြင်
- အဖိုးနှုန်းသက်သာစွာဖြင့် သိမ်းယူနိုင်သော နေရာဖြစ်ရမည်ဟု အစရှိသော အချက်များကိုပါ ဖော်ပြထားကြောင်း တွေ့ရှိနိုင်ပြန်၏။ အလွန်မှတ်သား ထိုက်သော အချက်များဖြစ်သည့်အပြင် မျက်မှောက်ခေတ် မြို့ပြဖွံ့ဖြိုးရေး အ တွက် လက်တွေ့ကျကျ စံထားရမည့် အင်္ဂါရပ်များ ဖြစ်နေပေသည်။
လက်ရှိ ကြည့်မြင်တိုင်တစ်ဖက်ကမ်း မြို့သစ်သည် -
(၁) ဆက်သွယ်ရေးလမ်းကြောင်းအရ TOD မဟုတ်ပါ။
(၂) မြေပြင်ညီ ရေမဝပ်သောနေရာလည်း မဟုတ်ပါ။
(၃) သောက်သုံးရေရရှိနိုင်သော နေရာလည်း မဟုတ်ပါ။ သောက်သုံးရေ အ တွက် ဂျိုးဖြူ၊ ငမိုးရိပ်၊ လှော်ကား၊ ဖူးကြီး စသည်တို့ကို အားထားရန်လည်း မလွယ်သည့်အပြင် တိုးမြစ်၊ ကုက္ကိုဝ စီမံကိန်း ဟူသည် မည်သည့်နှစ်တွင် အကောင်အထည်ပေါ်လာမည် ဆိုသည်ကိုလည်း အတိအကျ မသိရသေးပေ။
ရေရှားလျှင် နိုင်ငံတကာအဆင့်မမီဘဲ ‘မြို့ကုန်ရှုံးရန်’ အလားအလာများစွာ ရှိနေ၏။ အဝီစိတွင်းများ အမြောက်အမြား တူး၊ ရေသန့်စင်စနစ်များသုံး၍ အထပ်မြင့်တိုက်များကိုပင် ရေဖြန့်ဝေနိုင်မည် ဟုဆိုသော သူတို့၏ အတွေး ကို ရွှေချပြီး မြို့ပြဖွံ့ဖြိုးရေး ရှေးဟောင်းပြတိုက်ကို ပို့ရပေတော့မည်။
နောက်ဆုံးအချက် အနေဖြင့် ‘ရန်ကုန်မြို့သစ်’ဟူသော အနွတ္ထသညာ၏ သမိုင်းကြောင်းကို ဆန်းစစ်ရန် ဖြစ်၏။တပ်မတော်အစိုးရ လက်ထက်မှစ၍ ‘ရန်ကုန်မြို့သစ်’ ဟူသော အမည်ဖြင့် လက်ရှိ ဒဂုံ(ဆိပ်ကမ်း) မြို့နယ်အတွင်း
တည်ဆောက်ရန် စီစဉ်ခဲ့ကြောင်း တွေ့ရှိရ၏။ မူလ ရန်ကုန်မှ ဝန်ကြီးရုံးများ အပါအဝင် အစိုးရရုံးဌာန အားလုံး ရုံးစိုက်မည့် မြို့သစ်အား သီးသန့် တည်ရန် ရည်ရွယ်၍ ‘ရန်ကုန်မြို့သစ်’ ဟု ခေါ်ဆိုရန် ဖြစ်ကြောင်း သိရှိရ၏။
အစိုးရရုံးဌာနများ၊ ရွှေ့ပြောင်းရန်မဟုတ်သော မြို့များကိုမူ ရန်ကုန်မြို့သစ်ဟု မခေါ်ဘဲ လှိုင်သာယာ၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ် စသည့် အမည်များကို သာ ပေးအပ်ခဲ့ကြောင်းလည်း တွေ့ရှိနိုင်၏။
အိန္ဒိယနိုင်ငံတွင် အစိုးရရုံးစိုက်ရာ မြို့သစ်အဖြစ် မူလဒေလီနှင့် တစ်ဆက် တည်း နယူးဒေလီကို တိုးချဲ့တည်သကဲ့သို့ ဖြစ်၏။ နောင်တွင် နေပြည်တော် ဟူသော အစိုးရရုံးစိုက်ရာ မြို့ကြီး တည်ထောင်မည့် စီမံကိန်းကြောင့် ထိုစဉ် ကာလ ရန်ကုန်မြို့သစ် ဟူသည်လည်း လွင့်ပျောက်ခဲ့လေ၏။ ထို့ကြောင့် ရန်ကုန်မြို့သစ် အမည်ကို ဝိသေသ ဂုဏ်ရည်မရှိဘဲ မှည့်ခေါ်နိုင်မည်ဟု
မယူဆစေလိုပေ။
လက်ရှိ မူလရန်ကုန်အား မြို့ဟောင်းအသွင်ဖြစ်လာအောင် ခွဲခြားမှု (Segregation) တစ်ရပ်လည်း ပေါ်ထွန်းလာနိုင်၏။ ‘ဖိုးစိန်’ ရှိနေသည်ကို ‘ဖိုးစိန်သစ်’ ‘ဒုတိယ ဖိုးစိန်’ဟု အမည်ပေါ်ထွက်လာပြီး မူလထက် အဘက် ဘက်မှ သာလွန်မှု မရှိပါလျှင် ‘မျောက်ဖိုးစိန်’ဖြစ်သွားနိုင်ခြေရှိကြောင်း သတြိ ပုရမည် ဖြစ်၏။ မူလဖိုးစိန်ကို ပြန်မှီခိုနေရပါမူ ‘အောက်ဖိုးစိန်’ ဖြစ်လာမည် ထင်၏။
အကယ်၍ ‘လှိုင်ယမုံမြို့’၊ ‘ကမ်းသာယာမြို့’ စသည်ဖြင့် လွတ်လွတ်ကင်းကင်း အမည်သစ်များ ရွေးချယ်ပေးလျှင် ကိုယ့်အချင်းနှင့် ကိုယ့်အဆင်း သီးခြား ရပ် တည်မှု ပိုမိုပီပြင် မည်ဖြစ်၏။
မည်သို့ဆိုစေ ယခင်ဆောင်းပါးနှင့် ယခုဆောင်းပါး၌ လက်ရှိအချိန်အခါသည် -
- မြို့သစ်တည်ရန် အခါ ဟုတ်၊မဟုတ်၊
- တည်နေရာသည် မြို့သစ်တည်ရန် အခွင့်သာသော နေရာအကွက်အကွင်း ဟုတ်၊မဟုတ်၊
- မည်သူတွေအတွက် မြို့သစ်တည်မည်နည်း၊
- မြေလှောင်သူတို့၏ အန္တရာယ်ကို မည်သို့ ကာကွယ်မည်နည်း၊
- တည်ဆဲဥပဒေများကို အားပြုဆောင်ရွက်နိုင်မည့် အခြေအနေများ မည်သို့ ရှိသနည်း၊ စသည်တို့မှ အစ ၄ သိန်းကျော်ရှိသော အိမ်ရာမဲ့ကျူးကျော်များ၏
နေရေးနှင့် မြို့သစ်တည်မှု အနေအထားများကို ဆက်စပ်ပြီး ရှုထောင့်ပေါင်း စုံမှ ဆန်းစစ်ဖော်ပြခဲ့ပြီး ဖြစ်ပါသည်။
နိဂုံးချုပ်အားဖြင့် JICA ၏ စီမံကိန်းအရ မူလဘူတ ဒုတိယဦးစားပေးဖြစ်နေ သည်ကို ယခင်အစိုးရက ပထမဦးစားပေးနေရာ မရရအောင် ဇွတ်အတင်း ဖန်တီးခဲ့သည့် သမိုင်းခြေရာနောက်သို့ လိုက်ပါရင်း မြို့ကုန်ရှုံး၍ တစ်သက် လုံး မှောက်သော အန္တရာယ်နှင့် မကြုံစေရန် စေတနာကောင်းဖြင့် ရေး သားရခြင်း ဖြစ်ပါကြောင်း ထပ်လောင်း မြွက်ဟလိုက်ရပါသတည်း ... ။
Credit: 7DayDaily