ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေး ၂၆ ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ အမျိုးသား လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ တမူးမြို့နယ်တွင် ကျူးကျော်နေထိုင်သူများ၊ ကြက်ဆူစီမံကိန်းကြောင့် နစ်နာရသူတချို့နှင့် အိမ်ရာမဲ့များအတွက် မြို့ကွက်သစ်၊ ကျေးရွာ ကွက်သစ်မြေနေရာများ သတ်မှတ်ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက တမူးမြို့၌ ၂ဝ၁၄ ခုနှစ် စာရင်းဇယားများအရ အိုးမဲ့၊ အိမ်မဲ့ ၁၆ဝ၂ အိမ်ထောင်စုရှိပြီး ၂ဝ၁၆ ခုနှစ်တွင် အိုးမဲ့၊ အိမ်မဲ့ ၁၂ဝဝ အိမ်ထောင်စုခန့်သာ ရှိပါ ကြောင်း၊ မြို့နယ်အတွင်း ကျူးကျော်နေထိုင်သူ များမှာ အများအားဖြင့် ဒေသခံများမဟုတ်ဘဲ မြန်မာနိုင်ငံ ဒေသအသီးသီးမှ ရေကြည်ရာမြက်နုရာ လာရောက်အလုပ်လုပ်ကိုင်ပြီး မြို့နယ်နိမိတ် အတွင်းရှိ မြေလွတ်မြေရိုင်းများပေါ်တွင် ကျူးကျော် နေထိုင် သူများဖြစ် ပါကြောင်း။
တမူးမြို့၏ မြို့မြေအသုံးချမှု အခြေအနေမှာ မြို့မြေပြန်တမ်းအရ မြို့မြေဧရိယာ ၄၈၉၆ ဧက ရှိပြီး လက်ရှိလူနေထိုင်မှု (ကျူးကျော်အပါအဝင်) အဆောက်အအုံအသုံးပြုမှု ဧရိယာ ၃၂၉၉ ဧကခန့်၊ မြို့နယ်နိမိတ်အတွင်း စိုက်ပျိုးမြေဧရိယာ ဧက ၆၃ဝ ခန့်နှင့် မြေလွတ်မြေလပ် ဧရိယာဧက ၉၆၇ ဧက ရှိပါကြောင်း၊ မြို့ကွက်သစ် ချထားပေးရေးအတွက် ခွင့်ပြုချက်ရရှိပါက မြေယာဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ လက်ရှိမြေပြင်တွင် မူလရွာ မြေထက် လူနေထိုင် အသုံးပြုထားသည့် ဧရိယာ များကိုသာ ကျေးရွာမြေဖြစ်ပေါ်ရေးအတွက် မြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ပြဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ဖြေ ကြားသည်။
ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၅) မှ ဦးမြင့်နိုင်၏ ကျောက်တော်မြို့နယ် တွင် မြို့နယ် မီးသတ်စခန်းရုံးဆောက်လုပ်မည့် မြေနေရာနှင့် မီးသတ်စခန်းရုံး အသစ် ဆောက်လုပ်ပေးရန် အစီ အစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ကျောက်တော်မြို့နယ် မီးသတ်စခန်းအား ကျောက်တော်မြို့နယ် မြို့သစ်ရပ်ကွက်ရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနပိုင် မြေနေရာတွင် သွပ်မိုး၊ ထရံကာ၊ မြေစိုက်ပေ (၃ဝ x ၄ဝ ) အကျယ် အဆောက်အအုံ တည်ဆောက်၍ ယာယီဖွင့် လှစ်ထားပါကြောင်း၊ စခန်းအတွက် မြေနေရာကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ၂ဝ၁၇ ခုနှစ် ဇွန် ၃ဝ ရက်တွင် ကျောက်တော်မြို့နယ် ပိုင်သည်ရပ်ကွက် က္ဆပနဒီတံတားအနီး မြေဧရိယာ ဝ ဒသမ ၅ဝ ဧက၌ ချထားပေးပါကြောင်း၊ မီးသတ်စခန်း ဆောက်လုပ်ရန်အတွက် ၂ဝ၁၈ - ၂ဝ၁၉ ဘဏ္ဍာ ရေးနှစ် ပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေတွင် တင်ပြတောင်းခံသွားမည် ဖြစ်ပါကြောင်း ဖြေကြား သည်။
ထို့ပြင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးလှမြင့်(ခ) ဦးလှမြင့်သန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင် တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီး ဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန တို့မှ ဒုတိယ ဝန်ကြီး များက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။
ထို့နောက် ပြည်သူ့စာရင်းကိုင်များ ပျက်ကွက် မှု အက်ဥပဒေကို ရုပ်သိမ်း သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အမျိုး သား လွှတ်တော်က အတည်ပြုသည်။
ဆက်လက်၍ အဂတိလိုက်စားမှု တိုက်ဖျက် ရေး ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုပေးရန် စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်းက လွှတ်တော်သို့ အဆိုတင်သွင်းရာ မ္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး (ခ) ဒေါ်အုန်းကြည် က ထောက်ခံဆွေးနွေးပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
ယင်းနောက် ယနေ့ မြန်မာနိုင်ငံရှိ မြို့ကြီး အတော်များများ၌ စီးပွားဖြစ် ဂိမ်း(Game)ဆိုင် များ ဖွင့်လှစ်လုပ်ကိုင်နေသူများ မြို့တော်စည်ပင် သာယာရေးကော်မတီမှ လိုင်စင်ခံယူထားပြီး ကလေးအားကစားကွင်း (Amusement Center)ဟု သ္ဌာန်ဆောင်အမည်ပြု၍ ပြည်ပ မှ တင်သွင်း လာသော စက်ကိရိယာများဖြင့် ခေတ် ပေါ်လောင်း ကစားနည်းမျိုးစုံ ပါဝင်သော အကြွေ စေ့သုံး လောင်းကစားအဆင့်ဂိမ်း (Game)ဆိုင် များဖွင့်လှစ်လာကြသည့်အတွက် လောင်းကစား လိုသူ ကျောင်းသား၊ လူငယ်လူရွယ်၊ လူလတ်မျိုးစုံ တို့မှာ တဖြည်းဖြည်းချင်း အကျင့်စာရိတ္တပါ ထိခိုက် ပျက်ပြားလာနေသောကြောင့် မြို့များနေ မိဘ ပြည်သူတို့မှ ရတက်မအေး စိုးရိမ်စိတ်များ ဖြစ်ပေါ်နေကြသည့်အတွက် ယင်းသို့ အကြွေစေ့သုံး လောင်းကစား ဆိုင်များကို စိစစ်ဖော်ထုတ်ပိတ် သိမ်းအရေး ယူခြင်းကို တစ်ပြေးညီ လုပ်ဆောင်ပေး ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁၂)မှ ဦးအောင်သိန်းက လွှတ်တော်သို့ တင်သွင်း ရာ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁ဝ) မှ ဦးသိန်းလွင်က ထောက်ခံဆွေးနွေးသည်။
အဆိုနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည် စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဉ္စမ ပုံမှန်အစည်းအဝေး ၂၇ ရက်မြောက်နေ့ ကို ဇူလိုင် ၁ဝ ရက်တွင် ကျင်းပသွားရန် လျာထားကြောင်း သိရသည်။
Credit: MOI Webportal Myanmar