ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်နေတဲ့ အိမ်ရာတွေကို ဝယ်ယူ ဖို့ ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) မှာ ငွေကြေးစုဆောင်း သူ ၁၅,၀၀၀ ကျော်အထိ ရှိနေပြီး ငွေကြေးစုဆောင်းထားသူတွေကို ဘဏ် အကောင့်စီနီယာနံပါတ်အလိုက် အိမ်ရာဝယ်ယူခွင့်ပေးသွားမယ်လို့ သိရပါ တယ် ။
လက်ရှိစာရင်းဖွင့်ထားသူတွေထဲက ၁၀၀၀ ကျော်က တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကျော်လွန်နေပြီး အိမ်ရာတိုက်ခန်းတွေကို ဝယ်ယူခွင့်ရရှိသွားပြီ ဖစ်တယ်လို့ သိရပါတယ် ။ အိမ်ရာတန်ဖိုး ၃၀ ရာခိုင်နှုန်း ပြည့်မီသူတွေကို စီနီယာနံပါတ်အလိုက် အိမ်ရာဝယ်ယူခွင့်ပေးသွားမှာ ဖြစ်တယ် ။
ဝန်ကြီးဌာနအနေနဲ့ ကျပ် သိန်း ၁၀၀ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်နေသ လို ကျပ်သိန်း ၅၀၀ အထက် တိုက်ခန်းတွေကိုလည်း တည်ဆောက်နေတယ် လို့ သိရပါတယ် ။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ အခုနှစ်နှစ်အတွင်း အိမ်ရာတိုက်ခန်း ရှစ်ထောင်ကျော်ကို ထပ်မံ အကောင်အထည်ဖော်ဖို့ မှန်းထားပြီး လက်ရှိ တည်ဆောက်နေတဲ့ တိုက်ခန်း ၂၀,၀၀၀ မှာတည်း တည်ဆောက်မှုတြွေ ပီးစီးနေပြီလို့ သိရါပါတယ် ။
Credit: The Modern