လက်ရှိအိမ်ခြံမြေဈေးကွက်အတွင်းမှာ ကာလပေါက်ဈေးထက် လျှော့ချပြီးေ ရာင်းနေပေမဲ့ အရစ်ကျရောင်းနေတဲ့ တိုက်ခန်းတွေကိုသာ စိတ်ဝင်စားမှု အ နည်းငယ်ရှိပြီး ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေအနေနဲ့ အရောင်း အဝယ်အေးနေဦးမယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ် ။
အိမ်ခြံမြေအကျိုးဆောင် ကိုသူရက ‘နိုင်ငံတော်အစိုးရက တန်ဖိုးနည်းအိမ်ရာ ၊ အငှားအိမ်ရာစီမံကိန်းတွေကို ဖော်ဆောင်နေတာဟာ ပြည်သူတွေကို အ တိုင်းအတာတစ်ခုအထိ အထောက်အကူပြူနေပါတယ် ၊ ဒါပေမဲ့ ပုဂ္ဂလိကေ ဆာက်လုပ်ရေးလုပ်ငန်းတွေနဲ့ အိမ်ခြံမြေအရောင်းအဝယ်ကတော့ ဆက်ပြီးေ အးနေနိုင်တယ်’ လို့ပြောပါတယ် ။
တန်ဖိုးနည်း ၊ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းတွေကိုပင် မနီးစပ်နိုင်တဲ့ ပြည်သူေ တွကတော့ အိမ်ငှားဈေးကွက်ကို လှည့်လာကြတယ် ။ ခုလက်ရှိ တန်ဖိုးနည်း အိမ်ရာတွေကလည်း ယခင်ကထက် ဈေးအနည်းငယ် ပိုလာတာကို တွေ့ ရပါတယ် ။
‘အဲဒီလို တန်ဖိုးများလာရတာဟာလဲ လတ်တလောဖြစ်ပျက်နေတဲ့ အခြေအေ နအရ အမေရိကန်ဒေါ်လာ ဈေးအတက်အကျမတည်ငြိမ်တာတွေ ၊ မြန်မာ ကျပ်ငွေဖောင်းပွမှုရှိနေတာတွေကြောင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ ဈေးနှုန်းမြင့်တက်နေတာ ဖြစ်ပါတယ် ၊ အိမ်ရာစီမံကိန်းတစ်ခု အကောင် အထည်ဖော်တဲ့အခါ ဆောက်လုပ်ရေးပစ္စည်းဈေးနှုန်းတွေ မြင့်တက်လာတာနဲ့ အညီ ယခင်က သတ်မှတ်ထားတဲ့ဈေးနှုန်းတွေထက် အနည်းငယ်မြင့် တက် လာတာ ဖြစ်ပါတယ်’ လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးက ပြောပါတယ် ။
ဒါကြောင့် လက်လုပ်လက်စား ပြည်သူတွေအနေနဲ့ တန်ဖိုးနည်းအိမ်ရာ ပိုင် ဆိုင်မှုဟာ အိမ်မက်တစ်ခုသာဖြစ်နေပြီး အငှားဘက်ကို လှည့်လာကြသလို အိမ်ငှားခတွေကလည်း တဖြည်းဖြည်းတက်လာတာကို တွေ့ရပါမယ် ။
အခုလက်ရှိမှာ အမြင့်ငါးလွှာနဲ့အထက်ရှိတဲ့ တိုက်ခန်းငှားခမှာတစ်လကို ကျပ် တစ်သိန်းကနေ နှစ်သိန်းကြားရှိပါတယ် ။ ဒီနှုန်းထားဟာ တချို့မိသားစုတွေ အတွက် မိသားစုဝင်ငွေရဲ့ သုံးပုံနှစ်ပုံလောက်နီးပါးရှိပါတယ် ။ ဒါကြောင့် လတ်လုပ်လက်စားတွေအနေနဲ့ အိမ်လခမတတ်နိုင်လို့ ကျူးကျော်တွေများ လာတာ ဖြစ်ပါတယ် ။
အစိုးရကဖော်ဆောင်ပေးတဲ့ မဟာဗန္ဓုလအငှားအိမ်ရာကို ပထမအသုတ် ၂၀၁၇ ဧပြီလက မဲနှိုက်ပြီး ရောင်းချခဲ့ပါတယ် ။ တိုက်အလုံး ၅၀ ထဲက ၁၈ လုံးကို မဲနှိုက်ပေးခဲ့တာဖြစ်ပါတယ် ။ ဒုတိယအသုတ်ကို ၂၀၁၇ မေလ အ တွင်းမှာ တိုက် ၂၂ လုံးက တိုက်ခန်း ၅၂၈ ခန်းကို အငှားချပေးခဲ့ပါတယ် ။
တိုက်ခန်းငှားခအနေနဲ့ စပေါ်ငွေ ကျပ် ၃၀,၀၀၀ ၊ ပြုပြင်ထိန်းသိမ်းစရိတ် ၅၀,၀၀၀ ၊ အခွန်တံဆိပ်ခေါင်းခ ၈၀၀၀ ကနဦးပေးသွင်းရမှာဖြစ်တယ်လို့ သိရပါတယ် ။ လစဉ်ပေးသွင်းရမယ့် ပမာဏအနေနဲ့ ကျပ် ၃၆,၀၀၀ ဖြစ် တယ်လို့ သိရပါတယ် ။
Credit: The Modern