ကျောက်ဖြူ အထူးစီးပွားရေဇုန် လုပ်ငန်းတွေ အကောင်အထည်ဖော်နိုင်ရေး အဆိုပြုလွှာတင်သွင်းလာတဲ့ ကုမ္ပဏီ ၅၂ ခုနဲက မြန်မာကျောက်ဖြူအထူးစီးပွားရေဇုန် ဦးပိုင်ကုမ္ပဏီ အုပ်စုကိုဖွဲ့စည်းနိုင်ရေး ဆောင်ရွက်နေပါတယ်။
စီးပွားရေနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး ဦးအောင်ထူးက ‘ အခုအခါ အဆိုပြုကုမ္ပဏီ ၅၂ ခုနဲ့ မြန်မာကျောက်ဖြူစီးပွားရေးဇုန် ဦးပိုင်ကုမ္ပဏီအုပ်စု (Myanmar Kyauk Phyu SEZ Holding consortium-MKSHC) ကိုဖွဲ့စည်းနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ် ‘ လို့ သည်နေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ပြောပါတယ်။
မြန်မာ့အထူးစီးပွားရေဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ဥက္ကဠ၊ စီးပွားရေနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ မြန်မာကုမ္ပဏီလုပ်ငန်းရှင်တွေ တွေ့ဆုံပြီး GDE ဖွဲ့စည်းနိုင်ရေးနဲ့ ရှေးလုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးကြပါတယ်။
CITIC ကုမ္ပဏီအုပ်စု တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး စီမံကိန်းရဲ့ ကုန်ကျစရိတ်တွက်ချက်မှုဆိုင်ရာ ကိစ္စရပ်တွေ ၊ ငွေကြေးထည့်ဝင်မှု အစုရှယ်ယာပိုင်ဆိုင်မှုအချို့ဆိုင်ရာ ကိစ္စရပ်တွေနဲ့ ရှေးလုပ်ငန်းစဉ်တွေကို ဆွေးနွေးကြပါတယ်။
တင်ဒါအောင်မြင်ထားတဲ့ CITIC ကုမ္ပဏီအနေနဲ့ မူဘောင်သဘောတူညီချက် ချုပ်ဆိုနိုင်ရေး၊ ငွေကြေးထည့်ဝင်မှု အစုရှယ်ယာပိုင်ဆိုင်မှု အချိုးအစားမှာ မြန်မာဘက်က ရယူပိုင်ဆိုင်လိုမှု ရာခိုင်နှုန်းကိစ္စတွေရပ်တွေကို အတည်ပြုသက်မှတ်နိုင်ရေး ကျောက်ဖြုအထူးစီးပွားရေဇုန် စီမံခန့်ခွဲမှုကော်မတီနဲ့ MKSHC တို့ ဆွေးနွေးမှာပါ။
ဒုဝန်ကြီး ဦးအောင်ထူးက ‘ ဆွေးနွေးချက်တွေကို ထင်သာမြင်သာရှိအောင် တရားဝင်ထုတ်ပြန် အသိပေးမှာ ဖြစ်ပါတယ်။ အသိပေးရာမှာလဲ ဒေသခံတွေနဲ့ ထိတွေ့ ဆောင်ရွတ်မှာ ဖြစ်ပါတယ် ‘ လို့ ပြောပါတယ်။
ဆွေးနွေးမှုရလဒ်တွေ အပေါ် မူတည်ပြီး စီမံကိန်းလုပ်ငန်းတွေကို အဆင့်အလိုက် လုပ်ထုံးလုပ်နည်းအတိုင်း အကောင်အထည်ဖော်မှာ ဖြစ်တယ်။ သည်နေ့ကျင်းပတဲ့ ပြည်သူလွှတ်တော်အစည်းအဝေးမှာ ကျောက်ဖြု မဲဆန္ဒနယ်က ဦးဘရှိန်က ကျောက်ဖြူအထူးစီးပွားရေဇုန် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် မည်သည့်အချိန်တွင် လုပ်ငန်းများ စတင်ဆောင်ရွတ်မည်နည်း ၊ ကျောက်ဖြူအထူးစီးပွားရေဇုန်၏ ပထမအဆင့် ဆောင်ရွတ်မည့် စီမံချက်များကို ဒေသခံများ သိရှိခွင့်ရနိုင်မည်လားဆိုတဲ့ မေးခွန်းကို မေးမြန်းရာ ဒုဝန်ကြီး က ပြန်လည်ဖြေကြားတာ ဖြစ်ပါတယ်။
လက်မှတ်ရေးထိုး
နိုင်ငံတော်သမ္မတက တရုတ်ပြည်သူ့သမ္မတနိုင်ငံ ခရီးစဉ် အတွင်းမှာ ကျောက်ဖြူ SEZ စီမံခန့်ခွဲမှု ကော်မတီဥက္ကဠနဲက CITIC Group ဥက္ကဠတို့က ဇုန်အကောင်အထည်ဖော်နိုင်ရေးဆိုင်ရာ စာလွှာ (Exchange of Letter EOL ) ကိုခုနှစ် ဧပြီ ၁၀ ရက်နေ့က လက်မှတ်ရေးထိုးခဲ့ပါတယ်။
သည်စီမံကိန်းကို ၃၀-၁၂-၂၀၁၅ မှာ CITIC ကုမ္ပဏီကတင်ဒါအောင်မြင်ခဲ့တယ်။ရေနက်ဆိပ်ကမ်းနှစ်ခု
၊ အထူးစီပွားရေဇုန်တစ်ခုတို့ ပါဝင်ပါတယ်။ မြေဧက 4289.32 ဧကသုံးစွဲမှာပါ ။လတ်တလောမှာ မြေယာလျော်ကြေး တစ်ဧကကို ကျပ်သိန်း ၉၀၀ အထိ တောင်းဆိုမှုတွေရှိနေကြတယ်လို့ သိရပါတယ် ။
Credit: The Modern