အခုနောက်ပိုင်း အိမ်ငှားတဲ့ အခါ အိမ်ရှင်ဘက် လူဦးရေ အကန့်အသတ်တွေ ရှိလာပြီး အိမ်ပြင်ဆင်စရိတ်တွေကို အိမ်ငှားတွေဆီက တောင်းလာတာေ ကြာင့် အိမ်ရှင်နဲ့ အိမ်ငှားအချို့ ပြဿနာရှိလာပါတယ်။
အိမ်ငှားမယ်ဆိုရင် မိသားစုဦးရေ ဘယ်လောက်ရှိလဲ၊ ကလေးပါလား၊ အ သက်အရွယ်ကြီးသူတွေ ပါလား၊ အိမ်ရှင်က မေးမြန်းပါတယ်။ အိမ်ငှားမှာ အသက်ကြီးတဲ့ အဒေါ်ကြီး၊ အဘိုးကြီးတွေ ရှိရင် မငှားချင်ကြဘူး။ မိသားစု တစ်ခုမှာ ကလေးလည်း ရှိမှာပဲ။ အသက်ကြီးတဲ့ အဘိုး အဒေါ်ကြီး ရွယ်တွေ လည်း ရှိမှာပဲလေ၊ နှစ်ယောက်တည်းမှ ငှားမယ်ဆိုတဲ့ ကန့်သတ်ချက်တွေ ထားလို့ ရမလား၊ ခုနောက်ပိုင်း အဲ့သည်လို ပြဿနာလေးတွေ ရှိနေတယ်လို့ အိမ်ငှားနေထိုင်သူတစ်ဦးက ဆိုပါတယ်။
“ကျွန်မတို့ မိသားစုက ကျေးလက်ကနေ မိသားစုလိုက် ပြောင်းလာတာဆိုေ တာ့ အသက်ကြီးတဲ့ အဖေ၊ အမေတွေ ပါပါတယ်။ အဲ့ဒီလို အသက်ကြီး လာ သူတွေ ပါတော့ အိမ်ငှားတွေက ရွေးကြတယ်၊ ပထမတစ်ခါ အိမ်ငှားမယ်ဆို ပြီး မေးတော့ အသက်ကြီးသူတွေ ပါတော့ အငှားမဖြစ်ခဲ့ဘူး၊ ဒီလိုပဲ အိမ်ရှင် အကုန်လုံးကိုတော့ မရည်ရွယ်ပါဘူး၊ တချို့တွေပါ” လို့ အိမ်ငှားနေထိုင်သူ မဌေးဌေးဝင်းက ပြောပါတယ်။
အိမ်ရှင်အနေနဲ့ လူရွေးတယ်ဆိုတာ တချို့လူဆိုရင် စရိုက်ကြမ်းတဲ့ ရပ်ကွက်ေ တွမှာဆိုရင် လူပေါင်းစုံ ရှိပါတယ်။ တချို့ အငှားတွေက ညဉ့်နက် မတော် အြ ပင်ထွက်တာတွေလည်း ရှိတယ်။ ပြီးတော့ အငှားတွေကျရင်လည်း ဖြစ်သ လိုနေ ဖြစ်သလိုစား ကျပန်းနေထိုင်သူတွေ မျိုးစုံရှိပါတယ်။ ဒါကြောင့် လူ တစ်ယောက် ပုံစံအနေအထားကိုကြည့်ပြီး ငှားတာတွေလည်း ရှိတယ်။
အိမ်ရှင်တချို့က ကလေးပါတာတွေ၊ လူကြီးပါတာတွေ ရှောင်တယ်ဆိုတာ ကလေးတွေ နံရံတွေ ခြစ်တာ ကုပ်တာ၊ ညဉ့်နက်မတော် အော်တာ၊ ငိုတာေ တွ ရှိတယ်။ အဲ့ဒါတွေကို တချို့က ရှောင်တာတွေ ရှိတယ်။ လူကြီးပါတာ ကို ရွေးတယ်ဆိုတာလည်း ကိုယ့်အိမ်မှာ တစ်ခုခု ဖြစ်သွားလို့ နောက်ထပ် အိမ်ငှားထပ်တင်မယ်ဆိုရင်လည်း လူတွေက ရွေးကြပါတယ်။ အဲ့ဒါတွေေ ကြာင့် အိမ်ရှင်တချို့အနေနဲ့ ရှောင်ကြဉ်တာ ဖြစ်တယ်လို့ အိမ်ခြံမြေ အကျိုးေ ဆာင် ကိုသူရက ပြောပါတယ်။
တချို့တိုက်ခန်းအငှားတွေမှာဆိုရင်လည်း ရေမော်တာတွေ ပျက်ရင် အိမ် ငှားပြင်၊ ဆေးတွေကို ပြန်သုတ်ခိုင်းတာတွေ ရှိပါတယ်။ ပြီးတော့ အိမ်ခွ န်တွေဆိုပြီး မြေရှင်က အိမ်ငှားကိုလာတောင်းတယ်လို့ သိရပါတယ်။
လှည်းတန်း(၇)လမ်းဘက်မှာ ရေဖိုးနဲ့ အိမ်ခွန်ဆိုပြီး မြေရှင်က လာတောင်း တယ်။ အိမ်ခွန်ဆိုတာ ချလန်ဖြတ်ပိုင်းလည်း မရှိဘူး။ ရေမီတာကြေးလည်း တစ်လကို ၁၀,၀၀၀ တောင်းတယ်။ အရင်ခြောက်လကဆိုရင် တစ်လကို ၇၀၀၀ တောင်းတယ်။ အိမ်ခွန်ဆိုရင်လည်း တိုက်ခန်းပိုင်ရှင်က ပေးရလား။ အငှားကပဲ ပေးသင့်လားလို့ မကွဲပြားတဲ့ အိမ်ငှားတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အွန်လိုင်းမှာ ပြန့်နေတဲ့ ၁၂ ကြာရင် အိမ်ငှားတွေက မဖယ်ရဘူးဆိုတာ မ မှန်မကန်ပါဘူး။ ကြိုက်သလောက် အငှားကြာရှည်နေပါစေ။ ငှားရမ်းတာက ဥပဒေနဲ့အညီ ငှားရမ်းတာပါ။ ဒါကြောင့် နေထိုင်တာ ၁၂ နှစ်ကျော်သွားရင် ဥပဒေအရ နှင်ချခွင့် မရှိဘူးဆိုတာ အိမ်ရှင်အိမ်ငှားကြား မရှိဘူးလို့ သိရပါတယ်။
အိမ်ရှင်က အိမ်ငှားကို နှင်ထုတ်ပေးစေနိုင်မှု အမှုမှာ ကာလစည်းကမ်း သတ်မှတ်ချက် အက်ဥပဒေ အမှတ်စဉ် ၁၃၉ နဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် ၁၉၆၀ ပြည့်နှစ် မြို့ပြဆိုင်ရာ ကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၁၂ (၁) (က) နဲ့ ၁၂ (၁) (ဂ) ပါ ပြဋ္ဌာန်းချက် ဥပဒေတွေ ရှိပါတယ်။ အဲသည် ပြဋ္ဌာန်းချက် ဥပဒေ မရှိရင်တော့ အိမ်ရှင်က အိမ်ငှားကို ငှားရမ်းတာကို ရပ်စဲပြီးနောက် တရားစွဲခွင့် ရှိပါတယ်။
Credit: The Modern