ကနေဒါအရှေ့ဘက်ကမ်းရိုးတန်းရှိ Newfoundland ဒေသမှ Tilt Cove မြို့ ငယ်လေးသည် နေထိုင်သူလူဦးရေလေး ယောက်သာရှိသောကြောင့် ကနေဒါနိုင်ငံ ၏အသေးဆုံးမြို့အဖြစ် သတ်မှတ်ခံထားရ သည်ဟု သိရသည်။
မြို့အတွင်း၌ နေထိုင်သူလေးဦးလုံး သည် မြို့၏အစိုးရအဖွဲ့ဝင်ဝန်ထမ်းများ ဖြစ်သည်။ Tilt Cove မြို့သည် တစ်ချိန် က အလွန်စည်ကားသော ကြေးနီတူးဖော် ရေးလုပ်ငန်းလုပ်ဆောင်သည့် မြို့ဖြစ်ကာ နေထိုင်သူ ၂၀၀၀ ခန့်ရှိခဲ့သည်။ သို့သော် ၁၉၆၇ ခုနှစ်တွင် မတော်တဆမိုင်းတွင်ပြို ကျမှုတစ်ခုကြောင့် မိုင်းတွင်းကိုပိတ်ပစ်လိုက် ရာမှ ဒေသခံအများစုမှာ အလုပ်လက်မဲ့ ဖြစ်ခဲ့ကြရပြီး မြို့မှထွက်ခွာသွားခဲ့ကြသည်။
ယခုအချိန်အထိ Tilt Cove မြို့တွင် စာပို့ စနစ်၊ အမှိုက်သိမ်းစနစ်နှင့်လမ်း ပြုပြင် ရေးစနစ်ကဲ့သို့သော ဝန်ဆောင်မှုများရှိ နေဆဲဖြစ်သည်။ မြို့၏သမိုင်းကြောင်းကိုသရုပ်ဖော်ထားသော ပြတိုက်တစ်ခုလည်း ရှိသည်။
The Way We Were ဟု အမည်ပေးထားသည့် ပြတိုက်ကို မြို့တော်ဝန် Don Collins က ဒေသတွင်းသစ် သားများအသုံးပြုကာ ကိုယ်တိုင်ပါဝင် တည်ဆောက်၍ ဇနီးသည်၏ အသက် ၄၀ ပြည့်မွေးနေ့လက်ဆောင်အဖြစ် ပေးအပ် ခဲ့ခြင်းဖြစ်သည်။
ဇနီးသည် Margaret Collins ၏မိသားစုသည် ၁၈၁၃ ခုနှစ်မှ စတင်ကာ Tilt Cove မြို့တွင်နေထိုင်လာ ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ၎င်း၏အစ်ကိုဖြစ်သူနှင့် ဇနီးသည်တို့မှာ Collins ဇနီးမောင် နှံအပြင် Tilt Cove မြို့တွင် နေထိုင်သည့် အခြားနေထိုင်သူနှစ်ဦးဖြစ်သည်။
လူဦး ရေလျော့နည်းသွားသည့်တိုင်အောင် ၎င်း တို့ လေးဦးက မြို့မှခွာရန်ငြင်းဆန်လျက်ရှိ သည်။ သို့သော် Tilt Cove မြို့၏ လှပ သောရှုမျှော်ခင်းများကြောင့် နှစ်စဉ်နွေရာ သီရောက်တိုင်း ကမ္ဘာလှည့်ခရီးသွားများ လာရောက်လည်ပတ်လေ့ရှိကြသည်ဟု သိရသည်။
Credit: Pyi Myanmar