ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ငွေစာရင်းဖွင့်လှစ်ထားပြီး အ ရစ်ကျနဲ့ အိမ်ရာဝယ်ယူခွင့်ရရှိထားသူတွေအနေနဲ့ သုံးလအထိ ငွေလာေ ရာက်ပေးသွင်းတာတွေ မရှိရင်တိုက်ခန်းတွေကို ပြန်ပြီး သိမ်းယူမယ်လို့ေ ဆာက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က ဦးဆောင်ညွန်ကြားရေးမှူး ဦးဝင်းဇော်က ပြောပါတယ် ။
တန်ဖိုးနည်းအိမ်ရာဝယ်ယူခွင့်ကို ၁၀ နှစ်အရစ်ကျစနစ်နဲ့ ရောင်းချနေပြီး ငွေ သွင်းတဲ့ကာလ သုံးလကျော်တဲ့အထိ လာရောက်ပေးသွင်းတာမရှိရင် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကို အကြောင်းကြားပြီး တိုက်ခန်းတွေကို ပြန်လည် သိမ်းဆည်းမယ့်အစီအစဉ်တွေ လုပ်ဆောင်မှာဖြစ်သလို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ အိမ်ရာဝယ်ယူဖို့အတွက် ငွေစာရင်း ဖွင့်လှစ်ထား သူတွေကို ၃၀ ရာခိုင်နှုန်း ပြည့်မီသူတိုင်းကိုလည်း တိုက်ခန်းတွေ အရစ်ကျေ ရာင်းချပေးနေတယ်လို့ သူက ဆက်ပြောပါတယ် ။
လက်ရှိမှာ အိမ်ရာဝယ်ယူဖို့ဘဏ်စာရင်းဖွင့်လှစ်ထားသူတွေထဲက ၆၀၀ ကို အိမ်ရာဝယ်ယူဖို့ ချေးငွေထုတ်ပေးထားပြီး ဖြစ်ပါတယ်။
တိုက်ခန်းဝယ်ယူခွင့်ရှိတဲ့သူတွေအနေနဲ့ ငွေပေးသွင်းနေစဉ်ကာလအတွင်း သုံးလကျော်အထိ ငွေပေးသွင်းခြင်းမရှိဘူးဆိုရင် တိုက်ခန်း ပြန်ရုပ် သိမ်း မှာဖြစ်ပါတယ် ။
Credit: The Modern