မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကျွန်းညိုကြီးကျေးရွာသစ်တွင် ဧရာဝတီမြစ်ရေတိုက်စားမူကြောင့် ကမ်းပါးများပြိုကျနေသဖြင့် လူနေအိမ်များပြောင်းရွှေ့ရန် စီစဉ်နေကြသော်လည်း မြေနေရာအခက်အခဲဖြစ်နေ ကြောင်း ဒေသခံများထံမှ သိရှိရသည်။
"ရေက တအားစီးလွန်းတော့ ပတ်ဝန်းကျင်မှာ မနေရဲကြဘူး။ ရေကာတာတွေလည်း ပြုတ်ထွက်ကုန်ပြီ။ ရေက လည်း ရွာနဲ့ဦးတိုက်ကြီးဖြစ်နေတာလေ။ နေရာချမပေးတော့ မရွှေ့ရသေးဘူး။ သတိထားပြီး နေရတာပေါ့။ ကမ်း ပါးနဲ့နီးတဲ့အိမ်တွေကို ခပ်လှမ်းလှမ်းကိုရွှေ့ထားရတယ်။ ဒီနားကလယ်ပိုင်ရှင်တွေနဲ့ မြေနေရာရွေ့ဖို့အတွက် ညှိ နေတယ်။ စကားတော့မပြတ်သေးဘူး။"ဟု ကျွန်းညိုကြီးကျေးရွာသစ်အုပ်ချူပ်ရေးမှူး ဦးပေါကာကပြောသည်။
ဧရာဝတီမြစ်ကမ်းရှိ အဆိုပါ ကျေးရွာတွင် အိမ်ခြေ(၆၇)လုံးရှိပြီး ကမ်းပါးပြိုမည့် အန္တရာယ်ကာကွယ်ရန် ပြုလုပ် ပေးထားသည့် ပေ(၁၅၀)ခန့်ရှိ ရေကာတာ(၁၂)ခုသည်လည်း ရေစီးကြမ်းနေခြင်းကြောင့်
ပျက်စီးသွားကြောင်း သိရသည်။
"ရေစီးသန်လွန်းတော့ ရွာသားတွေက မနေရဲကြတော့ဘူး။ ပြိုတော့မပြိုသေးဘူး၊ သတိထားနေရတယ်။ အဓိက နေရာလိုအပ်နေတာ။ အထက်က လာတော့ကြည့်တာ တွေ့တာပဲ။ မေလပိုင်းက
ရေကာတာ(၁၂)ခု ရိုက်ပေး ထားတာ အခု အကုန်လုံးပြိုကျကုန်ပြီ။"ဟု ကျွန်းညိုကြီးကျေးရွာသား ဦးဝင်းဆွေကပြောသည်။
ယင်းကျေးရွာတွင် ၂၀၁၆ ခုနှစ်အတွင်းကလည်း ဧရာဝတီမြစ်ရေတိုက်စားမူကြောင့် မြစ်ကမ်းပါးပြိုကျကာ
အိမ် ခြေ(၂၂)လုံး ပြောင်းရွှေ့သွားခဲ့ရပြီး လက်ရှိတွင်
နေအိမ်များပြောင်းရွှေ့ရန် အစားပေးမည့်မြေနေရာ လိုအပ်နေ ခြင်းဖြစ်ကြောင်း သိရသည်။
Credit: Yangon Media Group