ပထမဆုံးအကြိမ်အဖြစ် သမိုင်းဝင်မှုအဖြစ် ယမန်နှစ်က တရုတ်ဝယ်လက်များသည်
နိုင်ငံတကာအိမ်ခြံမြေများကို အမေရိကန်ဒေါ်လာ ဘီလျံ ၁၀၀ ကျော်ဖိုး
ဝယ်ယူခဲ့ကြကြောင်း ပြည်ပအိမ်ခြံမြေ၀ယ်လက်များအတွက် တရုတ်ဝက်ဘ်ဆိုက်ဒ်
Juwai.com က ယမန်နေ့ (ဇူလိုင် ၆) တွင် ဖြော်ပခဲ့သည်။
နိုင်ငံခြားအိမ်ခြံမြေများကို နိုင်ငံပိုင်လုပ်ငန်းများ၊ အာမခံကုမ္ပဏီများနှင့် ငွေကြေး
အဖွဲ့အစည်းများအပါအ၀င် တရုတ်ပြည်မကြီးမှ ရင်းနှီးမြှုပ်နှံ၊ ၀ယ်ယူမှုများသည်၂၀၁၆ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၄ ဘီလျံအထိ မကြုံစဖူး
ရှိခဲ့ကြောင်း၊ ယင်းသို့ ဒေါ်လာ ဘီလျံ ၁၀၀ ကျော်ခဲ့သည်မှာ သမိုင်းတွင်
ပထမဆုံးအကြိမ် ဖြစ်ကြောင်း တရုတ်အိမ်ခြံမြေ၀က်ဘ်ဆိုက်ဒ် A Sea of Money ၏
အစီရင်ခံစာတစ်စောင်ကလည်း ဖော်ပြခဲ့သည်။
"အဲ့ဒီ ၂၀၁၆ အတွင်း ၀ယ်ယူမှုစုစုပေါင်းဟာ အမေရိကန်ဒေါ်လာ ဘီလျံ ၈၀ ရှိခဲ့တဲ့၂၀၁၅ ထက် သုံးလပတ်တစ်ခုစာလောက်ကို ပိုများပါတယ်။ လွန်ခဲ့တဲ့ငါးနှစ်နဲ့ယှဉ်မယ်ဆိုရင် ၈၄၅ ရာခိုင်နှုန်း မြင့်တက်ခဲ့တာပါ" ဟု Juwai.com ၏ တာဝန်ရှိသူစူးကျုံးက ပြောကြားခဲ့သည်။
၎င်းဝယ်ယူမှုများအနက် အမေရိကန်တွင် ၀ယ်ယူမှု အမေရိကန်ဒေါ်လာ ဘီလျံ ၅၀ရှိခဲ့ကာ အများဆုံး ဖြစ်ဆဲ၊ ဖြစ်ခဲ့ကြောင်း သိရသည်။ အဓိပ္ပါယ်မှာ ယမန်နှစ်ကအမေရိကန်သို့ တရုတ်၏ ငွေကြေးစီးဆင်းမှု ဒေါ်လာ ဘီလျံ ၅၀ ရှိခဲ့ခြင်း ဖြစ်သည်။
အမေရိကန်ပြီးနောက် သြစတြေးလျနှင့် ဟောင်ကောင်တို့က ဒုတိယအများဆုံးနှင့်
တတိယအများဆုံးအဖြစ် ၀ယ်ယူခဲ့ကြဆဲဖြစ်သည်။
ဗြိတိန်က အီးယူမှခွဲထွက်မှုနှင့်ပတ်သက်သည့် ဂယက်များ၊ အာရှပစိဖိတ်တွင်
စီးပွားရေးနှေးကွေးကျဆင်းမှု စသည့် ပထ၀ီဝင်နိုင်ငံရေးအန္တရာယ်များ ရှိနေစဉ်
အမေရိကန်က ကမ္ဘာ့အိမ်ခြံမြေဈေးကွက်တွင် တည်တည်ငြိမ်ငြိမ်လှုပ်ရှားလာသည်
ကိုလည်း တွေ့ရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com