ကမ္ဘာ့အကြီးဆုံးမိုးလုံလေလုံနှင်းလျှောစီးစခန်းကို တရုတ်နိုင်ငံ ရေခဲမြို့တော်တွင် ဖွင့်လှစ်

ကမ္ဘာ့အကြီးဆုံးမိုးလုံလေလုံနှင်းလျှောစီးစခန်းကို တရုတ်နိုင်ငံ ရေခဲမြို့တော်တွင် ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
7 Jul 2017 9:41 am တွင် တင်ခဲ့သည်
1232 ကြိမ် ကြည့်ရှု့ပြီး
တရုတ်နိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ developer ကုမ္ပဏီ Dalian Wanda Group တည်ထောင်သူနှင့် အချမ်းသာဆုံးလုပ်ငန်းရှင်သူဌေးကြီး ၀မ်ကျန်းလင်
တည်ဆောက်ပိုင်ဆိုင်သည့် ကမ္ဘာ့အကြီးဆုံးမိုးလုံလေ
လုံနှင်းလျှောစီးစခန်းကိုရေခဲမြို့တော်ဟု လူသိများသော နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဟာပင်မြို့တွင်
ပြီးခဲ့သည့်သောကြာ (ဇွန် ၃၀) ၌ တရားဝင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၃၀ ဒသမ ၆ ဘီလျံ ရှိမည်ဟု ခန့်မှန်းခံထားရသောဝမ်ကျန်းလင်က Harbin Wanda City မိုးလုံလေလုံနှင်းလျှောစီးစခန်းကို ယွမ် ဘီလျံ၄၀ အမေရိကန်ဒေါ်လာ
၆ ဘီလျံနီးပါး အကုန်ကျခံတည်ဆောက်ထားခြင်း ဖြစ်သည်။

နိုင်ငံ၏ အရှည်ကြာဆုံးနှင့် အပြင်းထန်ဆုံးဆောင်းတွင်းကို
ပိုင်ဆိုင်ထားသည့်
ဟာပင်မြို့သည် ရုရှားနယ်စပ်အနီး တည်ရှိသည်။ ထို့ကြောင့် ၎င်းနှင်းလျှောစီးစခန်းသည်လည်း ရုရှားဗိသုကာတစ်ရပ်ပင် ဖြစ်နေသည်။

စခန်းတွင် အမျိုးမျိုးသော ရေမျက်နှာပြင်အမှတ်များရှိသော နိမ့်လျှောများ ပါဝင်သည့်နှင်းလျှောစီးလမ်း ၆ ခုရှိသည်။ အရှည်ဆုံးနှင်းလျှောစီးလမ်းသည် အလျား မီတာ၅၀၀ ရှိသည်။ လူ ၃ ထောင် ဆံ့ရန် တည်ဆောက်ထားသော ယင်းနှင်းလျှောစီးစခန်းသို့ ယခုနှစ်ကုန်အထိ လာရောက်သူ
၎ သိန်း ရှိမည်ဟု ခန့်မှန်းထားကြသည်။

အနိမ့်ဆုံးအနေဖြင့် ရေခဲအမှတ်အောက် ၃၆ ဒီဂရီစင်တီဂရိတ်အထိ အပူချိန်ကျဆင်းသော၊ ခြောက်လအထိ ကြာနိုင်သော ဆောင်းရာသီရှိသည့် ဟာပင်တွင် ၎င်းမိုးလုံလေလုံနှင်းလျှောစီးစခန်းက စိတ်ဝင်စားဖွယ်ရာအတိဖြစ်နေသည်။

တရုတ်နိုင်ငံက လာမည့် ၂၀၂၂ ခုနှစ် ဆောင်းရာသီအိုလံပစ်အားကစားပွဲတော်ကို
အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပရန် ပြင်ဆင်လျက်ရှီသဖြင့် နှင်းလျှောစီးခြင်းသည်၎င်းတို့နိုင်ငံတွင် ရေပန်းစားလာသည်။

ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com
ကမ္ဘာ့အကြီးဆုံးမိုးလုံလေလုံနှင်းလျှောစီးစခန်းကို တရုတ်နိုင်ငံ ရေခဲမြို့တော်တွင် ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service