ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မဟာဗန္ဓုလအငှား အိမ်ရာ၌ နေထိုင်ခွင့် မဲပေါက်ထားသူများအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးမှု ဦးစီးဌာနသို့ သတ်မှတ်ရက်အတွင်း ဆက်သွယ်ခြင်းမရှိပါက အိမ်ခန်းများ ပြန် သိမ်းမည်ဖြစ်ကြောင်း အဆိုပါဌာနမှ ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောကြား ခဲ့သည်။
“ဒီကိစ္စကို စာတိုက်ကနေတစ်ဆင့်၊ ဖုန်းနဲ့တစ်ဆင့် ဆက်သွယ်လိုက်တော့ ၁၄၀ လောက်က ပြန်ပြီး ဆက်သွယ်လာကြတယ်။ ၁၀၀ ကတော့ လုံးဝကို လာမဆက်သွယ်ကြဘူး။ မေလစာရင်းအရဆိုရင် ၂၄၀ လောက်ရှိတယ်။ သူတို့ကို ၀ါမ၀င်ခင် ၇ ရက်အထိ စောင့်မယ်။ သတ်မှတ်ရက်ထက် ကျော် သွားရင် အိမ်ခန်းတွေ ပြန်သိမ်းမယ်။ အရင်အစိုးရလက်ထက်တုန်းက လုပ် ငန်းတွေ အဆင်ပြေအောင် စောင့်ဆိုင်းလူ ၂၀၀ ရှိတယ်။ ဒီထဲကနေ မဲပြန်နှို က်မလား မပြောတတ်သေးဘူး။ လက်ရှိအစိုးရအဖွဲ့ကို ဘယ်လိုစီစဉ်မလဲ ဆို တာ တင်ပြရဦးမယ်” ဟု ဦးယုခိုင်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့် မေလကုန်စာရင်းများအရ မဟာဗန္ဓုလအငှားအိမ်ရာရှိ အိမ် ခန်းေ ပါင်း ၁၂၀၀ အနက် နေထိုင်ခွင့်ပြု အိမ်ခန်းပေါင်း ၉၆၀ အတွက် မိသားစု ၇၂၅ စုကို နေထိုင်ခွင့်ပြုခဲ့ကြောင်း သိရပြီး လက်ရှိတွင် ယခုလအတွင်း ပြန် လည် ဆက်သွယ်လာသော အိမ်ခန်းပေါင်း ၁၄၀ ကို နေထိုင်ခွင့်ပြုရန် စစ်ေ ဆးမှုများ ပြုလုပ်နေကာ နေထိုင်ခွင့်ရသူများအနေဖြင့် ဇူလိုင် ၇ ရက် နောက် ဆုံးထား ဆက်သွယ်ရမည်ဖြစ်ကြောင်း သိရသည်။
ယခုနှစ် မေလအတွင်းက နေထိုင်ခွင့်ပြုခဲ့သည့် မဟာဗန္ဓုလအငှားအိမ်ရာ တွင် အိမ်ငှားရမ်းခ တစ်လလျှင် ကျပ် ၃၀၀၀၀၊ ပြုပြင်ထိန်းသိမ်းရေးစရိတ် ကျပ် ၅၀၀၀၊ သန့်ရှင်းရေးခ ကျပ် ၁၀၀၀ ပေးသွင်းရကြောင်းသိရပြီး အဆိုပါ အိမ်ရာကို ပြီးခဲ့သည့်နှစ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရက ဒဂုံမြို့သစ်ေ တာင်ပိုင်းမြို့နယ် မဟာဗန္ဓုလနှင့် အမှတ် (၂) လမ်းမကြီးအနီးတွင် တည်ေ ဆာက်ခဲ့ခြင်းဖြစ်သည်။
Credit: Tomorrow