တောင်သူလယ်သမားများ၏ စိုက်ပျိုးရေးလုပ်ငန်းများ တိုးတက်လာရေး အ တွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ပေးရာတွင် ပုံစံ(၇)အမည်ပေါက် သူများ ကိုသာ ထုတ်ချေးလျက်ရှိရာ အမည်ပေါက်ထားသော တောင်သူ လယ်သမား များ သေဆုံး သွားပါက ကျန်သော ဇနီး၊သားသမီးများမှာ လယ်ယာလုပ်ငန်း ဆက်လက် လုပ်ကိုင် ရန် ချေးငွေမရဘဲ အခက်အခဲများ ကြုံတွေ့နေရေ ကြာင်း သိရသည်။
တောင်သူလယ်သမား အိမ်ထောင်ဦးစီးများ ကွယ်လွန်သွားသည့်အခါ ကျန် ရစ်သူဇနီးနှင့် သားသမီး မိသားစုဝင်များမှာ ပုံစံ(၇)တွင် အမည်ပေါက်ပုဂ္ဂိုလ် မဟုတ်သဖြင့် ဘဏ်ချေးငွေ ဆက်လက် ထုတ်ယူ၍မရဘဲ အခက်အခဲအကျပ် အတည်း ဖြစ်နေသည့်ကိစ္စနှင့် ပတ်သက်၍ ဇူလိုင် ၃ ရက် စစ်ကိုင်းတိုင်းဒေ သကြီးလွှတ်တော် တွင် ကနီမြို့နယ်မဲဆန္ဒနယ် အမှတ်(၂)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးထွန်းထွန်းဝင်းက မေးမြန်းခဲ့သည်။
''ကနီမြို့နယ်အပါအဝင် မြို့နယ်တိုင်းမှာ လတ်တလောဖြစ်နေတဲ့ ကိစ္စ ဖြစ် ပါတယ်။ ၂ဝ၁၆ မှာ တောင်သူလယ်သမား ပုံစံ(၇)အမည်ပေါက် အိမ်ထောင် ဦးစီး ကွယ်လွန် သွားရင် ကျန်တဲ့ ဇနီး၊ သားသမီးတွေဟာ ပုံစံ(၇)နဲ့ ဘဏ်ေ ချးငွေကို ထုတ်ယူနိုင် ပါတယ်။ အခုနှစ်မှာ မြန်မာ့စိုက်ပျိုးရေးဘဏ်ရဲ့ ညွှန် ကြားစာ အပိုဒ်(၈) ဘဏ် ချေးငွေစာချုပ် အပိုဒ်(၁၁)အရ ပုံစံ(၇)အမည်ပေါက် သူမှသာ စိုက်ပျိုးစရိတ် ဘဏ်ချေးငွေကို ရရှိမှာဖြစ်ပါတယ်။ အဲဒါကြောင့် ပုံစံ (၇)အမည်ပေါက်သူ ကွယ်လွန် သွားရင် ကျန်တဲ့သူတွေ စိုက်ပျိုးစရိတ်ချေးငွေ ရရှိနိုင်မှုမရှိပါဘူး''ဟု လွှတ်တော် ကိုယ်စားလှယ်က ပြောကြားသည်။
အဆိုပါမေးမြန်းချက်နှင့်ပတ်သက်၍ စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေး၊ေ မွးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကမ်ဇာမုံက ပုံစံ(၇)အမည်ပေါက် ဘဏ် ချေးငွေထုတ်ယူသူ သေဆုံးပါက အမွေစားအမွေခံဖြစ်ခြင်း၊ ဘဏ်ေ ချးငွေကို နှစ်စဉ် သတ်မှတ်ရက်အတိုင်း အချိန်မီ ပြေကျေခြင်း၊ မြေယာ အရှုပ် အရှင်းမရှိခြင်းတို့ အပေါ် မူတည်၍ ချေးငွေထုတ်ပေးခြင်းကို မှန်ကန်စွာ ဆုံးဖြတ်ဆောင်ရွက် လျက်ရှိကြောင်း ဖြေကြားခဲ့သည်။
ကနီမြို့နယ်အတွင်း၌ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၃ စုကို စာရင်းကောက် ယူခဲ့ရာ ပုံစံ(၇)အမည်ပေါက်ထားပြီး သေဆုံးသူ ၄၅ဝ ရှိကာ ရေကြီး၍ ပုံစံ (၇) ပျောက်ဆုံး ပျက်စီးသူတစ်ဦးရှိကြောင်း၊ ခန့်မှန်းအနေဖြင့် ကနီတစ်မြို့ နယ် လုံးတွင် ပုံစံ(၇)အမည်ပေါက် ထားပြီး သေဆုံးသူဦးရေမှာ ယခုထက် များပြားမည်ဟု ခန့်မှန်းရ ကြောင်း လွှတ်တော်ကိုယ်စားလှယ်က ပြောသည်။ ကနီမြို့နယ်အတွင်းမှ ပုံစံ(၇)ဖြင့် ဘဏ်ချေးငွေထုတ်ယူမှုမှာ လယ်မြေ ၈ဝ၂ ဒသမ ၁၈ ဧက၊ ယာမြေ ၂၂၁၆ ဒသမ ၂၃ ဧက၊ ကိုင်းမြေ ၆၂ ဒသမ ၁၆ ဧကရှိကြောင်း သိရသည်။
Credit: MOI Webportal Myanmar