ယခုနှစ်အတွက် ကမ္ဘာ့ ဂုဏ်သတင်းအကျော်ဇောဆုံး
နိုင်ငံအဖြစ်ကနေဒါနိုင်ငံက ရွေးချယ်သတ်မှတ်ခံခဲ့ရပါတယ်။
အေးချမ်းလုံခြုံမှုရှိတဲ့ နိုင်ငံအဖြစ်ရော၊ ကောင်းမွန်အားကိုးရတဲ့
အစိုးရတစ်ရပ်ရှိနေတဲ့ နိုင်ငံအဖြစ် ရပ်တည်နိုင်နေခဲ့တာကြောင့်
ယခုလို ကမ္ဘာပေါ်က ဂုဏ်သိက္ခာအရှိဆုံး နိုင်ငံအဖြစ် ရွေးချယ်
ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
ကမ္ဘာ့တစ်ဝှမ်းက စီးပွားရေးအင်အားကြီးနိုင်ငံ ၅၅ နိုင်ငံရဲ့ ဂုဏ်
သတင်းကျော်ဇောမှုကို တိုင်းတာတွက်ချက်နေလျက်ရှိတဲ့
ကမ္ဘာ့ဦးဆောင် သုတေသနအခြေခံအတိုင်ပင်လုပ်ငန်း
Reputation Institute က ထုတ်ပြန်ခဲ့တဲ့
၂၀၁၇ Country RepTrak အရ
ယခုလို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ကနေဒါအနေနဲ့ ပြီးခဲ့တဲ့ခြောက်နှစ်အတွင်း လေးနှစ်အထိ ထိပ်ဆုံး
နေရာတွေမှာပဲ ရပ်တည်ခဲ့ပြီး ယခုနှစ်မှာလည်း နိုင်ငံထူထောင်မှု
၁၅၀ ပြည့်မြောက်တဲ့နှစ်မှာပဲ ယခုလို ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့
တာဖြစ်ပါတယ်။
ယခု နှစ်ထုတ်ပြန်ချက်မှာတော့ ကနေဒါရဲ့ နောက်မှာတော့ ဆွစ်ဇာလန်
က ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး ယမန်နှစ်က ထိပ်ဆုံးမှာရပ်
တည်နိုင်ခဲ့တဲ့ ဆွီဒင်ကတော့ ယခုနှစ်မှာ တတိယနေရာမှာ
ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။
အင်အားကြီး အမေရိကန်နိုင်ငံကတော့ ဒေါ်နယ်ထရမ့်အစိုးရတက်
လာခြင်းနဲ့အတူ နိုင်ငံပေါင်း ၅၅ နိုင်ငံအနက် ကြီးကြီးမားမားအဆင့်
လျော့ကျခဲ့ပြီး ယခင်နှစ် အဆင့် ၂၈ ကနေ ယခုနှစ်မှာ အဆင့် ၃၈ ထိ
ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
ယခုလို Reputation Institute ရဲ့ ကမ္ဘာ့ဂုဏ်သိက္ခာအရှိဆုံး နိုင်ငံတွေ
ကို တိုင်းတာတွက်ချက်မှုမှာတော့ အင်အားကြီး ဂျီ ၈ နိုင်ငံတွေက
နိုင်ငံသား ၃၈,၀၀၀ ကျော်ကို စစ်တမ်းကောက်ယူခဲ့တာကို အခြေခံပြီး
နိုင်ငံတွေမှာ ထိရောက်ကောင်းမွန်တဲ့ အစိုးရအုပ်ချုပ်မှု၊ စီးပွားရေး
တိုးတက်မှုနဲ့ နှစ်သက်စဖွယ် ပတ်ဝန်းကျင်ရှိမှု၊ ကမ္ဘာ့အသိုက်အ၀န်း
မှာ တာဝန်ရှိစွာ ပါဝင်နိုင်မှု စတဲ့အချက်တွေနဲ့အဓိကတိုင်းတာ
ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Credit: SFJ Strategy First