ရန်ကုန်မြို့ရှိ ကျူးကျော်များအပါအဝင် အိုးပိုင်အိမ်ပိုင်မရှိသော ဝန်ထမ်းများေ နထိုင်ရေးအတွက် ဧက ၂,၀၀၀ ရှိ စီမံကိန်းတစ်ခုကို အကောင်အထည်ေ ဖ်ာပေးရန် စီစဉ်နေကြောင်း၊ သတင်းကောင်းတစ်ရပ်ကို လွန်ခဲ့သော ရက် သတ္တပတ်အတွင်းက ကြားသိခဲ့ရသဖြင့် ဝမ်းမြောက်ဝမ်းသာဖြစ်မိ၏။ ဝမ်ြးေ မာက်ဝမ်းသာဖြစ်ရ သည့်အကြောင်းရင်း သုံးရပ်ရှိ၏။
ပထမအကြောင်းမှာ ကျူးကျော်အိမ်ရာများ တိုးပွားနေသည်နှင့် အမျှ ရန်ကုန် မြို့ကြီး၏ မြို့တော် အင်္ဂါရပ်သည် နိမ့်ကျယိုယွင်း လျက်ရှိရာ အထက်ပါ အစီ အစဉ်ကြောင့် ပြည်သူများ အိမ်ရာမဲ့ဘဝမှ လွတ်ကင်းမှုနှင့် မြို့တော်အင်္ဂါ ရပ်နှင့် ညီညွတ်မှုနှစ်ရပ်စလုံးသည် ‘သားမျက်စိမြင် ရွှေအိုးထမ်း’ ကိန်းဆိုက်ေ ရာက်လာမည်ဟု ယုံကြည်ခြင်းကြောင့် ဖြစ်ပါသည်။
ဒုတိယအကြောင်းမှာ လက်ရှိကျူးကျော်များ၌ ၂၀၀၈ ခုနှစ်အလွန် နှစ်များတွင် တိုးပွားလာသော ယခင်အစိုးရအဆက်ဆက်မှ လက်ဆင့်ကမ်းပါရှိလာသည့် အရေအတွက်မှာ အများစုဖြစ်ပြီး လက်ရှိ အစိုးရလက်ထက် တိုးပွားလာသော ကျူးအရေအတွက်မှာ အနည်းစုဖြစ်ကြောင်း တွေ့ရှိရ၏။ မည်သို့ရှိစေ လက်ရှိ အစိုးရအနေ ဖြင့် ၎င်းတို့အားလုံးအတွက် နေရေးကို ရဲရဲဝံ့ဝံ့ တာဝန်ယူစီ စဉ် ဆောင်ရွက်ပေးခြင်းဖြင့် အလွန့်အလွန် တာဝန်ကြီးမားလှသော၊ အရေအ တွက် များပြားလှသော အိမ်ရာမဲ့ပြည်သူတို့၏ နေရေးကို အမှန်ပင်ဖြည့် ဆည်းပေးနိုင်တော့မှာ ပါလားဟု ရှုမြင်၍ ပီတိပွားမိခြင်း ဖြစ်ပါသည်။
တတိယအကြောင်း တရားမှာ ကျူးကျော်များသာလျှင်မဟုတ် အိမ်ရာမဲ့ ဝန် ထမ်းများ၊ ပုဂ္ဂလိကဝန်ထမ်းများနှင့် နယ်စပ်ဒေသမှ ပြန်လာမည့် ဒုက္ခသည် မိသားစုများအားလုံး စုစည်းနေထိုင်ရေးကိုပါ စီစဉ်ဆောင်ရွက်ပေးမည် ဟူေ သာ အချက်ပင်ဖြစ်ပါသည်။
အထက်ပါ အစီအစဉ်မှာ ‘ကျူးကျော်နေထိုင်သူများသည် နိုင်ငံသူ၊ နိုင် ငံသား များဖြစ်နေခြင်းကြောင့် ပြန်လည်နေရာချထားရေးကို စနစ်တကျစီစဉ်ဆောင် ရွက်နေကြောင်း’ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ လွန်ခဲ့ သော မေလ အတွင်းက ပြောကြားချက်နှင့်အညီ ပေါ်ပေါက်လာခြင်း ဖြစ်သည်ဟုလည်း ယုံကြည်မိ၏။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ကျူးကျော်နေထိုင်သူများအ ပေါ် သေ ဘာထားကိုလည်း လေး စားမိပါသည်။ သို့သော် တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦး က ပြောကြားသည့် စကားတွင် ‘‘ကျူးကျော်သူတွေကို တစ်နေရာတည်းမှာ စုပြီးနေရာချ ပေးမယ်ဆိုရင် Criminal Rate က တက်လာမှာ ဖြစ်ပါ တယ်’’ ဟူသော စကားနှင့်ပတ်သက်၍ စောဒက တက်လိုပါသည်။
ရှေးဦးစွာ စာရေးသူတို့နိုင်ငံ ဆင်းရဲရသည်မှာ မျက် နှာကြီး သူခိုးမျာြးေ ကာင့်လော၊ ဆင်းရဲသားလူမွဲသူခိုးများကြောင့် လောဟူသော အချက်ကို စဉ်းစားသင့်သည်ဟု ယူဆပါသည်။ မြို့ပြဖွံ့ဖြိုးရေး သဘောတရားအရ မြို့ တစ်မြို့တွင် ဆင်းရဲသားချည်းထား၍ မရသလို သူဌေးချည်းထား၍ မရပေ။
လူမှုဘဝရောထွေးယှက် တင်နေထိုင်မှု (Social Mix) ကို တည်ထောင် ပေး ကြရပါသည်။ အင်္ဂလိပ်ခေတ်က ရွှေတောင်ကြား ဟူသော သူဌေးရပ်ကွက်ကို သီး ခြားတည်၏။ သို့သော် မလှမ်းမကမ်း၌ စမ်းချောင်း၊ ကြည့်မြင်တိုင် စေ သာ လူလတ်တန်းစားနှင့် ဝင်ငွေနည်းပြည်သူများနေထိုင်ရာ ရပ်ကွက်များ ဝန်းရံထား၏။ အ လားတူပင် ဒဂုံမြို့နယ်၏ မလှမ်း မကမ်းတွင် လူလတ်တန်း စားနှင့် ဝင်ငွေနည်းပြည်သူများ နေထိုင်ရာ အလုံရပ်ကွက်ကို ဝန်းရံထားရှိ၏။ သူဌေးများကို ဒုက္ခပေးရန်မဟုတ်။
သူဌေးတစ်ဦးအတွက် ယာဉ် မောင်း၊ မာလီ၊ ခြံစောင့်၊ လုပ်သား စသည်တို့ကို အဝေးကြီးမှာ ရှာရန်မလို၊ အနီးအနား၌ပင် ရရှိနိုင်၏။ ထို့အတူ အိမ်အသစ် တိုးချဲ့ဆောက်မည်၊ ပြင်ဆင်မည်၊ မော်တော် ကားပျက်မည်ဆိုလျှင်လည်း လက်သမား၊ ပန်းရန်နှင့် စက်ပြင်ဆရာတို့သည် မလှမ်းမကမ်းမှာပင်ရှိ၏။ အလုပ်ပေးသူနှင့် လုပ်အားရှင်တို့ အပြန်အလှန်အကျိုးပြုသည့် လူ နေမှုပုံစံ လည်း ဖြစ်ပေါ်လာ၏။ စင်ကာပူတွင် လူမျိုးစုံ၊ ဘာသာစုံ၊ အလုပ်အကိုင်မျိုး စုံ ပြည်သူတို့အ တူတကွ နေထိုင်ရန် Multi: Com-munity Housing ကို တည် ဆောက်ပေး၏။
အမှန်စင်စစ် ဆင်းရဲသားများကို သီးသန့်ထား၍ ရာဇဝတ်မှုများခြင်းမဟုတ်၊ ဆင်းရဲနွမ်းပါးမှု အလွန်များပြားခြင်းနှင့် ယင်းကိစ္စကို ဖြေရှင်းမပေးနိုင်၍သာ ရာဇဝတ်မှုများခြင်းဖြစ်ပေ သည်။ မြို့ပြစီမံကိန်းအရ နီးနီးစပ် စပ် စုစည်းထာြး ခင်းမှာလည်း သီးသန့်ထားလျှင် ရာဇဝတ်မှုများလာမည်ကို စိုးရိမ်၍ မဟုတ်။ လူမှုရေး ပေါင်းစည်းမှုနှင့် အပြန်အလှန် အကျိုးပြုရန် လိုအပ်ချက်များ ရှိ ခြင်းကြောင့်ဖြစ်ကြောင်း တွေ့ရှိရ ပေသည်။
ဆက်လက်၍ ကျူးကျော်များ နေထိုင်ရေးအစီအစဉ်နှင့်ပတ်သက်၍ ထူးခြားေ သာအချက် နှစ်ရပ်ကိုလည်း ဖော်ပြလိုပါသည်။ ပထမထူးခြားချက်မှာ မြန် မာနိုင်ငံ၏ ကျူးကျော်နေရာချထားရေး အစီအစဉ်များတွင် ယခုအကြိမ်သည် အရေအတွက် အများဆုံးဖြစ် ကြောင်း တွေ့ရှိရပေသည်။
၁၉၅၈ ခုနှစ် အိမ်စောင့်အစိုးရ၏ ၁၉၅၉-၆၀ ခုနှစ်အတွင်း မြို့သစ်များ တည်ဆောက်၍ ကျူးကျော် နေရာချထားရေး အစီအစဉ်အရ ပြောင်းရွှေ့နေ ရာချထားသည့် ကျူးကျော်အိမ်ထောင်စု ၃၀,၀၀၀ (သုံးသောင်း) ကျော်မျှသာ ရှိကြောင်း တွေ့ရှိရ၏။ ၁၉၈၈ ခုနှစ် တပ်မတော်အစိုးရလက်ထက် မြို့ သစ် များ တည်ဆောက်၍ ကျူး ကျော်နေရာချထားမှုအစီအစဉ်တွင် ကျူးကျော် အိမ်ထောင်စု ပေါင်း ၈၀,၀၀၀ (ရှစ်သောင်း)မျှသာရှိ၏။
ယခု ပြည်သူ့အစိုးရလက်ထက်၌ ကျူးကျော်အိမ်ထောင်စုပေါင်း တစ်သိန်းေ ကျာ်ရှိပြီး လူဦးရေ လေးသိန်းကျော်ရှိမည်ဟု ခန့်မှန်းထားကြောင်း သတင်းရ ရှိပေသည်။
UNHABITAT ၏ ၂၀၁၇ ခုနှစ် ဧပြီလတွင် ထွက်ပေါ်ခဲ့သော စာရင်းအရပင် ကျူးကျော်အိမ်ထောင်စု ရှစ်သောင်းကျော်နှင့် လူဦးရေသုံးသိန်းကျော် ရှိေ ကြာင်း တွေ့ရှိရ၏။ ထို့ကြောင့် ယခင်ကျူးကျော်နေရာချထားမှု သမိုင်းဖြစ် စဉ်နှစ်ရပ်ထက် ယခုအကြိမ်မှာ အရေအတွက်များစွာ ပိုမိုများပြားကြောင်း ထင်ရှားလှပေသည်။
ဒုတိယအချက်မှာ ယခင် ၁၉၅၉-၆၀ ခုနှစ် မြို့သစ်တည်၍ နေရာချ ထာြး ခင်းနှင့် ၁၉၈၈ မှ ၁၉၉၄ အထိ မြို့သစ်တည်၍ နေရာချ ထားခြင်းလုပ်ငန်း များကို တပ်မတော်အစိုးရမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိ ရ ၏။ ယခုအကြိမ်၌ အရေအတွက် အများဆုံးကို အကောင်အထည်ဖော်ေ ပးရမည့် အစိုးရမှာ အရပ်သားအစိုးရဖြစ်သဖြင့် သမိုင်းဝင်မှတ်တမ်းတင်ရ မည့် ထူးခြားချက်တစ်ရပ်ဖြစ်ကြောင်း တွေ့ရှိရေ ပသည်။
အရပ်သားအစိုးရ (သို့ မဟုတ်) ပြည်သူတို့ ရွေးချယ်တင်မြှောက်ထားသော အစိုးရဖြစ်၍ အောင်မြင်မှု အပြည့်အဝ ရရှိစေချင်ပါသည်။ ဤကဲ့သို့ စေ တနာ နှင့် ဆန္ဒကိုအရင်းခံထားပြီး ဆက်လက်သုံးသပ်ဖော်ပြသည့် အချက် များကိုလည်း ‘မိကျောင်းမင်းရေ ခင်းပြ’သည်၊ ‘ဘုန်းကြီးစာချ’ သည်ဟူ၍ မ မှတ်ယူကြရန် မေတ္တာရပ်ခံလိုပေသည်။
ကျူးကျော်များနှင့် ဝန်ထမ်းများနေထိုင်ရေးအတွက် ‘ဧက ၂,၀၀၀ ရှိ စီမံကိန်း တစ်ခု’ ဟူသောအချက်ကြောင့် ဧက ၂,၀၀၀ ရှိသော နယ်မြေဒေသ တစ်ခု တည်း၌ပင် စီမံကိန်းကို အကောင်အထည်ဖော်မည်လောဟု သဘောရပေ သည်။ ဤသို့ဆိုလျှင် ၁၉၅၉-၆၀ ခုနှစ်က ကျူးများကို နေရာချထားပုံ၊ ၁၉၈၈ ခုနှစ်အလွန်က ကျူးများကို နေရာချထားပုံနှင့် အလွန်ကွဲပြားခြားနားသွားမည်ြ ဖစ်၏။ ဤအချက်သည် အားသာချက်ဖြစ်မည်လော၊ အားနည်းချက်ဖြစ်မည်ေ လာဟု သုံးသပ်ရန်လိုအပ်မည် ဖြစ်ပါသည်။
၁၉၅၉-၆၀ ခုနှစ်က ရန်ကုန်မြို့ပေါ်မှ ကျူးများအား တောင်ဥက္ကလာပသို့ အိမ်ထောင်စု ၁၁,၇၁၇ စု မြောက်ဥက္ကလာပသို့ ၁၂,၉၂၃ စု သာကေတသို့ ၉,၂၂၆ စုစသည်ဖြင့် နေရာသုံးနေရာခွဲခြားချထားပေး၏။ ၁၉၈၈ နောက် ပိုင်းတွင် စုစုပေါင်း ကျူးကျော်အိမ်ထောင်စု ၈၄,၀၁၇ စုကို လှိုင်သာယာ၊ ရွြှေ ပည်သာ၊ ဒဂုံ (တောင်)၊ ဒဂုံ (အရှေ့)၊ ဒဂုံ (ဆိပ်ကမ်း)နှင့် ဒဂုံ (မြောက်)တွင် ခွဲခြားချထား ပေးခဲ့၏။ အနောက်ဘက်နှင့် နီးသူများကို အနောက်ဘက် ၊ မြောက်ဘက်နှင့် နီးသူများကို မြောက်ဘက်၊ အရှေ့နှင့် နီးသူများကို အရှေ့ ဘက် စသည်ဖြင့် လက်ရှိနေရာဒေသနှင့် နီးရာမြို့ သစ်များ သို့ ပြောင်းေ ရွှ့နေရာချထားပေးကြောင်း တွေ့ရှိရ၏။
ယခုအခါ လှိုင်သာယာတွင်ရှိသော ကျူးများနှင့် ဒဂုံ (ဆိပ်ကမ်း) ရှိ ကျူးများကို ‘စီမံကိန်းတစ်ခုတည်း’ အတူပေါင်းထားမည့်သဘောကို တွေ့မြင်နေရ၏။ ကျူးကျော်များ၏ လက်ရှိနေထိုင်မှုသည် အလုပ်အကိုင်နှင့် နီးစပ် ခြင်း၊ ဆွေ မျိုးမိတ်ဆွေများနှင့် နီးစပ်ခြင်းအပေါ် မူတည်ပြီး နေထိုင်ကြေ ကြာင်း တွေ့ရှိ ရပြီး ပထမအကြောင်းကို အမှီသဟဲပြု၍ ဒုတိယအကြောင်းက ဖြစ်ပေါ်လြာ ခင်းဖြစ်ကြောင်း လေ့လာတွေ့ရှိရပေသည်။
ထို့ကြောင့် မိမိတို့ အလုပ်အကိုင်နှင့် နီးရာဝန်းကျင်၌ ကျူးကျော်အခြေစိုက်ေ နထိုင်ကြသည် ဖြစ်၍ ဧက ၂,၀၀၀ သည် လှိုင်သာယာတွင်ဖြစ်ပါက လှိုင် သာယာရှိ ကျူးတို့အတွက် အဆင်ပြေသော်လည်း ဒဂုံ (ဆိပ်ကမ်း)၊ ဒဂုံ (တောင်) စသည်တို့မှ ကျူးများအ တွက် အခြေတကျနေရဖို့အရေးမှာ အလုပ် အကိုင်နှင့်ဝေး၍ အဆင်ပြေကြမည်မထင်ပေ။ ဤအချက်ကို အလေးအနက် ထည့်သွင်းစဉ်းစားစေချင်ပါသည်။ မြို့ပြစီမံ ကိန်း ပညာရှင်များ၏ လေ့လာေ တွ့ရှိချက်များအရ အလုပ်နှင့် နေအိမ်သည် တစ်နာရီအတွင်း ရောက် ရှိနိုင်ေ သာ ခရီးအကွာအဝေးသာဖြစ်သင့်ကြောင်းလည်း မှတ်သားခဲ့ရဖူးပေသည်။
တစ်နေရာတည်းမဟုတ်ဘဲ ဖြန့်ကြက်စီစဉ်ပေးနိုင်မည့် စီမံကိန်းက ပိုမိုေ ကာင်းမွန်မည်ဟု ယူဆပေသည်။ ဥပမာ-လှိုင်သာယာသည် လက်ရှိကျူးေ ကျာ်များ၏ ၅၀ ရာခိုင်နှုန်းနီးပါးမျှရှိ၍ ၎င်း ဒေသ၌ပင် စီမံကိန်းတစ်ခု ရှိသင့်ေ ပသည်။ ထို့အတူ ဒဂုံမြို့သစ် လေးမြို့နယ်သည် ကျူးကျော်အရေအတွက် ဒုတိယအများဆုံးဖြစ် ၍ ၎င်းဒေသအတွင်း တစ်နေရာ၌ အလားတူ စီမံကိန်း တစ်ခုရှိသင့် ပေသည်။ ၎င်းဗဟိုချက်မနှစ်ခုနှင့် နီးရာဒေသများမှ ကျူးများအား ၎င်းနှစ်နေရာသို့ ပူးပေါင်းနေထိုင်ရန် စီစဉ်ပေးနိုင်မည်ဖြစ်ပေသည်။ သို့သော် သန်လျင်နှင့် ဒလစသည်တို့အတွက်မူ သက်ဆိုင်ရာဒေသ နှင့် စီမံကိန်း ငယ်များ သီးခြား ဆောင်ရွက်သင့်သည်ဟု ယူဆပါ သည်။
အထက်ပါအတိုင်း ဆောင်ရွက်ခြင်းဖြင့် မူလလုပ်ငန်းရှိရာ ဒေသနှင့် အိမ်ေ နရာဝေးကွာခြင်းကြောင့် အဆင်မပြေသည့် ဒုက္ခမှလွတ်ငြိမ်းမည့်အပြင် တစ်နေရာတည်း၌ မြေဧရိယာအများအပြား စီစဉ်ဆောင်ရွက်ရမည့်အစား တစ် နေရာစီဖြန့်ကြက်၍ မြေဧရိယာကို ခွဲခြမ်းဖြည့်ဆည်းနိုင် မည်ဖြစ်ေ ကြာင်း တွေ့ရှိရပေသည်။ ထို့အပြင် တစ်နေရာတည်း၌ လူဦးရေ သိပ်သည်း မှု ဖြစ်ထွန်းစေခြင်းကိုလည်း ရှောင်ကြဉ်နိုင်မည်ဖြစ်ပါသည်။
ကျူးကျော်များသည် ၎င်း တို့နေထိုင်ရာ ဒေသပတ်ဝန်းကျင်အတွက် အလုပ်ြ ကမ်းမှစ၍ ကျွမ်းကျင်မှုလုပ်ငန်းများ ဖြည့်ဆည်းပေးနေသော လုပ်အားရှင် များလည်းဖြစ်၍ မူလဒေသနှင့် မိုင်ပေါင်းများစွာ ဝေးလံသော တစ်နေရာသို့ သွားရောက်စုစည်းထား ခြင်းဖြင့် ခရီးစရိတ်နှင့် လုပ်အားခများ လည်း မြင့်မား လာနိုင်ပေသည်။
သို့သော် မြို့ပြပြန့်ကျဲခြင်း (Urban Sprawl)နှင့် အခြေခံအဆောက် အ အုံ ဖြည့်ဆည်းမှုအတွက် ကုန်ကျစရိတ်သက်သာခြင်းဟူသော အကျိုးများ ရရှိနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရ၏။ ကောင်းကျိုး နှင့် ဆိုးပြစ်ကို နှိုင်းယှဉ်လျှင် ဆိုး ပြစ်က များနေမည်ဖြစ်၍ ဖြန့်ကြက်နေရာ ချထားခြင်းကသာ ပိုမိုသင့်ေ လျာ်မည်ဟု ယူဆပေသည်။ ကျူးကျော်အိမ်ရာနေ ပြည်သူများကလည်း ၎င်း အစီအစဉ်ကို ပိုမိုနှစ် ခြိုက်ကြမည်ထင်ပါသည်။
ဤနေရာ၌ ဧက ၂,၀၀၀ ဟူသည် အိမ်ရာမြေကွက်ချထားပေးသည့် စီမံကိန်း (Site and ServicesScheme) မဖြစ်နိုင်ဟု ယူဆပါသည်။ အဘယ်ေ ကြာင့် ဆိုသော် အိမ်ရာမြေကွက်ချထားရာတွင် စီမံကိန်းသတ်မှတ်ချက်များအရ တစ် ဧကလျှင် ၂၀ ပေ × ၆၀ ပေ မြေကွက် ၂၀ မျှသာရရှိမည်ဖြစ်၍ အိမ်ထောင် စုပေါင်း တစ်သိန်းကျော်အတွက် မြေဧကအနည်းဆုံး ၅,၀၀၀ ကျော် လိုအပ် မည်ဖြစ်ပါသည်။
ထို့ကြောင့် အိမ်ရာတည်ဆောက်မှုစီမံကိန်း (Flatted Dev:) သာလျှင် ဖြစ်နိုင် ပါသည်။ မည်သည့်စီမံ ကိန်းပင်ဖြစ်စေ ဒေသတစ်ခုအတွင်း စီမံကိန်းတစ်ခု တည်းသာ စုစည်းတည်ဆောက်နေရာချထား ခြင်းထက် လက်ရှိဒေသနှင့် နီးရာတွင် စီမံကိန်းများ ဖြန့်ကြက်ပြီး အထက်ပါအတိုင်း အနည်းဆုံး အဓိက ဗဟိုနှစ်နေရာခွဲ၍ ဆောင်ရွက်ခြင်းက ပိုမိုသင့်လျော်မည်ဖြစ် ကြောင်း သုံး သပ်ဖော်ပြရင်း နိဂုံးချုပ်အပ်ပါသည်။
(ကျူးကျော်များနေထိုင်ရေးအတွက် ဆောင်ရွက်ပေးမည့် စီမံကိန်းမှန် သမျှ အောင်မြင်ပါစေ)
(ဖော်ပြပါ ဆောင်းပါးသည် စာရေး သူ၏ အာဘော်သာဖြစ်သည်။)
Credit: 7DayDaily