ဆန်းကြယ်မှုများနှင့် ပြည့်နှက်နေသည့် ဘာမြူဒါတြိဂံဒေသ
အတွင်းရှိ မြောက်ကာရိုလိုင်းနားကမ်းရိုးတန်းအလွန်တွင် ကျွန်းသစ်တစ်ခုပေါ်ပေါက်လာခဲ့သည်ဟု သိရသည်။
ပြီးခဲ့သည့် ဧပြီလက သဲသောင်ပြင်တစ်ခုသာရှိသေးသော်လည်း
ယခုအချိန်တွင် တစ်မိုင်ခန့်ရှည်လျားကာ ဘောလုံးကွင်းတစ်ကွင်းစာ အကျယ်ရှိလာပြီဖြစ်သည်။
သောင်ပြင်တွင် ခရုခွံများပေါများလွန်းသောကြောင့် ရှယ်လီကျွန်းဟု အမည်ပြောင်ပေးထားပြီး ကမ္ဘာလှည့်ခရီးသွားများက
သွားရောက်လည်ပတ်ရန် စိတ်ဝင်စားနေကြပြီဖြစ်သည်။
သို့သော် ကျွန်းသစ်ပတ်ဝန်းကျင်မှရေပြင်သည် အလွန်နက်ပြီး ရေစီးကြောင်းလည်း ပြင်းထန်သောကြောင့်သွားရောက်လည်ပတ်မည့်သူများကို သတိပေးချက်များထုတ်ပြန်ထားသည်။
လခြမ်းကွေးပုံသဏ္ဍာန်ရှိသော ကျွန်း၏ ပတ်ပတ်လည်တွင် သောင်ပြင်များကို ဖုံးအုပ်သွားတတ်သော Labrador ရေစီးကြောင်းများနှင့် Gulf ရေစီးကြောင်းများက ပြည့်နှက်နေသည်။
ပုံမှန်အားဖြင့် ၎င်းဒေသ၌ ပေါ်ပေါက်လာသော ကျွန်းများသည် ရေပြင်၌ပေါ်လာသည်နှင့်ပြန်လည်နစ်မြုပ်ပျောက်ကွယ်သွားကြသည်ကများ
သည်။ ၎င်းအပြင် ဘာမြူဒါတြိဂံဒေသသည် သင်္ဘောပျက်ပေါင်းများစွာရှိသောကြောင့် Graveyard of the Atlantic
ဟုပင် ညွှန်းဆိုမှုများရှိခဲ့သည့် နေရာဖြစ်သည်။
၁၈၇၇ ခုနှစ်က မြောက်ကာရိုလိုင်းနားရေပိုင်နက်အတွင်း ရွက်လွှင့်သွားလာနေရင်းမှ အကြောင်းရင်းရှာမရဘဲ သမုဒ္ဒရာကြမ်းပြင်အောက်သို့ဆွဲချခံလိုက်ရသည့် ၂၀၅ ပေရှည်သော အင်္ဂလိပ်သင်္ဘော Sunk အပါအဝင် ၎င်းဒေသ၏ ရေပြင်တွင် သင်္ဘောပျက်ပေါင်း ၃၀၀ ခန့် ရှိသည်ဟု သိရသည်။
Credit: Pyi Myanmar