အတွင်းဝန်ရုံးရှိ ပါလီမန်အဆောက်အအုံ၊ ဝန်ကြီးများ အစည်းအဝေးခန်းမအပါအဝင် နေရာသစ်များအား အများပြည်သူသို့လေ့လာခွင့်ပြုမည်

အတွင်းဝန်ရုံးရှိ ပါလီမန်အဆောက်အအုံ၊ ဝန်ကြီးများ အစည်းအဝေးခန်းမအပါအဝင် နေရာသစ်များအား အများပြည်သူသို့လေ့လာခွင့်ပြုမည် - Property News in Myanmar from iMyanmarHouse.com
6 Jul 2017 10:30 am တွင် တင်ခဲ့သည်
1716 ကြိမ် ကြည့်ရှု့ပြီး
ဇူလိုင် ၁၉ ရက်တွင် ကျရောက်မည့် နှစ်(၇ဝ)ပြည့် အာဇာနည်နေ့တွင် ရန်ကုန်မြို့ အတွင်းဝန်ရုံးအတွင်းရှိ တိုင်းပြုပြည်ပြုလွှတ်တော်ရုံး(ပါလီမန် အဆောက်အအုံ)၊ ကက်ဘိနက် ဝန်ကြီးများအစည်းအဝေးခန်းတို့
အပါအဝင် နေရာသစ်များကို အများပြည်သူသို့ လေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်း အတွင်းဝန်ရုံး ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မမေသန္တာဝင်းက ပြောသည်။

ယခုနှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် နေရာသစ်များကို အများ ပြည်သူ ကြည့်ရှုလေ့လာခွင့်ရရှိရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ဇူလိုင် ၁၉ ရက် အာဇာနည်နေ့တွင် နံနက် ၈ နာရီခွဲမှ စတင်ကာ အများပြည်သူများသို့ ကြည့်ရှုလေ့လာခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။

''အရင်နှစ်တွေနဲ့မတူဘဲ ဒီနှစ်မှာ တိုင်းပြုပြည်ပြုလွှတ်တော်ရုံး(ပါလီမန် အဆောက်အအုံ)ကို အများပြည်သူလေ့လာနိုင်ဖို့ ပထမဆုံးအကြိမ် ဖွင့်ပေး သွားမယ်။ အဲဒီအဆောက်အအုံက ၁၉၂ဝ ခုနှစ်ကျော်လောက်ကတည်းက ဆောက်ခဲ့တဲ့ဟာ။ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီမွေးဖွားတဲ့နေရာလို့တောင် ပြောလို့ရတယ်။ လွှတ်တော်ရဲ့ ကနဦးနေရာလည်း ဖြစ်ပါတယ်။
နောက်ပြီးတော့ ဗိုလ်ချုပ်တို့ လုပ်ကြံခံရတဲ့အခန်း။ အရင် ဘယ်တုန်းကမှ အများပြည်သူကို ဖွင့်မပြခဲ့ဘူး။ ဒီနှစ်က ပထမဆုံးဖွင့်ပြမယ့် နှစ်ဖြစ်တယ်။ အထဲမှာလည်း ဗိုလ်ချုပ်တို့ လုပ်ကြံခံရတုန်းက ရှိခဲ့တဲ့ ပရိဘောက အဟောင်းတွေ၊ လုပ်ကြံခံရတုန်းက ကျန်ခဲ့တဲ့ စားပွဲတွေ၊ ခုံတွေ အကုန်လုံးကို အမျိုးသားပြတိုက်ကနေ အဲဒီနေ့ တစ်ရက်အတွက် ငှားပြီး အများပြည်သူကြည့်ရှုခွင့်ရမယ်''ဟု မမေသန္တာဝင်းက ယခုနှစ် အာဇာနည်နေ့အတွက် အတွင်းဝန်ရုံးအတွင်း ပြင်ဆင်ဆောင်ရွက်ထားမှုများကို ရှင်းပြသည်။

နှစ် (၇ဝ)ပြည့်အထိမ်းအမှတ် အာဇာနည်နေ့အခမ်း အနား၌ နံနက် ၈ နာရီတွင် အတွင်းဝန်ရုံးအတွင်းရှိ အာဇာနည်အထိမ်းအမှတ်ကျောက်တိုင်နှင့် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့စဉ် အလံတင်အခမ်းအနားပြုလုပ်ခဲ့ သည့် အလံတိုင်တွင် နိုင်ငံတော်အလံလွှင့်တင်ခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူများကို နံနက် ၈ နာရီခွဲမှစတင်ကာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်တွင် တိုင်းပြုပြည်ပြုလွှတ်တော်ရုံး (ပါလီမန် အဆောက်အအုံ)ကို ဖွင့်လှစ်ပြသမည်ဖြစ်ပြီး အဆိုပါ လွှတ်တော်နေရာတွင် ၁၉၃၆ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ မြန်မာနိုင်ငံ၏လွှတ်တော်ကို ကျင်းပခဲ့သည်။ မြန်မာနိုင်ငံ၏ အစောပိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေများကိုလည်း ထိုလွှတ်တော်ရုံးတွင် မူကြမ်းရေးဆွဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အတွင်းဝန်ရုံး အနောက်ဘက်အဆောင်ရှိ ကက်ဘိနက်ဝန်ကြီးများ အစည်းအဝေးခန်းမကို အများပြည်သူကို လေ့လာခွင့်ပြုမည်ဖြစ်ပြီး ယင်းအစည်းအဝေး ခန်းမကို ၁၉ဝ၅ ခုနှစ်ကတည်းက အုပ်ချုပ်ရေး၊ စီမံရေးရာ များအတွက် အသုံးပြုခဲ့သည်။ ယင်းအခန်းမှာ ဗိုလ်ချုပ် အောင်ဆန်း၏ ရုံးထိုင်ရာ အခန်းလည်းဖြစ်သည်။ ယခုနှစ် တွင် အမျိုးသားပြတိုက်၌ ထိန်းသိမ်းထားခဲ့သော လုပ်ကြံခံရစဉ်က ရှိခဲ့သည့် မူရင်းပရိဘောဂများကို ခေတ္တ ငှားရမ်းကာ ထားရှိပြသသွားမည်ဖြစ်သည်။

အာဇာနည်နေ့အခမ်းအနားနှင့်အတူ ပန်းချီပြပွဲကိုလည်း ကျင်းပသွားမည်ဖြစ်ပြီး အသက် (၁ဝ)နှစ်မှ (၁၄) နှစ်ကြား ကျောင်းသားများ၏ ပန်းချီအနုပညာ လက်ရာများကို မေလလယ်မှစတင်၍ ပေးပို့ရန် ဖိတ်ခေါ် ခဲ့ပြီး လက်ရှိပန်းချီကားပေါင်း ၂၇ဝ ကျော် လက်ခံရရှိ ခဲ့ပြီဖြစ်ကာ ယင်းနေ့တွင် အတွင်းဝန်ရုံးအတွင်း၌ ပန်းချီ ကား ၄ဝ ခန့်ကို ပြသထားရှိမည်ဟု သိရသည်။ အလားတူ ပန်းချီပြပွဲ ဆုချီးမြှင့်ပွဲကိုလည်း မွန်းလွဲ ၂ နာရီတွင် အတွင်းဝန်ရုံးအတွင်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အတူ အာဇာနည်နေ့အထိမ်းအမှတ် အမျှအတမ်း ပေးလှူခြင်းကို ဇူလိုင် ၁၈ ရက် ညနေ ၆ နာရီတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်တွင် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် အတွင်းဝန်ရုံး အဆောက်အအုံကို ထိန်းသိမ်းရန် ကြိုးပမ်းမှုများနှင့် အာဇာနည်နေ့တွင် ပြုလုပ်မည့် အစီအစဉ်အခမ်းအနားများကို တစ်ပြေးညီ သိရှိလိုသော ပြည်သူများအတွက် ရည်ရွယ်၍ ဖေ့စ်ဘွတ်စာမျက်နှာတစ်ခု ပြုလုပ်ထားကြောင်း သိရသည်။

တစ်နေ့တာအတွင်း အတွင်းဝန်ရုံးတွင် ပြုလုပ်သော အစီအစဉ်များကို Live ဗီဒီယိုအဖြစ်ဖေ့စ်ဘွတ်စာမျက်နှာမှတစ်ဆင့်တိုက်ရိုက်လွှင့်တင်သွား
မည်ဖြစ်သဖြင့် ww.facebook.com/thesecretariatyangon/ တွင် ဖတ်ရှုကြည့်ရှုနိုင်ကြောင်း ယနေ့အတွင်းဝန်ရုံးတွင် ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

Credit:The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
Elon Musk ၏ စိန်ခေါ်သံ (သို့) ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်လာသည်အထိ ဓနအောင်မြင်မှု လမ်းကြောင်းပေါ်သို့ ရောက်စေသည်မှာ မ
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
ဟောင်ကောင် ရေကြောင်းရဲအရာရှိတစ်ဦး ၁၀ ဒေါ်လာဖိုး ဖုန်းဆက်ထီထိုးခဲ့ရာ ဒေါ်လာ ၆၉ သန်း Jackpot ဆုကြီး ထီပေါက်
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
Infinity@111Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service