ကမ္ဘာ့ အိမ်ခြံမြေဈေးနှုန်း အမြင့်မားဆုံး နိုင်ငံ ဖြစ်လာတဲ့ ဟောင်ကောင်

ကမ္ဘာ့ အိမ်ခြံမြေဈေးနှုန်း အမြင့်မားဆုံး နိုင်ငံ ဖြစ်လာတဲ့ ဟောင်ကောင် - Property News in Myanmar from iMyanmarHouse.com
6 Jul 2017 10:22 am တွင် တင်ခဲ့သည်
882 ကြိမ် ကြည့်ရှု့ပြီး
နယူးယောက် အနောက်ပိုင်း အဆင့်မြင့် ရပ်ကွက်ထဲမှာ တယောက်အိပ် အိမ်ခန်း ကောင်းကောင်း ဖြစ်ဖြစ်၊ ဒါမှမဟုတ် ချီကာဂိုက လင်ကွန်းဥယျာဉ် အိမ်ရာမှာ ၃ ယောက်အိပ် အိမ်ခန်း ကောင်းကောင်း ဝယ်လို့ရတဲ့ ပမာ ဏ ဖြစ်တဲ့ ဒေါ်လာ ၆၆၄၀၀၀ ဆိုတာက ဟောင်ကောင်မှာတော့ အရှည် ၁၇ ပေ၊ အကျယ် ၁၁ သာ ရှိတဲ့ ကားထားဖို့ နေရာလေး တခုပဲ ဝယ်လို့ ရနိုင် မှာပါ။

ဒီဈေးနှုန်းဟာ လက်ရှိကမ္ဘာမှာ ကားပါကင်နေရာ အတွက် ဈေးအမြင့်ဆုံး နဲ့ ရောင်းချလာတာ အဖြစ် မှတ်တမ်းဝင်စေပါပြီ။ နယူးယောက်မှာ ကားထား ဖို့ နေရာ အတွက် ကုန်ကျစရိတ်က ဒေါ်လာ ၂၈၀၀၀၀ လောက်ပဲ ရှိတာပါ။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ဟောင်ကောင်မှာ အဲဒီ ဈေး ၂ ဆ လောက် နဲ့ ကားထားဖို့ နေရာတွေ ရောင်းချလာတာက အံ့သြစရာပါ။

Forbes မဂ္ဂဇင်းရဲ့ ဖော်ပြချက်မှာလည်း ပြီးခဲ့သည့် ၇ နှစ်တာ အတွင်းေ ဟာင်ကောင်ဟာ ကမ္ဘာပေါ်မှာ အိမ်ခန်းဈေး အမြင့်ဆုံး နေရာ ဖြစ်လာပါ တယ်။

အခုလို ကားပါကင် ဈေးနှုန်း မြင့်လာတာက အဆင့်မြင့် အိမ်တွေနဲ့ သူဌေးေ တွ နေထိုင်မှု များလာတာကြောင့် လို့ လေ့လာသူတွေက သုံးသပ်နေကြပါ တယ်။ ဒီ ဈေးနှုန်းနဲ့ ပါကင်နေရာ ရောင်းချတာဟာ ဟောင်ကောင်နဲ့ ပတ် သတ်တဲ့ ရောင်းဝယ်မှုတွေထဲမှာ ဈေးအမြင့်ဆုံး ပါပဲ လို့လည်း ဟောင်ကောင် တက္ကသိုလ်ရဲ့ တည်ဆောက်ရေး ဗိသုကာပညာရှင် ပါမောက္ခ Lennon Choy က နယူးယောက်တိုမ်း သတင်းစာကို ပြောပါတယ်။

ဒီလို ဈေးကြီးတဲ့ အိမ်ခြံနဲ့ ကားပါကင်တွေ ရှိတဲ့ နေရာက ဟောင်ကောင် ရဲ့ မြောက်ဘက်ပိုင်းမှာ တည်ရှိပြီး အဆင့်မြင့် အိမ်ရာတွေ အများအပြား တည်ရှိတဲ့ Upton ဝန်းကျင်က နေရာတွေပါ။ အဲဒီ နေရာဝန်းကျင်က အိမ်ရာေ တွရဲ့ ဈေးနှုန်း ကလည်း ဒေါ်လာသန်း ၃၀ ကနေ ၇၀ အထိ ရှိပါတယ်။ေ ဟာင်ကောင်ရဲ့ အချက်အချ အကျဆုံး အပိုင်းလို့ လည်း ဖြစ်ပါတယ်။

ပြည်ပကနေ ရင်းနှီးးမြှပ်နှံသူတွေ ဝင်ရောက်လာတာကြောင့် ကျွန်းငယ်ေ လး ဟောင်ကောင်မှာ အိမ်ဈေးတွေ မြင့်တက် နေတာဖြစ်ပြီး၊ အထူးသြ့ဖင့်ေ တာ့ တရုတ်ပြည်မကြီးက သူဌေးတွေ အများဆုံး ဝင်ရောက်နေတာ တွေ့ရပါ တယ်။

ပြည်မကြီးက သူဌေးတွေဟာ အိမ်တွေ ဝယ်ယူရာမှာ နေထိုင်ဖို့ထက် ရင်းနှီြး မှပ်နှံမှု ပုံစံနဲ့ ဝယ်ယူလာတာကြောင့် ပြီးခဲ့တဲ့ ၃ နှစ်က စပြီး ဈေးနှုန်းေ တွ မြင့်တက်သွားတာ ဖြစ်တယ် လို့ သိရပါတယ်။

Credit: Irrawaddy

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

တရုတ်ဘီလျံနာကြီး ရစ်ချတ်လျိုက တက္ကသိုလ်တက်စဉ် ယွမ် ၅၀၀ နှင့် ကြက်ဥ ၇၆ လုံး ထောက်ပံ့ပေးခဲ့ ဖူးသော ဇာတိကျေးရွာလေးမှ ရွာသူရ

အမေရိကန်ပြည်တွင် အိမ်ရာမဲ့များကို စာနာသနားသောကြောင့် အမျိုးသားတစ်ဦးက အားလပ်ချိန်များတွင် အလျား ပေ ၂၀ ရှိ အိမ်ငယ်လေးများ

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service