ဗိသုကာပညာရှင်တစ်ဦးက ဘောလုံးဒီဇိုင်းကို မှီငြမ်းကာဘောလုံးသဏ္ဌာန် စံအိမ်ကြီးကို မက်စီအတွက် ဒီဇိုင်းထုတ် ပေးလိုက်သည်။ ဒုလုံးရှည်သဏ္ဍာန် စံအိမ်ကြီးသည် ခေါင်မိုးတွင်မြက်ခင်းနှင့် စိမ်းလန်းစိုပြေနေမည်ဖြစ်သည်။
မက်ဆီ အရူးအမူးဖြစ်သည့်အရာများနှင့် မက်ဆီ ၏ လူနေမှုဘ၀ကို လေ့လာကာ ၎င်း စိတ် ကြိုက်ဖြစ်နိုင်မည့် ဒီဇိုင်းကို ဗိသုကာပညာ ရှင်ကထုတ်ပေးလိုက်ခြင်းဖြစ်သည်။
အဆိုပါစံအိမ်ကြီးကို စပိန်နိုင်ငံ ဘာစီလိုနာမြို့မြောက်ဘက်မှ မိုင် ၂၀ ခန့်ဝေးသော သစ်တောထူထပ်သည့်နေရာတွင် တည်ဆောက်သွားရန်၎င်းက အဆိုတင်ထားသည်။ ယင်းအိမ်ကြီးကို အပေါ်စီးမှ လှမ်းကြည့်မည်ဆိုလျှင် ဘောလုံးသဏ္ဌာန် ဖြစ်နေမည်ဖြစ်သည်။
ဘောလုံးအကွက် များဖြစ်စေရန် ခေါင်မိုးတွင် အကွက်ဖော် ထားပြီး ယင်းအကွက်များအနက်တစ်ဝက် ကို မြက်ခင်းခင်းထားမည်ဖြစ်ကာ ကျန် တစ်ဝက်ကို မှန်များ တပ်ဆင်သွားမည်ဖြစ် သည်။
သဘာဝအလင်းရောင် ဝင်နိုင်စေ ရန် တစ်ဝက်ကို မှန်တပ်သွားရန်
ဗိသု ကာပညာရှင်က စီစဉ်ခြင်းဖြစ်သည်။ ခြံ ဝင်း အရှေ့ဘက်ခြမ်းတွင် မြက်ခင်း စိမ်း စိုနေမည်ဖြစ်ပြီး အိမ်အနောက်ဘက်ခြမ်း တွင် ဧရာမရေကူးကန်ကြီးတည်ဆောက် ထားမည်ဖြစ်သည်။
Credit: Pyi Myanmar