တစ်ပတ်အတွင်း အိမ်ခြံမြေသတင်းများ

တစ်ပတ်အတွင်း အိမ်ခြံမြေသတင်းများ - Property News in Myanmar from iMyanmarHouse.com
5 Jul 2017 11:20 am တွင် တင်ခဲ့သည်
792 ကြိမ် ကြည့်ရှု့ပြီး
-ရုရှားအခြေစိုက် Regiontransneft အမည်ရှိကုမ္ပဏီက အီရန်နိုင်ငံ၊ ကွမ်မြို့တွင် ယူရို ၂ ဒသမ ၈ ဘီလီယံ (ကန်ဒေါ်လာ ၃ ဒသမ ၁ ဘီလီယံ) တန်ကြေးရှိ လေဆိပ်သစ်ကြီး ဆောက်လုပ်ခွင့်ရရှိခဲ့သည်။

-လာမည့် ၁၂ လတာ ကာလအတွင်း ဟောင်ကောင်အိမ်ခြံမြေဈေးနှုန်းများ ၃၀ ရာခိုင်နှုန်းခန့် ကျဆင်းနိုင်ကြောင်း အိမ်ခြံမြေကျွမ်းကျင် ပုဂ္ဂိုလ်တို့က ဟောကိန်းထုတ်လိုက်သည်။

- ဒူဘိုင်းအိမ်ခြံမြေဈေးကွက်တွင် လူနေအိမ်ခြံမြေကဏ္ဍဈေးနှုန်းများသည်
၃ ဒသမ ၆၉ ရာခိုင်နှုန်းကျဆင်းသွားသည်။

- ဆော်ဒီအာရေးဗီးယားတွင် အလယ်အလတ်တန်း
ဝင်ငွေရှိသူများအတွက် လူနေခန်းပေါင်း ၁၀၀၀၀၀ ဆောက်လုပ်မည်ဖြစ်ရာ ယခုအခါ အီဂျစ် developer ဖြစ်သည့် Al-Ahly က ရေးဆွဲသော ဒီဇိုင်းကို ဆော်ဒီအိုးအိမ်ဝန်ကြီးဌာနက အတည်ပြုပေးလိုက်ပြီဖြစ်သည်။

- မော်ရိုကိုနိုင်ငံတွင် ကမ္ဘာ့အကြီးမားဆုံး ပင်လယ်ရေမှ ရေချိုထုတ်လုပ်သည့် စက်ရုံတည်ဆောက်ရန် စီစဉ်လျက်ရှိပြီး စီမံကိန်း ပထမဆင့်အတွက် ကန်ဒေါ်လာ ၃၅၂ ဒသမ ၉ သန်းခန့် ကုန်ကျဖွယ်ရှိသည်ဟု
ခန့်မှန်းထားသည်။

- ဗီယက်နမ်အိမ်ခြံမြေကဏ္ဍတွင် ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုမှာ စီမံကိန်းပေါင်း ၆၁၈ ခုအတွက် ကန်ဒေါ်လာ ၇၀၁ ဖိုးရှိခဲ့သည်။ ဇွန်လကုန်အထိ လိုင်စင်ရယူထားသည့် အိမ်ခြံမြေကုမ္ပဏီပေါင်း ၂၂၇၉ ရှိရာ ယခင်နှစ်ကထက်
၆၈ ဒသမ ၃ ရာခိုင်နှုန်း မြင့်တက်လာသည်။

- တရုတ်ပြည်မကြီးရှိ မြို့ကြီးများစွာတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အကောင်အထည်ဖော်လျက်ရှိသော china resources land ကုမ္ပဏီက ဟောင်ကောင်မြို့လယ်ရှိ စတုရန်းပေ ၅၂၂၃ ကျယ်ဝန်းသော မြေနေရာကို ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ (ကန်ဒေါ်လာ ၁၄၀
ဒသမ ၉ သန်း) ဖြင့် ဝယ်ယူလိုက်သည်။

-လီကာရှင်း၏ ချုံကောင်း Property Holdings က ဟောင်ကောင်မြို့လယ်မှ မိနစ် ၈၀ ခရီးအကွာတွင် တည်ရှိသည့် မြေနေရာကို ဟောင်ကောင်ဒေါ်လာ ၁ ဒသမ ၉၅ ဘီလီယံ (ကန်ဒေါ်လာ ၂၅၂ သန်း) ဖြင့် ဝယ်ယူလိုက်သည်။
-အမေရိကန်ပြည်ထောင်စု၊ ဆန်ဂျို့စ်၏ နာမည်ကျော်
ဆီလီကွန်တောင်ကြားရှိ စိန့်ကလဲဟိုတယ်ကို တောင်ကိုရီးယား developer က ကန်ဒေါ်လာ ၆၄ သန်းဖြင့် ဝယ်ယူလိုက်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
တစ်ပတ်အတွင်း အိမ်ခြံမြေသတင်းများ - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဒေါ်လာ သန်း ၂၀၀၀ Powerball ထီဆုကြီး ကံထူးခဲ့သူ အက်ဒ်ဝင် ကက်စ်ထရို၏ နေအိမ် လော့စ်အိန်ဂျလိ တောမီးထဲ ပါသွား

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

CarsDB
Infinity@111Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service