ဒေါ်လာနဲ့ယှဉ်ရင် ယူရိုနဲ့ စတာလင်ပေါင်ငွေကြေး တန်ဖိုးကျ

ဒေါ်လာနဲ့ယှဉ်ရင် ယူရိုနဲ့ စတာလင်ပေါင်ငွေကြေး တန်ဖိုးကျ - Property News in Myanmar from iMyanmarHouse.com
5 Jul 2017 10:53 am တွင် တင်ခဲ့သည်
3636 ကြိမ် ကြည့်ရှု့ပြီး
ယူရိုငွေကြေးနဲ့ စတာလင်ပေါင်ငွေကြေးတန်ဖိုးတွေဟာ ဇူလိုင်လ
၃ ရက်မှာတော့ အမေရိကန်ဒေါ်လာနဲ့ နှိုင်းယှဉ်ရင် တန်ဖိုးလျော့ကျ
ခဲ့တယ်လို့ သိရပါတယ်။

စီးပွားရေးဖွံ့ဖြိုးမှုအားကောင်းဖို့အတွက်
ငွေကြေးမူဝါဒတွေ တင်းကျပ်ခဲ့တဲ့ နိုင်ငံတကာဗဟိုဘဏ်တွေရဲ့
လုပ်ဆောင်ချက်တွေနဲ့အတူ ယူရိုနဲ့ ပေါင်ငွေကြေး တန်ဖိုးအားကောင်း
ခဲ့မှုလည်း ရပ်ဆိုင်းသွားခဲ့တာဖြစ်ပါတယ်။

အလားတူ ယခုနှစ်ရဲ့ ဒုတိယခြောက်လပတ် ကျရောက်လာတာနဲ့
အတူ ဥရောပ စတော့ဈေးကွက်တွေဟာလည်း အကြီးအကျယ်
ကျဆင်းမှုတွေကနေ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။
ကမ္ဘာ့စီးပွားရေး လမ်းကြောင်းမှန်ပေါ် ပြန်တက်လာတာနဲ့အတူ
ငွေပေါများရေးခေတ်ဟာလည်း ပိတ်သိမ်းဖို့နီးကပ်လာပြီဆိုပြီး
အင်္ဂလန်ဗဟိုဘဏ်နဲ့ ကနေဒါဗဟိုဘဏ်တို့က ညွန်းဆိုမှုတွေ
ထုတ်ဖော်ခဲ့ပြီးနောက် ပြီးခဲ့တဲ့အပတ်ကတော့ ဒေါ်လာဈေး ထိုး
ကျနေခဲ့တာဖြစ်ပါတယ်။

" ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးကတော့ အတက်ဘက်ကို ညွှန်းဆို
နေချိန်မှာပဲ တစ်ဘက်မှာလည်း နိုင်ငံတွေတစ်ခုချင်းစီရဲ့ အရေးပေါ်
ငွေကြေးမူဝါဒချမှတ်မှုအချိန်ကာလဟာလည်း ကုန်ဆုံးခဲ့ပါပြီ" လို့ AxiTrader က ဈေးကွက်မဟာဗျူဟာအရာရှိချုပ် Greg McKenna
က ပြောပါတယ်။

ယခုနှစ် ပထမနှစ်ဝက်အတွင်းမှာတော့ ဥရောပ ယူရိုငွေကြေးဟာ
အမေရိကန် ဒေါ်လာနဲ့ယှဉ်ရင် ၁၀ ရာခိုင်နှုန်းလောက် ခုန်တက်ထားခဲ့
တာဖြစ်ပါတယ်။ တစ်ဘက်မှာလည်း ဗြိတိန်တို့ရဲ့ အီးယူကနေနှုတ်
ထွက်မယ့်ကိစ္စတွေရှိနေသော်ငြားလည်း စတာလင်ပေါင်ငွေတန်ဖိုး
ဟာလည်း ဇန်န၀ါရီမှာ နိမ့်ကျမှုတွေရှိခဲ့ပေမယ့် နောက်ပိုင်း
ကာလတွေမှာ များများစားစား တန်ဖိုးတက်ထားခဲ့ပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက်က ဒေါ်လာဈေးပြန်လည်
နားလန်ထူလာမှုကတာ့ သိပ်တာရှည်မခံနိုင်ဘဲ ရေတိုကာလမှာပဲ
ဖြစ်ကောင်းဖြစ်နိုင်တယ်ဆိုပြီး လုပ်ငန်းပိုင်းအကဲဖြတ်တွေက
သုံးသပ်ပြောဆိုနေခဲ့ကြပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

Adele က သရဲခြောက်သည်ဟုပြောခဲ့သောကြောင့် အင်္ဂလန်မှ ကြီးကျယ်ခမ်းနားလှသော စံအိမ်ကြီးမှာ ၁၀ နှစ်ကြာ အရောင်းတင်ထားသော်လည်း ယ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service