FMI မှ လုပ်ဆောင်နေသည့် စီမံကိန်း ဖြစ်သော Landmark Development စီမံကိန်းအား Yoma Central စီမံကိန်းအဖြစ် အမည်ပြောင်းလဲကာ စီမံကိန်း စတင်မှုကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်တွင် စတင်ခဲ့ပြီး လက်ရှိကာလ တွင် သက်တမ်းနှစ် ၂၀ ခန့်သာ ရှိသေးသည့် Grand Meeyahta ဟိုတယ် အဟောင်းနှင့် FMI စင်တာကို ဖြိုချ ဖယ်ရှားနေကာ ပြီးစီးသည်နှင့် ယခုဘ ဏ္ဍာနှစ်အတွင်း စီမံကိန်း စတင်တည်ဆောက်မည် ဖြစ်ကြောင်း FMI ၏ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ဆိုင်ရာ အစီရင်ခံစာအရ သိရသည်။
Yoma Central စီမံကိန်းအဖြစ် အမည်ပြောင်းလဲလိုက်သည့် စီမံကိန်းတွင် စီမံကိန်း (က) နှင့် (ခ) အဖြစ် နှစ်ခုပါဝင်ပြီး ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Mixed - used ဘက်စုံ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းနှင့် မြန်မာ့မီးရထား ရုံးချုပ်ေ ဟာင်းအား The Peninsula Yangon အဖြစ် ဖော်ဆောင်ခြင်းတို့ ပါဝင်သည်။
ကြမ်းခင်းဧရိယာ ၂ ဒသမ ၄၄ သန်းခန့် ရှိသည့် Yoma Central စီမံကိန်း တွင် နာမည်ကြီး Peninsula အမှတ်တံဆိပ် လူနေအိမ်ခန်းများ၊ Grade A အ ဆင့်ရှိ ရုံးခန်းတာဝါ နှစ်ခုနှင့် စီးပွားရေးလုပ်ငန်းသုံး ဟိုတယ် တစ်လုံး၊ ၀န်ေ ဆာင်မှု ပါရှိသည့် လူနေအိမ်ခန်းများနှင့် ယင်းတို့ကို Shooping Center တစ် ခုနှင့် ချိတ်ဆက်မည့်စီမံကိန်းများ ပါဝင်မည်ဖြစ်ကြောင်း FMI ဥက္ကဋ္ဌ ဦးသိမ်းေ ၀က ပြောကြားထားသည်။
“၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် လုပ်ငန်းတွေအားလုံး ပြီးဆုံးသွားချိန်မှာ Yoma Central စီမံကိန်း အိမ်ခြံမြေစီမံကိန်းတွေရဲ့ စံပြ ဖြစ်လာမှာဖြစ်ပါတယ်။ ဒေါ် လာ သန်း ၇၀၀ ကျော် မြှုပ်နှံသွားမှာဖြစ်ပြီး အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားရ င်းနှီးမြှုပ်နှံမှုရဲ့ အကြီးဆုံးစီမံကိန်း ဖြစ်လာပါမယ်” ဟု ဦးသိမ်းဝေက ဆိုသည်။
အမေရိကန်ဒေါ်လာ သန်း ၇၀၀ ကျော် ကုန်ကျမည် ခန့်မှန်းထားသည့် အဆို ပါ Yoma Central စီမံကိန်းအတွက် FMI မှ ရှယ်ယာ ၁၂ ရာခိုင်နှုန်း၊ Yoma Strategic Investments Limited မှ ရှယ်ယာ ၄၈ ရာ ခိုင်နှုန်း၊ Mitsubishi Corporation, Mitsubishi Estate Co.Ltd(Collectively) မှ ရာခိုင်နှုန်း ၃၀၊ International Finance Corporation မှ ငါးရာခိုင်နှုန်းနှင့် Asian Development Bank မှ ငါးရာခိုင်နှုန်း အစု ရှယ်ယာ ထည့်ဝင်ကြမည်ြ ဖစ်သည်။
မြန်မာ့မီးရထားရုံးချုပ်ဟောင်းအား The Peninsula Yangon အဖြစ် ဖော်ေ ဆာင်ရာတွင် Hongkong and Shanghai Hotel က ရာခိုင်နှုန်း ၇၀၊ Yoma Strategic Investments Limited မှ ၂၄ ရာခိုင်နှုန်းနှင့် FMI မှ ခြောက်ရာ ခိုင်နှုန်း ပါဝင်မည်ဖြစ်သည်။
Credit: Eleven Media Group