တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် အိမ်ဈေးဖောင်းပွမှုကို လျှော့ချရန် မကြုံစဖူး အပြင်းထန်ဆုံးအိမ်ခြံမြေစည်းမျဉ်းတင်းကျပ်မှုများကို ပြုလုပ်ထားသဖြင့်
ဇွန်လအထိ ယခုနှစ် ပထမခြောက်လအတွင်း
အိမ်သစ်ရောင်းအားသည်
ယမန်နှစ်ထိုကာလအောက် ထက်ဝက်ကျဆင်းခဲ့သည်။
အစိုးရ မတည်သော တန်ဖိုးနည်းအိမ်ရာများမှအပ အိမ်သစ်ရောင်းချရမှုသည်
ယခုနှစ် ဇန်န၀ါရီမှာ ဇွန်အကြား ၃ ဒသမ ၅၇ သန်း စတုရန်းမီတာ ရှိခဲ့ပြီး
ယမန်နှစ် ထိုကာလရောင်းအားအောက် ၅၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ရှန်ဟိုင်းအိမ်ခြံမြေကုမ္ပဏီ Shanghai Homelink Real Estate Agency Co ကယခုတနင်္လာ (ဇူလိုင် ၃) တွင် ထုတ်ပြန်ခဲ့သည်။
ဇွန်လတစ်လတည်းတွင် ရောင်းအား ၆၈၆,၁၀၀ စတုရန်းမီတာသာ ရှိခဲ့ပြီး
ယမန်နှစ် ဇွန်အောက် ၄၅ ဒသမ ၁ ရာခိုင်နှုန်းနှင့် ယခုနှစ်မေအောက်
၃ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရသည်။ ရောင်းလိုအားတွင်လည်း
ဇွန်၌ အိမ်သစ် ၆၂၀,၃၀၀ စတုရန်းမီတာသာ ဈေးကွက်ထဲ ၀င်ရောက်လာခဲ့ပြီး
မေထက် ၁၅ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ရှန်ဟိုင်းမြို့တွင် အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရန် ကြိုးပမ်းမှုအဖြစ် မြို့အစိုးရက ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများ လက်ငင်းပေးချေရမည့် အနည်းဆုံးငွေပမာဏအား အိမ်တန်ဖိုး၏ ၃၅ ရာခိုင်နှုန်းအဖြစ် ယမန်နှစ် နိုဝင်ဘာ ၂၈ က ကြေညာခဲ့သည်။ ယခင်သတ်မှတ်ချက်မှာ ၃၀ ရာခိုင်နှုန်းဖြစ်သည်။
ထို့ပြင် ပထမဆုံးအကြိမ်အိမ်ဝယ်ယူသူများဟူသည့် အသုံးအနှုန်းကိုလည်း
ရှန်ဟိုင်းတွင် အိမ်တစ်ကြိမ်တစ်ခါမျှဝယ်ယူဖူးခြင်းမရှိသူဖြစ်ရမည့်အပြင်
နိုင်ငံတစ်ဝန်းရှိ မည်သည့်ပုဂ္ဂလိကဘဏ် သို့မဟုတ် ပြည်သူ့အိုးအိမ်
ရန်ပုံငွေအဖွဲ့အစည်းထံကမျှ အိမ်ဝယ်ယူမှုအတွက် ချေးငွေလျှောက်ထား
ဖူးသူမဟုတ်သူဟု စည်းမျဉ်းတိုးမြှင့်ကာ အဓိပ္ပါယ်သတ်မှတ်လိုက်သည်။
ရှန်ဟိုင်းတွင် အိမ်တစ်အိမ်ပိုင်ဆိုင်ပြီးသူများ သို့မဟုတ် မပိုင်ဆိုင်
သေးသော်လည်း ထိုဘဏ်များ၊ အဖွဲ့အစည်းများထံမှ အိမ်ချေးငွေ
လျှောက်ထားသူဖူးသူများအား ဒုတိယအကြိမ်အိမ်ဝယ်ယူသူအဖြစ် သတ်မှတ်လိုက်သည်။ ယင်းစည်းမျဉ်းများသည် ကြေညာပြီးနောက်ရက်မှစတင်ကာ အာဏာသက်ရောက်နေပြီဖြစ်သည်။
ရှန်ဟိုင်းသာမက အခြားတရုတ်အဓိကမြို့ကြီးအများအပြားတွင်လည်း
အိမ်ခြံမြေဈေးကစားမှုများကို ထိန်းချုပ်ရန်နှင့် အိမ်ဈေးမြင့်တက်မှုနှုန်း မြန်ဆန်မှုကို လျှော့ချရန် အာဏာပိုင်များက အိမ်ဝယ်ယူမှုဆိုင်ရာကန့်သတ်မှုများ၊ လက်ငင်းငွေချေရသည့် ပမာဏတိုးမြှင့်မှုများနှင့် အိမ်ဝယ်ယူမှုချေးငွေအတိုးနှုန်းတိုးမြှင့်မှုများနှင့် တစ်ဆင့်ပြန်လည်ရောင်းချခွင့်အချိန်ကာလတိုးမြှင့်မှုများ အပါအ၀င် အိမ်ခြံမြေစည်းမျဉ်းများစွာကို တင်းကျပ်မှုများ ပြုလုပ်ထားသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com