တန်ဖိုးနည်း တိုက်ခန်းတွေ ဝယ်ယူတဲ့အရ ပေးဆောင်ရတဲ့ အခွန်အခတွေကို ကင်းလွှတ်ခွင့်ပြုဖို့ အစိုးရက စီစဉ်နေတယ်လို့ သိရပါတယ်။
အဲသည် အခွန်ကင်းလွှတ်ခွင့်ပေးတာကို ဘယ်အချိန်မှာ စတင် အကျိုးသက်ေ ရာက်မလဲ မသိရသေးပါဘူး။
အကျယ်အဝန်း စတုရန်းပေ ၆၀၀ ထက် မကျော်လွန်တဲ့ အိမ်ရာတွေကို တန် ဖိုးနည်းအိမ်ရာ သတ်မှတ်ထားပြီး တစ်စတုရန်းပေကို ကျပ်၂၃,၀၀၀ နဲ့ ရောင်း ချနိုင်တယ်လို့ သိရပါတယ်။
တန်ဖိုးနည်းတိုက်ခန်းတစ်ခန်းကို ကျပ်သိန်း ၁၅၀ အောက် ရောင်းချနိုင်ပြီး အ ခန်းအကျယ်အဝန်း အနိမ့်အမြင့်ပေါ် မူတည်ပြီး ဈေးကွာသွားနိုင်ပါတယ်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ကနေ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းမှာ အိမ်ရာ ဖွံ့ဖြိုးမှု ငါးနှစ်စီမံကိန်းအဖြစ် အိမ်ရာခန်းပေါင်း ၁.၈ သိန်းခန့် တည်ဆောက် မယ်လို့ သိရပါတယ်။
ပထမနှစ်နှစ်အတွင်း ကျပ်သိန်း ၁၀၀ ခန့် ရှိတဲ့ တန်ဖိုးနည်းတိုက်ခန်း ၈၀၀၀ ကျော်ကို စတင်တည်ဆောက် ရောင်းချမှာ ဖြစ်ပြီး စတုရန်းပေ ၃၀၀ လောက်ရှိတဲ့ တိုက်ခန်းတွေကိုလည်း သိန်း ၆၀ ဝန်းကျင်နဲ့ ရောင်းချနို င်အောင် တင်ပြထားတယ်လို့ သိရပါတယ်။
Credit: The Kumudra