မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း အသင်းသားစုံညီစည်းဝေး

မြန်မာနိုင်ငံ လိုင်စင်ရကန်ထရိုက်တာများအသင်း အသင်းသားစုံညီစည်းဝေး - Property News in Myanmar from iMyanmarHouse.com
4 Jul 2017 9:30 am တွင် တင်ခဲ့သည်
1299 ကြိမ် ကြည့်ရှု့ပြီး
မြန်မာနိုင်ငံ၏စီးပွားရေးကဏ္ဍနှင့် လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် တစ်ထောင့်တစ်နေရာမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာများအသင်း(MLCA)အနေဖြင့် အသင်း၏ဆောင်ရွက်ချက်များ၊ ရှေ့လုပ်ငန်းစဉ်များ၊ ဖွဲ့စည်းတည်ထောင်ပြီးဖြစ် သည့် အများပိုင်ကုမ္ပဏီနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြဆွေးနွေးရန် အသင်းသားစုံညီအစည်းအဝေး ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ရန်ကုန်မြို့ရှိ Sky Star Hotel ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်၍ အမှာ စကားပြောကြားရာတွင် တိုင်းပြည်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ရည်မှန်းချက်များနှင့် ကြိုးပမ်းဆောင်ရွက်နေသည့်အထဲတွင် မြို့ရွာသစ်များ တည်ဆောက်ရေး၊ စက်မှုဇုန်သစ်များ တည်ဆောက် ရေး၊ ဆိပ်ကမ်းသစ်၊ လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းစဉ်များ ပါဝင်လာမည်ဖြစ်ကြောင်း၊ ရန်ကုန်မြို့၏တစ်ဖက်ကမ်းတွင် ရန်ကုန်မြို့သစ် စီမံကိန်းကို တည်ဆောက်နိုင်ရန်အတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကြိုးပမ်းဆောင် ရွက်နေကြောင်း၊ သမိုင်းဝင်အဆောက်အအုံကြီး များနှင့် လှပသည့်မြို့သစ်ကြီး စိမ်းလန်းပြီး နေချင် စဖွယ် စီးပွားရေးမြို့တော်ကြီးအဖြစ် တည်ဆောက် နိုင်ရန်ဆိုလျှင် အခွင့်အလမ်းအားလုံးသည် ဆောက် လုပ်ရေးလုပ်ငန်းရှင်များ၏ လက်ထဲ၌သာရှိကြောင်း၊ ဆောက်လုပ်ရေးကဏ္ဍသည် တစ်ကမ္ဘာလုံးတွင် အရေးကြီးသည့်အခန်းကဏ္ဍတွင်ရှိနေပြီး ပြင်သစ် ကိုပဲကြည့်ကြည့်၊ အီတလီကိုပဲကြည့်ကြည့် အင်ဂျင် နီယာများ ဆောက်လုပ်ခဲ့သည့်အရာများကို လူအများက ဂုဏ်ပြုနေကြဆဲဖြစ်ကြောင်း၊ သမိုင်းတွင် ကျန်ရစ်မည့် အဆောက်အအုံများနှင့် မြို့တော်ကြီးကို နောင်လာနောက်သားများအား ပေးအပ်နိုင်ရန် ယခုတက်ရောက်လာသည့် ကန်ထရိုက်တာများအားလုံး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။

အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းက ''ကျွန်တော်တို့အသင်းဟာ ၂ဝ၁၆ ခုနှစ်မှာ ဖွဲ့စည်း နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့အသင်းအနေနဲ့လည်း နိုင်ငံတော်အစိုးရနဲ့လက်တွဲပြီး ရန်ကုန်တိုင်းဒေသ ကြီးရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စတွေမှာ တတ်နိုင် သလောက်ပါဝင်ပြီးတော့ ပူးပေါင်းဆောင်ရွက်ပါ မယ်။ ရန်ကုန်မြို့ရဲ့ လေယာဉ်ကွင်းတွေ၊ ဆိပ်ကမ်း မြို့ကြီးတွေ၊ အထူးစီးပွားရေးဇုန်တွေ တည်ဆောက် မယ့်ကိစ္စရပ်တွေမှာလည်း ကျွန်တော်တို့အနေနဲ့ ကြိုးစားဆောင်ရွက်သွားပါမယ်''ဟု ပြောသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံ လိုင်စင်ရ ကန်ထရိုက်တာ များအသင်း (MLCA)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ပြည်သူ့လွှတ်တော်ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ဆောက်လုပ်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ အသင်းသား အသင်းသူများ တက်ရောက်ကြပြီး အလှူငွေများ၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Credit: MOI Webportal Myanmar

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

TikTok လူမှုကွန်ရက်မှာ နာမည်ကြီးနေတဲ့ ထူးဆန်းသော အိမ်ခြံမြေကြော်ငြာတစ်ခုအကြောင်း

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

Infinity@111Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service