အစိုးရဝန်ထမ်းတွေအတွက်ပဲ သီးသန့်ရည်ရွယ်ဆောက်လုပ်မယ့် အငှားအိမ် ရာနဲ့ အရောင်းအိမ်ရာစီမံကိန်းတွေကို ပြည်တွင်းရှိ ဘဏ်အားလုံးနဲ့ ချိတ် ဆက်ဆောင်ရွက်မှာ ဖြစ်တယ်။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းနိုင်က “အစိုးရဝန်ထမ်းပေါင်းက ကိုးသိန်းခွဲလောက်ရှိတယ်၊ အဲဒီကိုးသိန်းခွဲထဲက တစ်နှစ်တစ်နှစ်ကို နှစ်သောင်း လောက်က ပင်စင်ယူနေတယ်၊ ပင်စင်သွားေ နတယ်၊ အဲဒီတော့ ပင်စင်သွားတဲ့ အချိန်မှာ ဝန်ထမ်းတွေနေရေးထိုင်ရေး ဒု က္ခမရောက်အောင် အိမ်ခန်းတစ်ခန်းဝယ်ပြီး ဖြစ်စေချင်တယ်၊ အဲဒီကိစ္စ မှာ ဆိုရင် CHDB ဘဏ် အပါအဝင် ဘဏ်အားလုံးနဲ့ လုပ်မယ်”လို့ ပြောပါတယ်။
အငှားအိမ်ရာနဲ့ အရောင်းအိမ်ရာစီမံကိန်းကို ပြည်နယ်နှင့်တိုင်း ဒေသကြီး အ သီးသီးမှာ ဆောက် လုပ်မှာ ဖြစ်ပါတယ်။ အငှားအိမ်ရာ ကို လက်ရှိတာဝန် ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေအတွက် ငှားပေးမှာ ဖြစ်တယ်။
အရောင်းအိမ်ရာကိုတော့ ပင်စင်ယူခါနီး ဝန်ထမ်းတွေကို ရောင်းချပေးမှာပါ။ ပင်စင်ယူခါနီး ငါးနှစ်အလို၊ ၁၀ နှစ်အလို ၊ ၁၅ နှစ်အလိုဆိုပြီး သတ်မှတ်ချက် နဲ့ ရောင်းချပေးမှာ ဖြစ်ပါတယ်။
‘အဲဒီကိစ္စကို စီစဉ်နေကျတုန်းပဲ ရှိသေးတယ်၊ တိတိကျကျ ကြေညာနိုင်တဲ့ အ ဆင့် မရောက်သေး ဘူး၊ ဒါက အကောင်အထည်ဖော်ဖို့ ဒီအိုင်ဒီယာတွေ ဒီ လမ်းညွှန်ချက်တွေကို ညှိကြနှိုင်းကြတုန်းပေါ့၊ ပရောဂျက်တစ်ခုစီ အနေနဲ့ေ တာ့ စနိုင်မှာပါ”လို့ ဦးဝင်းနိုင်က ပြောပါတယ်။
လက်ရှိမြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနကနေ အကောင်အထည်ဖော်ေ နတဲ့ တန်ဖိုးနည်းအိမ်ရာတွေကတော့ ပြည်သူအားလုံးအတွက် ရည်ရွယ်ေ ဆာက်လုပ်တာ ဖြစ်ပါတယ်။
Credit: The Kumudra