မန္တလေးတိုင်းအတွင်း ယခု ၂၀၁၇-၁၈ ဘဏ္ဍာနှစ်တွင် နှစ်လအတွင်း မြန် မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း လေးခုဝင် ရောက်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာ ဏ ကျပ် ၇၄ ဘီလီယံကျော် ရှိခဲ့ ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှုေ ကာ် မရှင်(မန္တလေး)မှ သတင်းရရှိသည်။
‘‘မန္တလေးတိုင်းအတွင်းမှာ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုအ နေနဲ့ အများဆုံး ရင်းနှီးမြှုပ်နှံထား တာကတော့ စက်မှုလုပ်ငန်းတွေ ပါ။ အခုဘဏ္ဍာနှစ်ထဲမှာ ဆိုရင် နှစ်လယ်အတွင်းမှာတင် ရင်းနှီး မြှုပ်နှံမှုပမာဏကျပ် ၇၄ ဘီလီ ယံေ ကျာ်အထိ ရှိလာခဲ့ပါတယ်’’ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မ ရှင်(မန္တလေး ) ညွှန်ကြားရေးမှူး ဒေါ်နွယ်နီဦးက ပြောသည်။
မန္တလေးတိုင်းအတွင်း ခွင့်ပြု ထားသော မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များတွင် စက်မှုကဏ္ဍ သည် မြှုပ်နှံမှုအများဆုံးအဖြစ် ရပ်တည်နေပြီး အိမ်ရာ အဆောက် အအုံတည်ဆောက် ဖွံ့ဖြိုးမှုကဏ္ဍနှင့် ဟိုတယ်၊ ခရီးသွားကဏ္ဍတို့ သည်လည်း ရင်းနှီးမြှုပ်နှံမှု အများဆုံးတွင် ပါဝင်နေသည်။
မန္တလေးတိုင်း၌ မြန်မာ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုသည် ပြီးခဲ့သည့် ၂၀၁၆- ၁၇ ဘဏ္ဍာနှစ်အတွင်း ကျပ် ၉၀၂ ဘီလီယံကျော် ရှိခဲ့သဖြင့် ပြည်နယ်နှင့် တိုင်းအားလုံးတွင် အများဆုံးအဖြစ် စံချိန်တင်နိုင်ခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ ကျပ် ၅၀၇ ဘီလီယံသာရှိခဲ့သည့် ရန်ကုန်တိုင်းထက် နှစ်ဆခန့်ပို၍ ၀င်ရောက် ခဲ့သည်ဟုဆို သည်။
Credit: 7DayDaily