ကမ္ဘောဒီးယားက အာရှဒေသမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို အဖိတ်ခေါ်နိုင်ဆုံးနိုင်ငံဖြစ်

ကမ္ဘောဒီးယားက အာရှဒေသမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို အဖိတ်ခေါ်နိုင်ဆုံးနိုင်ငံဖြစ် - Property News in Myanmar from iMyanmarHouse.com
3 Jul 2017 12:20 pm တွင် တင်ခဲ့သည်
392 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားဟာ အာရှဒေသမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို
အဆွဲဆောင်အဖိတ်ခေါ်နိုင်ဆုံးသော နိုင်ငံဖြစ်တယ်ဆိုပြီး
InvestAsian က ပြုစုတဲ့ လေ့လာချက်တစ်ခုအရ သိရပါတယ်။

InvestAsian ကတော့ ဒေသတွင်း နိုင်ငံ ၁၅ နိုင်ငံကို ယင်းတို့ရဲ့
စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေအတွက်
လမ်းဖွင့်ထားနိုင်မှုနဲ့ ဘဏ်လုပ်ငန်းဆိုင်ရာ ဖြေလျော့ပေးမှုတို့
အပါအ၀င် အချက်အလက်များစွာကို အခြေခံပြီး တိုင်းတာ
တွက်ချက်ခဲ့တာဖြစ်ပါတယ်။

ယင်းတိုင်းတာမှုအရ စီးပွားရေးတိုးတက်မှုအားကောင်းနေတဲ့
ကမ္ဘောဒီးယားအနေနဲ့ကတော့ နိုင်ငံတွင်းမှာ နိုင်ငံခြားသားတွေရဲ့
အဆောက်အအုံနဲ့ စီးပွားရေးလုပ်ငန်းပိုင်ဆိုင်နိုင်မှုတို့ကို လမ်းဖွင့်
ပေးထားနိုင်သလို ဘဏ်အကောင့်တွေနဲ့ ကာလရှည်ဗီဇာတွေ ရဖို့
လွယ်ကူရိုးစင်းမှုတွေရှိနေတာကြောင့် ခုလို အာရှဒေသတွင်း ပြည်ပ
ရင်းနှီးမြှုပ်နှံမှုတွေကို အဖိတ်ခေါ်နိုင်ဆုံး နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့
တာလို့ သိရပါတယ်။

" ယခုနှစ် InvestAsian ရဲ့ အညွန်းကိန်းမှာတော့ ကမ္ဘောဒီးယားက
ထိပ်ဆုံးမှာရှိခဲ့ပါတယ်၊ ခုနှစ်မှာ အာရှဒေသ နိုင်ငံအများစု
လျင်လျင်မြန်မြန်ပဲ တိုးတက်လာနေပါတယ်၊ ဒါပေမယ့်လည်း
တိုးတက်မှုနှုန်းမြန်ဆန်တာနဲ့ စီးပွားရေးလုပ်ငန်းလုပ်ဖို့ လွယ်ကူ
အဆင်ပြေနိုင်မှု တို့ ပေါင်းစပ်လိုက်တဲ့အခါ ကမ္ဘောဒီးယားက ခုလို
ကျန်နိုင်ငံတွေထက် သာလွန်သွားတာပါ" လို့ InvestAsian
တည်ထောင်သူ Reid Kirchenbauer က ပြောပါတယ်။

အလားတူ ယင်းရဲ့ အညွန်းကိန်းမှာလည်း ဖိလစ်ပိုင်က စီးပွားရေး
တိုးတက်အားကောင်းမှုနဲ့အတူ အဆင့် ၂ နေရာမှာ ရပ်တည်နိုင်ခဲ့ပြီး
ယင်းနိုင်ငံဟာလည်း နိုင်ငံခြားသားတွေအတွက် အိမ်ရာအဆောက်
အအုံ ပိုင်ဆိုင်နိုင်မှုနဲ့ ဗီဇာရရှိမှု ပိုင်း အလားအလာကောင်းမွန်
လျက်ရှိတယ်လို့ သိရပါတယ်။

တစ်ချိန်တည်းမှာပဲ ယင်းအညွှန်းကိန်းအရ ရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့
အဆိုးဆုံးဒေသတွင်း နိုင်ငံကတော့ ဘရူနိုင်းနိုင်ငံ ဖြစ်တယ်လို့
သိရပါတယ်။

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

Tom Hanks ၏ လော့စ်အိန်ဂျလိစံအိမ် တောမီးဘေးမှ အံ့ဖွယ် မီးကွင်းကျန်ရစ်ခဲ့

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

တရုတ်ပြည်တွင် ဦးနှောက်လေဖြတ် ဝေဒနာခံစားရသောကြောင့် မိဘများ၏ စွန့်ပစ်ခံရသော မိန်းကလေး လမ်းပေါ်တွင် ဆံညှပ်များရောင်းရင်း အ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

CarsDB
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service