တနင်္သာရီတိုင်း ဖွံ့ဖြိုးရေးပင်မစီမံချက် JICA နှင့် ပူးပေါင်းရေးဆွဲမည်

တနင်္သာရီတိုင်း ဖွံ့ဖြိုးရေးပင်မစီမံချက် JICA နှင့် ပူးပေါင်းရေးဆွဲမည် - Property News in Myanmar from iMyanmarHouse.com
3 Jul 2017 11:36 am တွင် တင်ခဲ့သည်
889 ကြိမ် ကြည့်ရှု့ပြီး
တနင်္သာရီတိုင်းဒေသကြီး၏ ဖွံ့ဖြိုးရေးပင်မစီမံချက် (Master Plan) ကို ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA က ယခုဇွန်လ ကုန်တွင် စတင်ရေးဆွဲမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းက မြန်မာတိုင်း(မ်)ကို ပြော သည်။

မြန်မာနိုင်ငံအစိုးရအဖွဲ့ တာဝန်ရှိသူများ၏ ဂျပန်နိုင်ငံခရီးစဉ်များအတွင်း ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း အပြီးသတ်အကောင်အထည်ဖော်မည့် အဆင့်စီမံချက်ရေးဆွဲခြင်းနှင့်အတူ တိုင်းဒေသကြီး ဖွံ့ဖြိုးရေး ပင်မစီမံချက် ကိုပါ ပူးတွဲရေးဆွဲပေးရန် ဂျပန်အစိုးရအား ကမ်းလှမ်းခဲ့သည့်အတွက် ဂျပန် အစိုးရက လက်ခံဆောင်ရွက်ခြင်းဖြစ်သည်ဟု ဦးဖြိုးဝင်းထွန်းက ဆိုသည်။

''ပြည်ထောင်စုအဆင့် စီးပွားကူးသန်းဝန်ကြီးနဲ့ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့ ရဲ့ ဂျပန်နိုင်ငံခရီးစဉ်တွေမှာ တနင်္သာရီကမ်းမြှောင်ဒေသရဲ့ ဖွံ့ဖြိုးရေး ပင်မစီ မံချက်ကိုရေးဆွဲပေးဖို့အတွက်ဂျပန်အစိုးရကို ပြောခဲ့တာတွေ ရှိတယ်။ ပြီးေ တာ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ ဂျပန်ဝန်ကြီးချုပ် အထူးအကြံပေး တို့ နေပြည်တော်မှာ တွေ့ဆုံတုန်းကလည်း ပင်မစီမံချက်နဲ့ ပတ်သက်လို့ ထည့်သွင်းပြောကြားခဲ့တယ်''ဟု ၄င်းကပြောသည်။

တနင်္သာရီတိုင်း ဖွံ့ဖြိုးရေး ပင်မစီမံချက်ကို ၂ဝ၁၈ ခုနှစ် မေလအထိ တစ်နှစ် အချိန်ယူ ရေးဆွဲမည်ဖြစ်ပြီး ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်း၏ တစ်စိတ် တစ်ဒေသအဖြစ် JICA က ရေးဆွဲခြင်းဖြစ်ကာ မဟာဓာတ်အားလိုင်းနှင့် ချိတ် ဆက်နိုင်ခြင်း မရှိသေးသည့် ဒေသဖြစ်သည့်အတွက် စီမံချက်အတွင်း စွမ်း အင်ကဏ္ဍကို ဦးစားပေးအဖြစ် ထားရှိသွားမည်ဖြစ်သည်ဟု ဦးဖြိုးဝင်းထွန်း က ပြောသည်။

''ကျွန်တော်တို့ တိုင်းဒေသကြီးက သဘာဝသယံဇာတတွေ အမြောက်အမြား ရှိရက်နဲ့ စနစ်တကျ စီမံခန့်ခွဲနိုင်မှုအားနည်းခဲ့လို့ တိုးတက်မှုက နောက်ကျနေ တယ်။ ဖွံ့ဖြိုးရေးစီမံချက်ကို ရေးဆွဲဖို့ တိုင်းအစိုးရသစ် စတက်ကတည်း က ပြင်ဆင်နေတာဖြစ်ပြီး အခုလိုဂျပန်က ပါဝင်ဆောင်ရွက်ပေးလာတော့ ပိုပြီးစနစ်တကျနဲ့ ဖွံ့ဖြိုးလာမှာပါ။ ဒေသခံတွေကလည်း ဂျပန်နိုင်ငံက ပြု လုပ် တဲ့ စီမံကိန်းတွေကို လက်ခံကြတယ်''ဟု ၄င်းက ပြောသည်။

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ပင်မ စီမံချက်ေ ရးဆွဲရာတွင် ပါဝင်သည့်တာဝန်ခံ တစ်ဦးက မြန်မာအစိုးရ၏ တောင်း ဆိုမှု အပေါ် အခြေခံပြီး စီမံချက်ကို ရေးဆွဲရန် ဆုံးဖြတ်ခဲ့ကြောင်း မြန်မာ တိုင်း(မ်) ကို ပြောသည်။

''ဒီစီမံချက်ရေးဆွဲမှုတွေက မြန်မာအစိုးရရဲ့ နောက်ပိုင်းဆုံးဖြတ်ချက်ချတဲ့အခါတွေမှာ အသုံးဝင်ဖို့ ရည်ရွယ်ပြီး ထားဝယ် အထူးစီးပွားရေးဇုန် အပြီးသတ်အ ဆင့် အကောင်အထည်ဖော်မှုတွေဟာ ဒေသတွင်းမှာရှိတဲ့ လူတွေရဲ့ အ သက်မွေးဝမ်းကျောင်းမှုတွေ တိုးတက်လာဖို့နဲ့ လူမှုသဘာဝဝန်းကျင် ဖွံ့ဖြိုးမှုေ တွကို အထောက်အကူပြုဖို့ ရည်ရွယ်တယ်''ဟု ၄င်းကပြောသည်။

Credit: Myanmar Time

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

နယူးဇီလန်နိုင်ငံ၊ Auckland မြို့ရှိ Penthouse ခန်းတစ်ခန်း ၁ ဒေါ်လာဖြင့် ရောင်းမည်ဟုဆို၊ လေလံအောင်သူအနေဖြင့် ဒေါ်လာ ၃၅၅,၀

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ရက်အတန်ကြာမရပ်အနားကခုန်ပြီး တားဆီးလို့မရနိုင် သေဆုံးသည်အထိဖြစ်ခဲ့ရသော ၁၅ ရာစုနှစ်က ထူးဆန်းအကရောဂါ The Dancing Plague

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော

တိုယိုတာ ကုမ္ပဏီက ဒေါ်လာ ၁၀ ဘီလီယံ သုံးစွဲကာ ဆောက်လုပ်ထားသော အနာဂတ်မြို့သစ်ကြီးတွင် နည်းပညာသစ်များကို စမ်းသပ်သွားမည်ဖြစ်

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

တေလာဆွစ်က ချစ်သူ ထရာဗစ် ကယ်လ်စီနှင့် အတူနေရန် Rhode Island ရှိ စံအိမ်ကြီးကို အကြီးအကျယ် ပြန်လည်မွမ်းမံလျက်ရှိ

imyanmarmarket
Infinity@111Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service