ပြည်ထောင်စု အခွန်အကောက်ရငွေ၏ ရာခိုင်နှုန်း ၈၀ ကျော် ကောက်ခံေ ပးနေသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ယမန်နှစ်ဘဏ္ဍာနှစ် အခွန် လျာထားချက်တွင် ပထမခြောက်လပတ်၌ ကျပ် ၁၉၄၅ ဒသမ ၀၈၅ ဘီလျံသာ အခွန်ရရှိထားသော်လည်း ဒုတိယခြောက်လပတ်တွင် ကျပ် ၄၅၀၀ ဘီလျံေ ကျာ် ရရှိကာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် လျာထားချက်ဖြစ်သည့် ကျပ် ၅၁၄၃ ဘီလျံကျော်ထက် ကျပ် ၁၃၇၅ ဘီလျံကျော် ပိုမိုရရှိကာ ကျပ် ၆၅၁၈ ဘီလျံေ ကျာ်အထိ ရရှိခဲ့ကြောင်း သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ အခွန်အကောက်ရငွေများမှာ ပထမြေ ခာက်လပတ်တွင် တစ်နှစ်လုံး ရည်မှန်းချက်ဖြစ်သည့် ကျပ် ၅၁၄၃ ဒသမ ၀၇၄ ဘီလျံ၏ ၃၇ ဒသမ ၈၂ ရာခိုင်နှုန်းသာ ရရှိခဲ့ပြီး ထိုသို့လျော့နည်း ရရှိ သည့်အတွက် အပြည့်အ၀ ရရှိရေး ဖိဖိစီးစီး ဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြ၍ ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီမံ ကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးမောင်မောင်ဝင်းက ပြော ကားသည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် တယ်လီဖုန်းခွန် စတင်ကောက်ခံခဲ့သော်လည်း ပထမခြောက်လပတ်တွင် အခွန်ရရှိမှု လျော့ကျခဲ့ခြင်းဖြစ်ပြီး စီမံကိန်းနှင့် ဘ ဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ကုန်သွယ်လုပ်ငန်းခွန် ကျပ် ၅၃၇ ဒသမ ၀၁၆ ဘီ လျံ၊ အထူးကုန်သွယ်ခွန် ကျပ် ၃၅၇ ဒသမ ၉၁၃ ဘီလျံ၊ ၀င်ငွေခွန် ကျပ် ၈၂၂ ဒသမ ၄၁၅ ဘီလျံ၊ တံဆိပ်ခေါင်းခွန် ကျပ် ၂၅ ဒသမ ၂၁၈ ဘီလျံနှင့် အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန် (ပထမငါးလ အတွက်) ကျပ် ၁၈၅ ဒသမ ၁၉ စုစုပေါင်း ၁၉၄၅ ဒသမ ၀၈၅ ဘီလျံေ ကာက်ခံရရှိခဲ့သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ပထမခြောက်လတွင် ပြည်ထောင်စု၏ အရအသုံး အခြေအနေမှာ ရငွေ ကျပ် ၆၂၆၂ ဒသမ ၁၂၆ ဘီလျံ ဖြစ်ပြီး သုံးငွေမှာ ကျပ် ၆၉၁၃ ဒသမ ၈၈၅ ဘီလျံဖြစ်၍ ကျပ် ၆၅၁ ဒသမ ၇၅၉ ဘီလျံ လိုငွေဖြစ်ပေါ် ခဲ့သည်။
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒုတိယ ခြောက်လပတ်တွင်မူ ကျပ် ၄၃၇၀၈၇၀ ဒသမ ၂၂၉ သန်း ကောက်ခံရရှိရန် လျာထားရာ အခွန်ကောက်ခံ ရရှိမှုမှာ ကျပ် ၄၅၇၃၉၀၃ ဒသမ ၆၉၈ သန်း ရရှိခဲ့ပြီး လျာထားချက်အပေါ် ကောက် ခံရရှိမှုမှာ ၁၀၄ ဒသမ ၆၅ ရာခိုင်နှုန်းရှိခဲ့ကြောင်း သိရသည်။
ထိုသို့ ကောက်ခံရရှိခဲ့သည့် အခွန်များမှာ ယစ်မျိုးခွန်မှ ကျပ်သန်း ၃၆၂ ဒသမ ၃၉၃၊ ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ်သန်း ၁၃၄၀၈၃၅ ဒသမ ၃၀၅၊ သွင်းကုန် အတွက် လိုင်စင်ခများမှ ကျပ်သန်း ၃၉၂၆ ဒသမ ၆၄၆၊ မြန်မာနိုင်ငံ အောင် ဘာလေ သိန်းဆုမှ ကျပ်သန်း ၂၂၈၇၀ ဒသမ ၉၊ မော်တော်ယာဉ်၊ ယာဉ်ေ မာင်းလိုင် စင်လုပ်ငန်းလိုင်စင်ဆိုင်ရာ အခငွေများမှ ကျပ်သန်း ၁၇၀၄၂၅ ဒ သမ ၉၂၁၊ တံဆိပ်ခေါင်းခွန်မှ ကျပ်သန်း ၃၁၁၂၆ ဒသမ ၆၁၃၊ မုတ်ကောင် ၀တ်ဆံသွင်း အခွန်မှ ကျပ်သန်း ၃၈၅ ဒသမ ၆၂၀၊ ခရီးလှည့်လည်ရေး လိုင် စင်၊ ဟိုတယ်နှင့် တည်းခိုရိပ်သာလိုင်စင်၊ ခရီးသွားလာသူများ ပို့ဆောင်ေ ရး လိုင်စင်၊ ဧည့်လမ်းညွှန်လုပ်ငန်း လိုင်စင်များအတွက် လိုင်စင်ကြေးများမှ ကျပ် ၅၃၆ ဒသမ ၂၉၆ သန်းနှင့် အထူးကုန်စည်ခွန်မှ ကျပ် ၆၃၆၃၃၂ ဒသမ ၅၀၄ သန်း ရရှိခဲ့ကြောင်း ပြည်ထောင်စု၏ အခွန်ရငွေ အစီရင်ခံစာအရ သိရသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ လက်အောက်ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့်လည်း ၂၀၁၆-၂၀၁၇ စည်းကြပ်နှစ်တွင် လျာထားချက် ထက် အခွန်အရပ်ရပ်တွင် ကျော်လွန်ရရှိထားကာ ၂၀၁၇ ခုနှစ် ဧပြီ ၃၁ ရက် အထိ ကျပ် ၅၃၆၁ ဘီလျံ ရရှိခဲ့ပြီး လျာထားချက်ထက် ကျပ်ဘီလျံ ၃၆၀ ခန့် ပိုမိုရရှိခဲ့ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမင်း ထွဋ်က ပြောကြားသည်။
ပြည်တွင်းအခွန်များ ဦးစီးဌာန အနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကုန်သွယ်လုပ်ငန်းခွန်မှ ကျပ် ၁၆၂၉ ဘီလျံကျော်၊ အောင်ဘာလေ သိန်းဆုခွ န်မှ ကျပ်ဘီလျံ ၃၀၊ တံဆိပ်ခေါင်းခွန်မှ ကျပ် ၃၇ ဘီလျံကျော်၊ အထူးကုန်စည် ခွန်မှ ဘီလျံ ၆၀၀ နှင့် ၀င်ငွေခွန်မှ ၂၃၇၀ ဘီလျံကျော်ဖြင့် စုစုပေါင်း ကျပ် ၄၆၆၆ ဘီလျံကျော် ရရှိရန် ခန့်မှန်းခဲ့ပြီး ပြုပြင်ပြီး ဘတ်ဂျက်တွင် စုစုပေါင်း ကျပ် ၅၀၀၂ ဘီလျံ ရရှိရန် လျာထားခဲ့ကာ လက်ရှိတွင် ၅၃၆၁ ဘီလျံကျော် အထိ ရရှိခဲ့သဖြင့် လျာထားချက်ထက် ကျပ်ဘီလျံ ၃၆၀ ခန့် ပိုမိုရရှိခဲ့ကြောင်း သိရသည်။
Credit: Eleven Media Group