ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်နေတဲ့
အိမ်ရာတွေကိုဝယ်ယူဖို့ ဆောက်လုပ်ရေးနဲ့အိမ်ရာဖွံ့ဖြိုး
ရေး ဘဏ်(CHD) မှာငွေကြေးစုဆောင်းသူအရေအတွက် ၁၅၀၀၀ ကျော်အထိရှိလာနေပြီး အကောင့်စီနီယာနံပတ်
စဉ်အလိုက် အိမ်ရာတွေကိုဝယ်ယူခွင့်ပေးသွားမယ်လို့ ယင်းဘဏ်တာဝန်ရှိသူတွေထံကသိရပါတယ်။
ဝန်ကြီးဌာကတည်ဆောက်နေတဲ့ အိမ်ရာတိုက်ခန်းဝယ်
ယူလိုသူတွေအနေနဲ့ ဆောက်လုပ်ရေးနဲ့အိမ်ရာဖွံ့ဖြိုးရေး ဘဏ်အကောင့်ရှိထားဖို့လိုပြီး အိမ်ရာတန်ဖိုး ၃၀ ရာခိုင်နှုန်းပြည်မီသူတွေအနေနဲ့ တိုက်ခန်းဝယ်ယူခွင့်ရမှာ လည်းဖြစ်ပါတယ်။
လက်ရှိစာရင်းဖွင့်ထားသူတွေထဲက တစ်ထောင်ကျော်က တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်းနှုန်းကျော်လွန်နေပြီး အိမ်ရာတိုက်ခန်းဝယ်ယူခွင့်ရရှိသွားပြီလည်းဖြစ်ပါတယ်။
၃၀ ရာခိုင်နှုန်းပြည့်မီသူတွေအနေနဲ့ မိမိတို့ရဲ့အကောင့် စာရင်းအမှတ်စဉ်အလိုက် အိမ်ရာဝယ်ယူခွင့်ပေးနေတာ
လည်းဖြစ်ပါတယ်။
ဝန်ကြီးဌာနအနေနဲ့ ကျပ်သိန်း ၁၀၀ တန်ဖိုးနည်းအိမ်
ရာတွေတည်ဆောက်နေသလို ကျပ်သိန်း ၅၀၀ အထက် တိုက်ခန်းတွေကိုလည်း တည်ဆောက်နေတာဖြစ်ပါတယ်။
ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ အခု ၂ နှစ်အတွင်း
အိမ်ရာတိုက်ခန်း ၈ ထောင်ကျော်ထပ်မံတည်ဆောက်ဖို့
မှန်ထားပြီး လက်ရှိတည်ဆောက်နေတဲ့ တိုက်ခန်းနှစ်
သောင်းမှာလည်း တည်ဆောက်မှုလုပ်ငန်းတွေ ပြီးစီး
နေပြီ ဖြစ်ပါတယ်။
Credit: SFJ Strategy First