အထူးစီးပွားရေးဇုန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု

အထူးစီးပွားရေးဇုန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု - Property News in Myanmar from iMyanmarHouse.com
3 Jul 2017 10:35 am တွင် တင်ခဲ့သည်
671 ကြိမ် ကြည့်ရှု့ပြီး
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်အောင် တည်ဆောက်ရေး တွင် အခြေခံအားဖြင့် မြေ (Land)၊ လုပ်အား(Labour)၊ အရင်းအနှီး (Capital)၊ နည်းပညာနှင့် စီမံခန့်ခွဲမှု တို့သည် လိုအပ်ချက် များဖြစ်သည်။ ခေတ်မီစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တက်လှမ်းလိုလျှင် သင့်တင့်သည့် စီးပွားရေးနှင့် လူမှုရေး ကျောထောက်နောက်ခံပြု အခြေခံအဆောက်အအုံ (Economic and Social Infrastructures)၊ ခေတ်မီကုန်ထုတ်နည်းပညာ (Modernized Production Technology)၊ စွမ်းဆောင်ရည်ရှိသော စီမံခန့်ခွဲမှု၊ လူ့စွမ်း အား အရင်းအနှီးဖွံ့ဖြိုးမှု၊ ခေတ်မီစီးပွားရေးစနစ်အား အထောက်အကူပြု သတင်းအချက်အလက်(Information) နှင့် ဝန်ဆောင်မှုများ ထူထောင်ထားနိုင်ရန် လိုအပ်ပေသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဟုဆိုရာဝယ် နိုင်ငံခြားမှ တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု (Foreign Direct Investment)နှင့် ရင်းနှီး မြှုပ်နှံမှုဥပဒေအရ ရင်းနှီးမြှုပ်နှံမှု (Foreign Investment under Investment Law) ဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားနိုင် သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဈေးကွက်စီးပွားရေးစနစ်တွင် စတင် အခြေချမှုပြုဆဲကာလနိုင်ငံများအတွက် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုကို နှစ်မျိုးနှစ်စားသော အသွင်သ္ဌာန်များဖြင့် ဝင်ရောက်လာခြင်းသည် အကျိုးအရှိဆုံးဖြစ်သည်ဟု စီးပွားရေး ပညာရှင်များက ယူဆကြပေသည်။ ထို့အတူ ရင်းနှီးမြှုပ်နှံမှု တွင်လည်း ပုံမှန်ဝင်ရောက်လာသည့် ရင်းနှီးမြှုပ်နှံမှုနှင့် အထူး စီးပွားရေးဇုန်များ သတ်မှတ်ရင်းနှီးမြှုပ်နှံမှုဟူ၍ နှစ်ရပ်ခွဲခြားပြီး မည်သည့်မြှုပ်နှံမှုပင်ဖြစ်စေ အရင်းအနှီးတိုးပွား၍ စီးပွားရေး ဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ကြသည်ချည်းသာဖြစ်ပါ သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ၂ဝ၁၄ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၁)ဖြင့် မြန်မာ အထူးစီးပွားရေးဇုန်ဥပဒေကို ပြဋ္ဌာန်းထားပါသည်။ ယင်းဥပဒေ ပြဋ္ဌာန်းရခြင်း၏ အဓိကရည်ရွယ်ချက်များမှာ အောက်ပါအတိုင်း ဖြစ်ပေသည်။

(က) အမျိုးသားစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၏ အဓိကရည်ရွယ်ချက်များကို အထောက် အကူပြုရန်။
(ခ) ပြည်သူအများ အလုပ်အကိုင်ရရှိစေရန်၊ ယင်းတို့၏ လူနေမှုအဆင့်အတန်းမြင့်မားစေရန်၊ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားပြီး ပြည်ပပို့ကုန် တိုးတက်စေရန်နှင့် နိုင်ငံခြားဝင်ငွေတိုးတက် စေရန်။
(ဂ) နိုင်ငံတော်အတွင်း စက်မှုကဏ္ဍ၊ စီးပွားရေးနှင့် လူမှုရေးကဏ္ဍများ ဟန်ချက်ညီညီ ဖွံ့ဖြိုး တိုးတက်စေရေးအတွက် အားပေးခြင်း၊ မြှင့်တင် ခြင်းနှင့် ဆွဲဆောင်ခြင်းတို့ကို ဆောင်ရွက်ရန်။
(ဃ) နိုင်ငံတော်နှင့် အခြားနိုင်ငံများအကြား စက်မှု လုပ်ငန်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် ငွေရေးကြေးရေး ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင် ရန်နှင့် နိုင်ငံသားများအား အသက်မွေးဝမ်း ကျောင်းပညာသင်ကြားနိုင်မည့် အခွင့်အလမ်း များ ရရှိစေရန်။
(င) ရင်းနှီးတည်ဆောက်သူနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက် အခြေခံကောင်းများ တည်ဆောက်ခြင်း ဖြင့် ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို အားပေးခြင်းနှင့် ဆွဲဆောင်ခြင်းပြုရန်။
(စ) အထူးစီးပွားရေးဇုန်တွင် ပြည်တွင်းပြည်ပမှ ရင်းနှီး မြှုပ်နှံမှုများကို မြှင့်တင်ရန်နှင့် အလုပ်အကိုင် သစ်များ ဖန်တီးပေးပြီး အထူးစီးပွားရေးဇုန် အတွင်းနှင့် ပတ်ဝန်းကျင်ရှိ စက်မှုလုပ်ငန်းများ အကြား ရှေ့နောက်ချိတ်ဆက်ဆောင်ရွက်မှုများ ဖြစ်ပေါ်လာစေရန်။

အထူးစီးပွားရေးဇုန်အဖြစ် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်နေသည့် အထူးစီးပွားရေးဇုန်သုံးရပ်နှင့် အလား အလာများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

(က) ထားဝယ်အထူးစီးပွားရေးဇုန်။ ။ တနင်္သာရီ တိုင်းဒေသကြီးအတွင်း ထားဝယ်မြစ်ဝတွင် တည်ရှိပြီး ဧရိယာ204.5 Km2(၅ဝ၅၃၁ ဧက)တွင် ရေနက်ဆိပ်ကမ်းနှင့် စက်မှုဇုန်ပါဝင်သည်။ ရထားလမ်း၊ ကားလမ်းများကို တည်ဆောက်၍ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့သို့ တောင်ပိုင်းစီးပွားရေးစင်္ကြံအဖြစ် ချိတ်ဆက် သွားရန်နှင့် ထိုင်းနိုင်ငံKanchanaburiပြည်နယ်သို့ Gas ပိုက်လိုင်းသွယ်တန်းရန် အစီ အစဉ်ရှိပါသည်။ အပြည်ပြည်ဆိုင်ရာ ရင်းနှီး မြှုပ်နှံမှု အမြင့်မားဆုံးဒေသတစ်ခုအဖြစ် ဖွံ့ဖြိုး လာစေမည်ဟု ရည်မှန်းထားပါသည်။
(ခ) သီလဝါအထူးစီးပွားရေးဇုန်။ ။ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် သီလဝါဆိပ်ကမ်း အနီးတည်ရှိပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ၂၅ ကီလိုမီတာ၊ ရန်ကုန်မြို့တွင်း စီးပွားရေးအချက်အချာဒေသမှ ၃ဝ ကီလိုမီတာ၊ ဒဂုံအရှေ့ပိုင်းစက်မှုဇုန်မှ ၂၄ ကီလိုမီတာ၊ အမှတ် (၁)အဝေးပြေးလမ်းမကြီးမှ ၅ ကီလိုမီတာနှင့် မြဝတီမြို့အနီး၊ ထိုင်းနိုင်ငံ မဲဆောက်မြို့အထိ ၄၆၅ ကီလိုမီတာ ကွာဝေးပါသည်။
(ဂ) ကျောက်ဖြူအထူးစီးပွားရေးဇုန်။ ။ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တည်ရှိပြီး ဆိပ်ကမ်း မြို့တော်များဖြစ်သည့် စစ်တကောင်း၊ ရန်ကုန်၊ ကိုလ်ကတ္တားမြို့တို့နှင့် ကုန်သွယ်မှုပြုရာ ဗဟို အချက်အချာအဖြစ် အသုံးပြုနိုင်ပါသည်။ မန္တလေးမြို့ကို ဖြတ်၍ တရုတ်နိုင်ငံအနောက်ပိုင်း ယူနန်ဒေသ၊ ကူမင်းမြို့အထိ ဆက်သွယ်မည့် လမ်းကြောင်းအတွက် အရေးပါပြီး ကျောက်ဖြူ မြို့နှင့် တရုတ်နိုင်ငံ ရွှေလီမြို့တို့ကို ချိတ်ဆက် လမ်းဖောက်ရန်ရှိပါသည်။ ထို့အပြင် ကျောက်ဖြူမှ ကူမင်းအထိ ၁ဝ၆ဝ ကီလိုမီတာရှည်လျားသော ရေနံပိုက်လိုင်းသွယ်တန်းပြီး တစ်ရက်လျှင် ရေနံ စည်ပေါင်း ၄ သိန်း ပို့ဆောင်နိုင်မည်ဖြစ်ပါသည်။

မြန်မာ့အထူးစီးပွားရေးဇုန်တွင် အရင်းအနှီးတည်ဆောက် သူဆိုသည်မှာ အထူးစီးပွားရေးဇုန် ထူထောင်တည်ဆောက် သည့် လုပ်ငန်း၊ အထူးစီးပွားရေးဇုန်အတွင်း အခြေခံအဆောက် အအုံများ တည်ဆောက်သည့်လုပ်ငန်းနှင့် လုပ်ငန်းလည်ပတ် ခြင်း သို့မဟုတ် မွမ်းမံပြင်ဆင်ခြင်းဆိုင်ရာ လုပ်ငန်းများကို မြန်မာအထူးစီးပွားရေးဇုန် ဥပဒေပါပြဋ္ဌာန်းချက်နှင့်အညီ ကိစ္စတစ်ခုချင်းအလိုက် တာဝန်ယူဆောင်ရွက်ရန် သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၏ ခွင့်ပြုချက်အရ ဆောင်ရွက်သည့် ကုမ္ပဏီ၊ ပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများပင် ဖြစ်ပါသည်။ ရင်းနှီး မြှုပ်နှံသူ (Investor)ဟူသည် အထူးစီးပွားရေးဇုန်အတွင်း ခွင့်ပြုသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကို ကိစ္စရပ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်သည့် နိုင်ငံသား၊ နိုင်ငံခြား သားနှင့် ဖက်စပ်ထူထောင်သည့်နိုင်ငံသား၊ နိုင်ငံခြားသားတို့ ဖြစ်ပါသည်။

အရင်းအနှီးတည်ဆောက်မှုလုပ်ငန်းကို ပုဂ္ဂလိက ဖြစ်စေ၊ အစိုးရကဖြစ်စေ၊ အစိုးရနှင့် ပုဂ္ဂလိကပူးပေါင်း၍ဖြစ်စေ၊ အရင်းအနှီး တည်ဆောက်သူအဖြစ် ဆောင်ရွက်နိုင်သည်။ အထူးစီးပွားရေးဇုန် တည်ထောင်ရာတွင် ရာခိုင်နှုန်းပြည့် နိုင်ငံ သားရင်းနှီးမြှုပ်နှံမှုဖြင့် သော်လည်းကောင်း၊ ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် သော်လည်းကောင်း၊ နိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်ရင်းနှီးမြှုပ်နှံမှုဖြင့် သော်လည်းကောင်း၊ အစိုးရအချင်းချင်းရင်းနှီးမြှုပ်နှံမှုဖြင့် သော်လည်းကောင်း ရင်းနှီးတည်ဆောက်သူအဖြစ် ဆောင်ရွက်နိုင်သည်။

အထူး စီးပွားရေးဇုန်အတွင်း၌ ကင်းလွတ်ဇုန်၊ လုပ်ငန်းမြှင့်တင်ရေးဇုန်၊ အဆင့်မြင့်နည်းပညာဇုန်၊ သတင်းအချက်အလက်နှင့် နည်း ပညာဇုန်၊ ပို့ကုန်ပစ္စည်း ထုတ်လုပ်မှုဇုန်၊ ဆိပ်ကမ်းနယ်မြေဇုန်၊ ထောက်ပံ့ရေးနှင့် သယ်ယူပို့ဆောင်ရေးဇုန်၊ သိပ္ပံနှင့်နည်း ပညာဇုန်၊ ဖွံ့ဖြိုးတိုးတက်ရေးဇုန်၊ ဝန်ဆောင်မှုလုပ်ငန်းဇုန်၊ တစ်ဆင့်ခံ ကုန်သွယ်ရေးဇုန်များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့်ဇုန်များ ပါဝင်ပါသည်။ ကင်းလွတ်ဇုန်ဟူသည် အထူးစီးပွားရေးဇုန်အတွင်း တည်ရှိ သည့် ကုန်စည်များ၊ ယင်းဇုန်အတွင်း တင်သွင်းသည့် ကုန်စည် များနှင့် စပ်လျဉ်း၍ အကောက်ခွန်၊ အခြားအခွန်အခကောက် ခံခြင်းမှ ကင်းလွတ်ခွင့်ရှိပြီး သက်ဆိုင်ရာများနှင့် အကောက်ခွန် ဦးစီးဌာနတို့ ညှိနှိုင်းသတ်မှတ်သည့် နိုင်ငံတော်၏ ပြင်ပတွင် ရှိသည်ဟု မှတ်ယူရမည့်နယ်မြေကို ဆိုလိုခြင်းဖြစ်ပါသည်။ ကင်းလွတ်ဇုန်ဟူသော စကားရပ်တွင် ကင်းလွတ်ကုန်ဇုန် လုပ်ငန်းများ၊ ကုန်ထုတ်လုပ်မှုနယ်မြေ၊ သယ်ယူထောက်ပံ့ ပို့ဆောင်ရေးလုပ်ငန်းများနေရာနှင့် လက်ကားရောင်းဝယ် ဖောက်ကားသည့် နေရာတို့လည်း ပါဝင်ပေသည်။

အထူးစီးပွားရေးဇုန်များအတွင်း အောက်ပါရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများကို ဆောင်ရွက်နိုင်သည်-
(က) ကုန်သွယ်ခြင်း၊
(ခ) အိမ်ရာ၊ ဟိုတယ်၊ အရောင်းစင်တာများအပါအဝင် အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်း၊
(ဂ) နည်းပညာနှင့် ဒီဇိုင်း၊
(ဃ) ကုန်သိုလှောင်ရုံနှင့် ထောက်ပံ့ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း၊
(င) သုတေသနလုပ်ငန်းနှင့် ဖွံ့ဖြိုးရေးဝန်ဆောင်မှုများ၊
(စ) ကွန်ပျူတာဆော့ဖ်ဝဲဝန်ဆောင်မှု၊
(ဆ) စီးပွားရေး တွေ့ဆုံဆွေးနွေးသည့်နေရာများ၊ သတင်းအချက်အလက်များ ထုတ်လုပ်ပေးသည့် နေရာများ၊ လူသားအရင်းအမြစ်ဝန်ဆောင်မှု၊ အာမခံရှင်းလင်းရေး လုပ်ငန်းများ၊ ဥပဒေဆိုင်ရာ အချက်အလက်၊ ဆေးပညာဆိုင်ရာမှတ်တမ်း၊ ငွေပေးငွေယူ မှတ်တမ်းများ၊ အဝေးထိန်းလုပ်ငန်း များ၊ အခွန်စာရင်းများ၊ အထောက်အကူပြု စင်တာများ၊ ဝက်ဘ်ဆိုက်ဝန်ဆောင်မှု၊ အထူး ဖန်တီးချက်နှင့် ဒီဇိုင်းများ ရေးဆွဲခြင်းစသည့် သတင်းအချက်အလက်ဆိုင်ရာ ဝန်ဆောင်မှုပေး သော လုပ်ငန်းများ၊
(ဇ) လက်လီလက်ကားရောင်းချခြင်းများ ပါဝင်သည့် ဖြန့်ချိရေးဝန်ဆောင်မှု၊
(ဈ) ငွေရေးကြေးရေး ဝန်ဆောင်မှု၊
(ည) ဥပဒေနှင့် စာရင်းကိုင်ဝန်ဆောင်မှုမပါ ကျွမ်းကျင်မှု ဆိုင်ရာ ဝန်ဆောင်မှု၊
(ဋ) နှစ်တိုနှစ်ရှည်ငှားရမ်းခြင်းဝန်ဆောင်မှု၊
(ဌ) အကြံပေးလုပ်ငန်းအပါအဝင် အခြားဝန်ဆောင် မှုများ၊
(ဍ) ဆောက်လုပ်ရေးနှင့် အခြားသက်ဆိုင်သော ဝန်ဆောင်မှုများ၊
(ဎ) ပညာရေးဝန်ဆောင်မှု၊
(ဏ) သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ဆောင်မှု များ၊
(တ) ဆေးရုံနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ၊
(ထ) ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်သော ဝန်ဆောင် မှုများ၊
(ဒ) အပန်းဖြေခြင်းနှင့် ဖျော်ဖြေဝန်ဆောင်မှုများ၊
(ဓ) ယဉ်ကျေးမှုနှင့် အားကစား ဝန်ဆောင်မှုများ၊
(န) သယ်ယူပို့ဆောင်ရေးနှင့် ပတ်သက်သော ဝန်ဆောင်မှုများ၊
အထူးစီးပွားရေးဇုန်အတွင်း အောက်ပါလုပ်ငန်းများကို လုပ်ကိုင်ခွင့်မပြုရပါ။
(က) လက်နက်၊ လက်နက်ကိရိယာ၊ စစ်သုံးဖောက်ခွဲ ရေးပစ္စည်း ထုတ်လုပ်တပ်ဆင်ခြင်းနှင့် စစ်ဘက် ဆိုင်ရာအတွက် ရည်ရွယ်၍ ဝန်ဆောင်မှုပေး ခြင်းလုပ်ငန်းများ၊
(ခ) သဘာဝပတ်ဝန်းကျင် ဂေဟစနစ်ကို အန္တရာယ် ဖြစ်စေနိုင်သော ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊
(ဂ) ပြည်ပသို့ ဝန်ဆောင်မှုပေးသည့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုလုပ်ငန်းများ၊
(ဃ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း၊
(င) အများပြည်သူကျန်းမာရေးနှင့် သဘာဝပတ်ဝန်း ကျင်ကို ထိခိုက်စေသဖြင့် နိုင်ငံတကာစည်းမျဉ်း များ သို့မဟုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တားမြစ် ပိတ်ပင်ထားသည့် အဆိပ်သင့်စေသော ဓာတု ပစ္စည်းများ၊ အန္တရာယ်ရှိ ဓာတ်ရောင်ခြည်သင့် ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေးများနှင့် ဓာတုဆေးဝါးများပါဝင်သည့် အခြားပစ္စည်းများ တင်သွင်းခြင်း သို့မဟုတ် ထုတ်လုပ်ခြင်း၊ ထုပ်ပိုး ခြင်း၊
(စ) နိုင်ငံခြားမှတင်သွင်းသော အန္တရာယ်ရှိသည့် စက်မှု စွန့်ပစ်ပစ္စည်းများကို အသုံးပြုသည့် စီးပွားရေး လုပ်ငန်းများ၊
(ဆ) အိုဇုန်းလွှာကို ထိခိုက်ပျက်စီးစေနိုင်သော တားမြစ် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း စီးပွားရေး လုပ်ငန်းများ၊
(ဇ) ကျောက်ဂွမ်းဖြင့် ပြုလုပ်ထားသည့် ပစ္စည်း ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်းနှင့် ရောင်းချခြင်း၊
(ဈ) အများပြည်သူ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်း ကျင်ကို အန္တရာယ်ဖြစ်စေနိုင်သည့် ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ထုပ်ပိုးခြင်း။
နိုင်ငံခြားသားများသည် အထူးစီးပွားရေးဇုန်အတွင်း သက်ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီကခွင့်ပြုသည့် မည်သည့် လုပ်ငန်းမဆို ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံသား နှင့်ဖက်စပ်ပြု၍ သော်လည်းကောင်း လုပ်ကိုင်နိုင်သည်။

ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းနှင့်စပ်လျဉ်း၍ အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်ပါက အငြင်းပွားသူပုဂ္ဂိုလ်များအကြား ချစ်ကြည် ရင်းနှီးစွာ ဖြေရှင်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်သော်လည်း ပြေလည်မှုမရရှိမှသာလျှင် သက်ဆိုင် ရာစာချုပ်၌ အငြင်းပွားမှု ဖြေရှင်းနည်းများနှင့် ဖြေရှင်း ဆောင်ရွက်ရန်နှင့် အငြင်းပွားဖြေရှင်းနည်း သတ်မှတ်ထားခြင်း မရှိလျှင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများ နှင့်အညီ ဖြေရှင်းဆောင်ရွက်သွားရမည် ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုတစ်ရပ်တွင် အဓိကအရေးပါသော အချက် တစ်ရပ်မှာ မြေအသုံးပြုခွင့်ရရှိရေးပင်ဖြစ်သည်။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရင်းနှီးမြှုပ်နှံမှု အစီအစဉ် ချမှတ်၍ စီးပွားရေးချိန်ထိုးလွှာတွင် အဓိကစဉ်းစားချက်မှာ ကာလရှည် မြေ အသုံးပြုခွင့် ရရှိရေးပင်ဖြစ်သည်။ ဤသည်က ရင်းနှီးမြှုပ်နှံမှု ဖိတ်ခေါ်ချက်များတွင် ဆွဲဆောင်မှုဖြစ်သည်။ အထူးစီးပွားရေး ဇုန်များတွင် စီမံခန့်ခွဲမှုကော်မတီသည် မြေငှားရမ်းခွင့် သို့မဟုတ် မြေအသုံးပြုခွင့်အတွက် ရင်းနှီးတည်ဆောက်သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူအား မြေငှားရမ်းခ၊ မြေအသုံးပြု ခပေးသွင်းစေပြီး အနှစ် ၅ဝအထိခွင့်ပြုနိုင်သည်။

ယင်းသက်တမ်းကုန်ဆုံးပြီး နောက် ရင်းနှီးမြှုပ်နှံသူက ဆက်လက်လုပ်ကိုင်လိုလျှင် ၂၅ နှစ် အထိသက်တမ်းတိုးမြှင့်ပေးနိုင်ပေမည်။ ထို့အတူလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်ရန် ခွင့်ပြုထားသည့် ကာလအတွင်း အခြားသူသို့မဟုတ် အခြားအဖွဲ့များသို့ မြေငှားရမ်းခြင်း၊ မြေအသုံးပြုခွင့်နှင့် အဆောက်အအုံများကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း သို့မဟုတ် ပေးကမ်းခြင်း တို့ကို စီမံခန့်ခွဲမှုကော်မတီ၏ သဘောတူညီချက်နှင့်အညီ ပြုလုပ်နိုင်ခွင့်ရှိပေသည်။ အထူးစီးပွားရေးဇုန်အတွင်းမှ မြေနေရာကို ရင်းနှီးတည်ဆောက်သူက ရောင်းချပိုင်ခွင့်မရှိ ပေ။

အထူးစီးပွားရေးဇုန်မှ ပို့ကုန်တင်ပို့မှုအတွက် ပို့ကုန်လိုင်စင် မလိုအပ်ပေ။ နိုင်ငံတကာမှ ထိန်းသိမ်းကန့်သတ်ထားရန် အကြံပြုထားသည့် အထူးဓာတုဗေဒ ကုန်ပစ္စည်းများ၊ အပင်နှင့် တိရ္ဆာန်များ၊ ပစ္စည်းကိရိယာများ၊ တန်ဆာပလာများနှင့် နည်းပညာများ တင်ပို့ရာ၌ နိုင်ငံ၏တည်ဆဲဥပဒေနှင့် မြန်မာ နိုင်ငံက ပါဝင်ဆောင်ရွက်လျက်ရှိသည့် အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်ပါ စည်းကမ်းချက်များနှင့် ဆန့်ကျင်မှုမရှိ စေရန် လိုက်နာရမည်ဖြစ်သည်။

ကင်းလွတ်ဇုန်အတွင်းရှိ စီးပွားရေးလုပ်ငန်း
သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းအတွက် သို့မဟုတ် ရင်းနှီးတည်ဆောက်သူတို့အနေဖြင့် ကုန်ပစ္စည်းများ တင်သွင်းရာ၌ သွင်းကုန်လိုင်စင် ရယူရန်မလိုအပ်သော်လည်း တင်သွင်းမည့်ပစ္စည်းစာရင်းကို စီမံခန့်ခွဲရေး ကော်မတီသို့ ကြိုတင် တင်ပြရမည်ဖြစ်ပေသည်။ လုပ်ငန်းမြှင့်တင်ရေးဇုန်ရှိ စီးပွားရေးလုပ်ငန်း သို့မဟုတ် အခြားစီးပွားရေးလုပ်ငန်းတစ်ခု သည် အခွင့်ရလုပ်ငန်းဆောင်ရွက်ရန် လိုအပ်သော ပစ္စည်းကို စီမံခန့်ခွဲရေး ကော်မတီသို့တင်ပြီး တင်သွင်းလျှင် သွင်းကုန် လိုင်စင်မလိုပေ။

ရင်းနှီးမြှုပ်နှံသူသည် အောက်ပါဝင်ငွေခွန် ကင်းလွတ်ခွင့် နှင့် သက်သာခွင့်တို့ကို ခံစားခွင့်ရှိသည်-
(က) ကင်းလွတ်ဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း သို့မဟုတ် ကင်းလွတ်ဇုန်လုပ်ငန်းတွင် စီးပွားဖြစ် လုပ်ငန်းစတင်လည်ပတ်သည့်နေ့မှ ပထမ ခုနစ် နှစ်အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်၊
(ခ) လုပ်ငန်းမြှင့်တင်ရေးဇုန်အတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း သို့မဟုတ် အထူးစီးပွားရေးဇုန် နယ်နိမိတ်အတွင်းရှိ အခြားလုပ်ငန်းများတွင် စီးပွားဖြစ် လုပ်ငန်းစတင်လည်ပတ်သည့်နေ့မှ ပထမငါးနှစ်အတွက် ဝင်ငွေခွန်ကင်းလွတ်ခွင့်၊
(ဂ) ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်များ အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် ဒုတိယငါးနှစ် အတွက် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏ ၅ဝ ရာခိုင်နှုန်း သက်သာခွင့်၊
(ဃ) ကင်းလွတ်ဇုန်နှင့် လုပ်ငန်းမြှင့်တင်ရေးဇုန်များ အတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွင် တတိယ ငါးနှစ်အတွက် လုပ်ငန်းမှရရှိသည့် အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံရန် သီးသန့်ရန်ပုံငွေထား၍ တစ်နှစ်အတွင်း ယင်းလုပ်ငန်းတွင် ပြန်လည် ရင်းနှီးမြှုပ်နှံလျှင် ထိုရင်းနှီးမြှုပ်နှံသည့် အမြတ် စွန်းငွေအပေါ် တည်ဆဲဥပဒေအရ သတ်မှတ်သည့် ဝင်ငွေခွန်နှုန်းထား၏ ၅ဝ ရာခိုင်နှုန်း သက်သာခွင့်။
ရင်းနှီးတည်ဆောက်သူသည် အောက်ပါ ဝင်ငွေခွန်ကင်း လွတ်ခွင့်နှင့် သက်သာခွင့်တို့ကို ခံစားခွင့်ရှိသည်-
(က) စီးပွားဖြစ် စတင်လည်ပတ်သည့်နေ့မှ ပထမရှစ်နှစ် အတွက် ဝင်ငွေခွန် ကင်းလွတ်ခွင့်၊
(ခ) ဒုတိယငါးနှစ်အတွက် တည်ဆဲဥပဒေအရ သတ်မှတ်သည့်ဝင်ငွေခွန် နှုန်းထား၏ ၅ဝ ရာခိုင်နှုန်း သက်သာခွင့်၊
(ဂ) တတိယငါးနှစ်အတွက် လုပ်ငန်းမှရရှိသည့် အမြတ်ငွေကို ပြန်လည်ရင်းနှီးမြှုပ်နှံရန် သီးသန့် ရန်ပုံငွေထား၍ တစ်နှစ်အတွင်း ယင်းလုပ်ငန်း၌ ပြန်လည်ရင်းနှီးမြှုပ်နှံလျှင် ထိုရင်းနှီးမြှုပ်နှံသည့် မြတ်စွန်းငွေအပေါ် တည်ဆဲဥပဒေအရ သတ်မှတ် သည့် ဝင်ငွေခွန်နှုန်းထား၏ ၅ဝ ရာခိုင်နှုန်း သက်သာခွင့်။
အရင်းအနှီး တည်ဆောက်မှုသည် ဆွဲဆောင်မှုနှင့်သက် သာခွင့်များပေါ်တွင် အခြေခံသည့်နည်းတူ အကာအကွယ်ပေးမှု (Protection)သည်လည်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ ၏ လိုလားချက်တစ်ရပ်ဖြစ်သည်။ ရပ်ဝေးမြေခြား၌ ရင်းနှီးကြ ခြင်းသည် စွန့်စားမှုတစ်ရပ်ဖြစ်သည်နှင့်အမျှ
စွန့်စားမှုကို အသိအမှတ်ပြုရန်အတွက် အထူးအခွင့်အရေးများ ပေးအပ် ခြင်းသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ နိုင်ငံတကာကျင့်စဉ်နှင့် ယဉ်ကျေးမှုအဖြစ် ရပ်တည်လာပေသည်။

၂ဝ၁၄ ခုနှစ် မြန်မာ အထူးစီးပွားရေးဇုန် ဥပဒေပုဒ်မ-၈၃ တွင် ''ရင်းနှီးတည်ဆောက် သူ သို့မဟုတ် ရင်းနှီးမြှုပ်နှံသူပိုင်ဆိုင်သည့် ပစ္စည်းများ၊ အကျိုး အမြတ်များနှင့် အခြားအခွင့်အရေးများကို တည်ဆဲဥပဒေများ နှင့်အညီ အသိအမှတ်ပြု အကာအကွယ်ပေးရမည်ဟု လည်းကောင်း၊ ပုဒ်မ-၈၄ တွင် ကင်းလွတ်ဇုန် မြှင့်တင်ရေးဇုန်မှ ထုတ်လုပ်သော ကုန်ပစ္စည်းဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် ပြည်ပပို့ကုန်များကို ဈေးနှုန်းကန့်သတ်ထိန်းချုပ်ခြင်း မပြုရဟူ၍ လည်းကောင်း၊ ပုဒ်မ-၈၆ တွင် အထူးစီးပွားရေးဇုန်အတွင်းရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ခွင့်ပြုထားသည့် သက်တမ်း ကာလအတွင်း နိုင်ငံပိုင်သိမ်းယူခြင်းမပြုဟု အာမခံသည်ဟူ၍ လည်းကောင်း ပြဋ္ဌာန်းထားပေသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လက်ခံခြင်းဖြင့် လက်ခံသည့် နိုင်ငံများတွင် စီးပွားရေးအကျိုးအမြတ်များအဖြစ် ရသင့် ရထိုက်သော အခွန်အခများ ရရှိစေခြင်း၊ နိုင်ငံသားများ အလုပ် အကိုင်အခွင့်အလမ်းများ ရရှိရုံသာမက ကျွမ်းကျင်မှုဆိုင်ရာ နည်းပညာများ တိုးပွားခြင်း၊ အထူးသဖြင့် ဖက်စပ်ရင်းနှီးမြှုပ်နှံ မှုလုပ်ငန်းများတွင် ပြည်တွင်းလုပ်ငန်းရှင်များအမြင်ကျယ်၍ အတွေ့အကြုံများ ရရှိခြင်းစသော အကျိုးအမြတ်များကို မလွဲမသွေရရှိစေမည်ဖြစ်ပေသည်။

အထူးသဖြင့် နည်းပညာချို့တဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် လည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၏ အကျိုးအမြတ်များတွင် ပြည်တွင်းမှ ပိုလျှံလုပ်အားများကို အသုံးပြုဆောင်ရွက်မှုများ ကြောင့် နည်းပညာပိုင်းဆိုင်ရာ အခြေခံများ ရရှိခြင်းမှသည် နည်းပညာလွှဲပြောင်းရယူနိုင်မှု (Transfer of Technolo- gy)အဆင့်အထိ အဖိုးမဖြတ်နိုင်သော အကျိုးအမြတ်ကို ရရှိနိုင်ပါသည်။

လယ်ယာကဏ္ဍကဲ့သို့ လုပ်သားအင်အား လိုအပ် ချက်ထက်ပိုနေသော အခြေအနေတွင် ပိုလျှံလုပ်သားများသည် အခြားလုပ်ငန်းများသို့ ပြောင်းရွှေ့လုပ်ကိုင်ရန် အခွင့်အလမ်း ရရှိစေခြင်းဖြင့် လယ်ယာကဏ္ဍ၏ ပိုလျှံလုပ်သား ပြဿနာကို လည်း ဖြေရှင်းခြင်းနှင့်အတူ လယ်ယာကဏ္ဍမှ လုပ်သားတစ်ဦး ကျ ဝင်ငွေမှာလည်း မြင့်တက်လာမည်ဖြစ်သည်။ မလိုအပ်ဘဲ လယ်ယာအလုပ်ခွင်တွင် လူပိုလူလျှံ ကင်းခြင်းဖြင့် ဖုံးကွယ် အလုပ်လက်မဲ့ပြဿနာလည်း ပပျောက်၍ လူမှုစီးပွားဖွံ့ဖြိုးမှုညွှန်းကိန်းများဖြင့် စီးပွားရေးဖွံ့ဖြိုးမှုဖြစ်စဉ်အတွက် လိုအပ် သော ဖွံ့ဖြိုးမှုအလင်းရောင်ကို တောက်ပလာစေနိုင်ပေ သည်။

ထို့ကြောင့် နှစ်ဖြာအကျိုးကို သယ်ပိုးနိုင်မည့် မြန်မာ့အထူး စီးပွားရေးဇုန်သုံးရပ်၏ စီးပွားရေး၊ လူမှုရေးနှင့် နည်းပညာ ဖွံ့ဖြိုးရေးဆိုင်ရာ ရလဒ်ကောင်းများဖြင့် ဆင်းရဲမှုပပျောက်ရေး ရည်မှန်းချက်ပါ ပူးတွဲအောင်မြင်နိုင်စေမည်ဟု ယုံကြည်ရန်သာ ရှိပေသည်။

Credit: The Mirror

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...
သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...
အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
နယူးယောက်မှာ ဖောင်ဒေးရှင်း မခိုင်ဘဲ ဆောက်လုပ်ခဲ့တာကြောင့် ပေပေါင်း ၆၇၀ အမြင့်အထိ ဆောက်လုပ်ပြီးမှ စောင်းစောင်းကြီးဖြစ်သွာ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဗြိတိန်တွင် ပေါင် ၇ ဒသမ ၅ သန်း ထီပေါက်သော အမျိုးသားက ထီပေါက်ပြီးချိန်တွင်လည်း ရေပိုက်သန့်ရှင်းရေး အလုပ်ကိုသာ ဆက်လက်လုပ်က
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ
Magical World
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service