မြန်မာနိုင်ငံမှာ အိမ်ရာလိုအပ်ချက်တွေရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ဆောက် လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက တည်ဆောက်ေ ပးပြီး ကျန် ၈၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကလုပ်ငန်းရှင်တွေက တည်ဆောက်ပေး မှာ ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးနွေမှူးက ပြောပါတယ်။
ဦးနွေမှူးက “အိုးအိမ်ဦးစီးဌာနအနေနဲ့ ၂၀၁၄ ခုနှစ်က ကောက်ခံထားတဲ့ လူ ဦးရေ စာရင်းများအရ လာမည့် ၂၀၄၀ ခုနှစ်အထိ အိမ်ရာပေါင်း တစ်သန်းလို အပ်မှာ ဖြစ်လို့ ဌာနဘက်က ဖော်ဆောင်မည့် ၂၀ ရာခိုင်နှုန်းနဲ့ တွက်မယ်ဆို ရင် ၂၃ နှစ်အတွင်း အိမ်ခန်းယူနစ်ပေါင်း တစ်နှစ်ကို ၈၀၀၀ လောက် ဖော်ေ ဆာင်သွားမယ်လို့ ပြောပါတယ်။
ရန်ကုန်မြို့မှာ မြန်မာနိုင်ငံ လူဦးရေ စုစုပေါင်းရဲ့ ၃၃ ရာခိုင်နှုန်း နေထိုင်တဲ့ အတွက် အိမ်ရာစီမံကိန်းတွေကို ရန်ကုန်မြို့ကို ဦးစားပေးအနေနဲ့ တည်ေ ဆာက်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံလူဦးရေဟာ လာမယ့် ၂၀၄၀ ခုနှစ်အတွင်း သန်း ၇၀ ကျော် ဖြစ် လာနိုင်တာကြောင့် အိမ်ခန်းတစ်ခန်းကို နေထိုင်သူ လေးယောက်နှုန်း တွက် ချက်ရင် အိမ်ရာပေါင်း တစ်သန်းကျော် လိုအပ်လာမယ်” လို့ ဦးနွေမှူးက ရှင်းပြပါတယ်။
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနအနေနဲ့ အစိုးရမြေနဲ့ ဝန်ကြီးဌာနပိုင်မြေေ ပ်ါမှာ ဆောက်လုပ်နေပါတယ်။ သိန်း ၁၀၀ ဝန်းကျင်တန် အိမ်ရာတွေကိုသာ ဦးစားပေးတည်ဆောက်ပါတယ်။
အိမ်ရာလိုအပ်ချက် ၈၀ ရာခိုင်နှုန်းကို တိုင်းဒေသကြီးအစိုးရ အစီအစဉ်တွေ နဲ့ မြန်မာနိုင်ငံဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းရှင်များ အသင်းက အကောင် အထည်ဖော်မှာ ဖြစ်ပါတယ်။
Credit: The Modern