ကမ္ဘာ့အကြီးဆုံးလူ့စွမ်းအားအရင်းအမြစ်အတိုင်ပင်ခံကုမ္ပဏီ Mercer ၏ ယခုနှစ်တွင်ထုတ်ပြန်လိုက်သော ဈေးအကြီးဆုံးမြို့များ တစ်နည်းနိုင်ငံခြားသားများအတွက်
ကမ္ဘာ့ကုန်ကျစရိတ်အများဆုံးမြို့များ စစ်တမ်းတွင် ထိပ်တန်းဖော်ပြခံရသည့် မြို့ ၁၀မြို့အား ဤသတင်းတွင် ဖော်ပြပေးလိုက်ပါသည်။
အာရှ၏ ဈေးအကြီးဆုံးမြို့ဖြစ်သည့် ဟောင်ကောင်သည် ယင်းကမ္ဘာ့အဆင့်တွင်
အန်ဂိုလာနိုင်ငံ၏ မြို့တော်ဖြစ်သော လူအန်ဒါမြို့၏ ကျော်တက်မှုကို ကြုံတွေ့ရပြီးဒုတိယနေရာ၌ ဖော်ပြခံခဲ့ရသည်။ ဟောင်ကောင်ငွေကြေးဖြစ်သော
ဟောင်ကောင်ဒေါ်လာကို ကန့်သတ်ထားခြင်း၏ ရလဒ်တစ်ခုဖြစ်သည်။
နိုင်ငံဖြစ်သော်လည်း မြို့အရွယ်အစားသာရှိသည့် စင်္ကာပူကမူ ယင်းထိပ်တန်း ၁၀မြို့စာရင်းတွင် ပဉ္စမနေရာ၌ ဖော်ပြခံခဲ့ရသည်။ ဟောင်ကောင်နှင့် စင်္ကာပူအပြင်
ထိုထိပ်တန်း ၁၀ မြို့စာရင်းတွင် ပါဝင်သော အခြားအာရှမြို့ကြီးများမှာ တိုကျို
(တတိယ)၊ ဆိုးလ် (ဆဋ္ဌမ) နှင့် ရှန်ဟိုင်း (အဋ္ဌမ) တို့ဖြစ်သည်။
"နိုင်ငံခြားသားတွေအတွက် ကမ္ဘာ့ကုန်ကျစရိတ်အများဆုံးမြို့တွေထဲ
အာရှမြို့အများအပြား ပါဝင်နေသေးပေမဲ့လည်း ဟောင်ကောင်နဲ့ စင်္ကာပူ လိုမျိုး
အဓိကဘဏ္ဍာရေးအချက်အချာနေရာတွေဟာ ပြောင်းရွှေ့နေထိုင်ဖို့အတွက်
ထိပ်တန်းနေရာဖြစ်ဆဲ၊ ဆွဲဆောင်မှုရှိဆဲ ပါပဲ" ဟု Mercer ၏ အာရှ၊
အရှေ့အလယ်ပိုင်းနှင့် အာဖရိကဆိုင်ရာအကြီးအကဲ မာရီယို ဖာရာရိုက
ပြောကြားခဲ့သည်။
"ဒီနှစ်ထဲ ငွေဈေးတွေအတက်အကျများနေခဲ့ပေမဲ့လည်း မွမ်ဘိုင်းလိုမျိုး မြို့ကြီးတွေဟာ
သူတို့ရဲ့ အားကောင်းလာတဲ့ စီးပွားရေးနဲ့ ဖွံ့ဖြိုးလာတဲ့ အခွင့်အလမ်းတွေကြောင့်
အဆင့်တွေတက်လာကြတာကို တွေ့ရပါတယ်" ဟုလည်း သူက ပြောကြားခဲ့သည်။
၎င်းထိပ်တန်း ၁၀ မြို့တွင် ကျန်ရှိနေသော နေရာများဖြစ်သည့် စတုတ္ထနေရာအားဇူးရစ်ခ်ျ၊ သတ္တမနေရာအား ဂျီနီဗာ၊ န၀မနေရာအား နယူးယောက်နှင့် ဒသမနေရာအား
ဘန်းတို့က ရရှိခဲ့ကြကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com