တန်ဖိုးနည်းအိမ်ရာအခန်းစုစုပေါင်း တစ်သောင်းကျော်ကို နေပြည်တော် ၊ ရန်ကုန် ၊ မုံရွာ ၊ မကွေးနဲ့ ပုသိမ်မြို့တွေမှာ ၂၀၁၇ ခုနစ်အတွင်း အပြီးသတ် အကောင်အထည်ဖော်တည်ဆောက်မယ်လို့ သိရပါတယ် ။
နေပြည်တော်မှာ အိမ်ခန်း ၈၀ ၊ ရန်ကုန်မှာ အိမ်ခန်း ၈၇၁၂ ခန်း ၊ မုံရွာမှာ ၄၄၀ ခန်း ၊ မကွေးမှာ ၃၀၄ ခန်း ၊ ပုသိမ်မှာ ၆၇၆ ခန်း စုစုပေါင်း ၁၀,၂၁၂ ခန်းကို ယခုနှစ်အတွင်း ဆောက်လုပ်မှာ ဖြစ်ပါတယ် ။
‘အစိုးရသစ်လက်ထက်မှာ တစ်နှစ်ကို တန်ဖိုးနည်း ၊ တန်းဖိုးသင့် အိမ်ခန်း တစ်သောင်းကျော် အကောင်အထည်ဖော်ဖို့ လျာထားပြီး တစ်နှစ်ထက် တ စ်နှစ် အရေအတွက် အမြောက်အမြား ထုတ်လုပ်နိုင်ဖို့ အဓိက ရည်ရွယ်ထား ပါတယ် ၊ အိမ်ခန်းကို ရောင်းတဲ့အခါမှာလဲ ဝင်ငွေနည်း ပြည်သူတွေ ၊ နိုင်ငံ့ ဝန်ထမ်းတွေ ၊ ကုမ္ပဏီဝန်ထမ်း ၊ ပင်စင်လစာစားတွေကို ဦးစားပေးစနစ် နဲ့ ရောင်းပေးမယ်’လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်လင်း က ပြောပါတယ် ။
အိမ်ရာအသစ်တွေ တည်ဆောက်တာတွေနဲ့အတူ ရှိနှင့်ပြီး အိမ်ရာအေ ဟာင်းတွေကိုပါ အဆင့်မြှင့်တင်မယ်လို့ သိရပါတယ် ။ ပြည်သူတွေ အိမ်ရာ ပိုင်ဆိုင်စေဖို့အတွက် ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွဲ့ဖြိုးရေးဘဏ်က အိမ်ရာ အပေါင်ချေးငွေစနစ်နဲ့ ရှစ်နှစ်ကနေ ၁၀ နှစ်အထိ ဝယ်ယူနိုင်အောင်ေ ဆာင် ရွက်နေတယ်လို့ သိရပါတယ် ။
နောက်ပိုင်းမှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက တည်ဆောက်မယ့် အိမ်ရာ စီမံကိန်းတွေကို ဆောက်လုပ်ရေးနဲ့ အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှာ ငွေ စာရင်း ဖွင့်လှစ်ထားသူတွေကို အလှည့်ကျစနစ်နဲ့ ရောင်းချမှာ ဖြစ်တယ်လို့ သိရပါ တယ် ။
လက်ရှိမှာ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ကနောင် ၊ ရွှေလင်ပန်း ၊ ယုဇ နတန်ဖိုးနည်းအိမ်ရာတွေကို အများပြည်သူကို ရောင်းချနေပြီလို့ သိရပါတယ် ။
ဒ့ါအပြင် ဝင်ငွေနည်းပြည်သူတွေ ဝယ်ယူနိုင်ဖို့ တန်ဖိုးသင့် ၊ တန်ဖိုးနည်း အိမ် ရာတွေကို ကျပ်သိန်း ၁၀၀ အောက်နဲ့ ရောင်းချနိုင်ဖို့ နည်းလမ်းရှာဖွေနေပြီး အိမ်ရာဖွံ့ဖြိုးရေးအတွက် ၂၀၁၆ - ၂၀၁၇ မှ ၂၀၂၀ - ၂၀၂၁ ငါးနှစ်စီမံ ကိန်း ရေးဆွဲထားရာ တစ်နိုင်ငံလုံးမှာ စုစုပေါင်း အခန်းပေါင်း ၁.၈ သိန်းေ လာက် အကောင်အထည်ဖော်နိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဆောက် လုပ်ေ ရးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြောကြားထားပါတယ် ။
Credit: The Modern