ကမ္ဘောဒီးယားတွင် ပြည်နယ် သတ္တုတွင်းနှင့် စွမ်းအင်ဌာန အကြီးအကဲက ပြည်သူပိုင်မြေများကို တရားမဝင်ရောင်းချခဲ့ကြောင်း ဝန်ခံချက်ပေး

ကမ္ဘောဒီးယားတွင် ပြည်နယ် သတ္တုတွင်းနှင့် စွမ်းအင်ဌာန အကြီးအကဲက ပြည်သူပိုင်မြေများကို တရားမဝင်ရောင်းချခဲ့ကြောင်း ဝန်ခံချက်ပေး - Property News in Myanmar from iMyanmarHouse.com
30 Jun 2017 11:48 am တွင် တင်ခဲ့သည်
1066 ကြိမ် ကြည့်ရှု့ပြီး
ကမ္ဘောဒီးယားတွင် ပရီယ ဗီဟာပြည်နယ် သတ္တုတွင်းနှင့် စွမ်းအင်ဌာန အကြီးအကဲက ပြည်သူပိုင်မြေများကို တရားမဝင် ရောင်းစားခဲ့ကြောင်း ဖနွမ်းပင် စည်ပင်သာယာတရားရုံးတွင် ဝန်ခံချက်ပေးခဲ့ကြောင်း ဖနွမ်းပင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

ပြည်သူပိုင်မြေများကို ရောင်းချခဲ့ရာတွင် ကန်ဒေါ်လာ ၆၂၄၀၀ ခန့်မြတ်စွန်းခဲ့ကြောင်း၊ သို့ရာတွင် အဆိုပါငွေများကို ရေဘေးဒုက္ခသည်များအား ကူညီရန်အသုံးပြုခဲ့ခြင်းဖြစ်သောကြောင့် ပြစ်ဒဏ်လျှော့ပေါ့ပေးပါရန်လည်း တောင်းဆိုခဲ့သည်ဟု ဆိုသည်။

ခရိုင်အကြီးအကဲဖြစ်သူ ကောင်မာကာရာနှင့် အမှုတွဲဖြစ်သူ ဘဏ္ဍာရေးဌာနအကြီးအကဲ နုအွန် ဖာလေတို့ အစစ်ခံခဲ့ကြရာတွင် အခြားအရာရှိ ၁၄ လည်း ပါဝင်ကြောင်း ထွက်ဆိုခဲ့ကြသည်။
သတ္တုတွင်းဌာနမှ အခြားအရာရှိ ၁၁ ဦးသည်လည်း မြေကွက်ရောင်းဝယ်မှုမှ ငွေများဝေစုရရှိခဲ့ကြသော်လည်း ၎င်းတို့ကို မျက်မြင် သက်သေစာရင်းတွင် ထည့်သွင်းထားရာ တရားစွဲဆိုခံရသူများစာရင်းတွင် မပါဝင်ခဲ့ချေ။

“ဒီမြေနေရာက နိုင်ငံတော်ကပိုင်တာပါ။ ဒါပေမယ့်
မှတ်ပုံမတင်ရသေးပါဘူး” ဟု မာကာရာက မြေကွက်ကိုရောင်းချရခြင်းမှာ နိုင်ငံပိုင် စာရင်းတွင် ပါဝင်ခြင်းမရှိသေးသောကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ကျွန်တော် ဒေါ်လာ ၁၀၀၀၀ လောက်ရခဲ့တယ်။ ဒီငွေကနေ အဖွဲ့အစည်းအတွက် ဆိုင်ကယ်တစ်စီးဝယ်တယ်။ ပြီးတော့ ရေဘေးဒုက္ခသည်တွေနဲ့ စစ်သည်မိသားစုဝင်တွေကို ကူညီမှုတွေ လုပ်ခဲ့ပါတယ်” ဟု မာကာရာက ဆက်လက်ပြောကြားသည်။
ရောင်းချလိုက်သော မြေကွက်သည် သတ္တုတွင်းဌာနအနီးတွင်တည်ရှိပြီး မာကာရာနှင့် ဖာလေတို့နှစ်ဦးကို အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

တရားရုံးတွင် ဖာလေက ထွက်ဆိုရာ၌ မြေကွက်ရောင်းရန်အတွက် အစည်းအဝေးပြုလုပ်ခဲ့ရာတွင် ဌာနတစ်ခုလုံးက သဘောတူညီခဲ့ ကြကြောင်း၊ မိမိကို ရောင်းချသူအဖြစ် ရပ်တည်ရန် ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း
ထွက်ဆိုခဲ့သည်။

“အစည်းအဝေးမှာ မြေပိုင်ရှင်အဖြစ် ကိုယ်စားပြုဖို့ ကျွန်တော်ရွေးချယ်ခံရပါတယ်။ ဒီအတွက် ကျွန်တော် ဒေါ်လာ ၅၀၀၀ ရခဲ့ပါတယ်။ အစည်းအဝေးတက်ခဲ့သူအားလုံးလည်း ဒေါ်လာ ၂၅၀၀ ကနေ ၄၅၀၀ ကြား အသီးသီးရကြပါတယ်” ဟု ဖာလေက ထွက်ဆိုသည်။

မြေကွက်ကို ဝယ်ယူလိုက်သူ ယန် ဆိုသီယာက တရားရုံးတွင်လျှောက်လှဲရာ၌ ဤအမှုတွင် သားကောင်အစစ်မှာ မိမိသာဖြစ်ကြောင်း ပြောကြားခဲ့ပြီး မြေကွက်ကို နိုင်ငံတော်သို့ ပြန်လည်ပေးအပ်နိုင်ပါကြောင်း၊ သို့ရာတွင် မြေကွက်အတွက် ငွေများစွာ ကုန်ကျခဲ့ရသည့် အပြင် မြေကွက်ပေါ်တွင် အဆောက်အအုံလည်း ဆောက်လုပ်ပြီးဖြစ်နေသဖြင့် လျော်ကြေးပေးပါရန် တောင်းဆိုထားသည်။

ကမ္ဘောဒီးယားနိုင်ငံတကာပွင့်လင်းမြင်သာမှုအဖွဲ့အကြီးအကဲ ပရိပ်ကောလ်ကမူ သက်ညှာခွင့်တောင်းဆိုမှုကို ရှုတ်ချဝေဖန်လိုက်ပြီး နောက်နောင် အကျင့်ပျက်ခြစားမှုများကို ကာကွယ်နိုင်ရန်အတွက် ပြင်းပြင်းထန်ထန်အရေးယူရန် တိုက်တွန်းထားသည်။
လာမည့် ဇူလိုင်လ ၄ ရက်တွင် တရားရုံးက အမိန့်ချမှတ်မည် ဖြစ်သည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ရုရှားသမ္မတ ဗလာဒီမာပူတင်က အသက်ရှည်စေရန်အတွက် တိရ စ္ဆာန်သွေးဖြင့် ရေစိမ်ခဲ့သော ဆိုက်ဘေးရီးယားက လျှိုဝှက်အိမ်တော်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

အမေရိကန်ပြည်၊ ဂျော်ဂျီယာပြည်နယ်တွင် ၂၈၂ ဧက ကျယ်ဝန်းသော သံလွင်ခြံကြီး ကန်ဒေါ်လာ ၆ သန်းကျော်မျှဖြင့် အရောင်းဈေးကွက်ဝင်လာ

ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှ

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

imyanmarmarket
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service