ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီတွေက တည်ဆောက်မယ့် ဝန်ထမ်းအိမ် ရာ ဝယ်ယူမယ့် ဝန်ထမ်းအိမ်ရာဝယ်ယူမယ့် အငြိမ်းစားဝန်ထမ်းတွေကိုေ ဆာက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ် (CHDB) က ချေးငွေထုတ်ချေးပေး မယ်လို့ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က မန်နေးဂျင်းဒါရိုက်တာ ဦးဝင်းဇော်က ပြောပါတယ် ။
မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းက လာမယ့် ဇူလိုင် လ အတွင်း ဆောက်လုပ်အကောင်အထည်ဖော်မယ့် ဝန်ထမ်းအိမ်ရာ ဝယ်ယူချင် တဲ့ အစိုးရဝန်ထမ်းတွေကို ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က အရစ်ကျ ဘဏ်ချေးငွေစနစ်နဲ့ ဝယ်ယူနိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ် ။
အငြိမ်းစားဝန်ထမ်းတွေအနေနဲ့ ဝန်ထမ်းအိမ်ရာ အရစ်ကျ ဝယ်ယူနိုင်ဖို့အ တွက် လိုက်နာရမယ့် စည်းကမ်းချက်တွေ ရှိပါတယ် ။ သည်စည်းကမ်း ချက်ေ တွက အငြိမ်းစားဝန်ထမ်းတွေအနေနဲ့ အရစ်ကျပေးသွင်းရမယ့် အခန်းတန်ဖိုး ကို ပေးချေနိုင်တဲ့ အခြေအနေရှိရပါမယ် ။ တိုက်ခန်းဝယ်ဖို့ အမွေစားအမွေခံ မိသားစုဝင်ကလည်း အစိုးရဝန်ထမ်းဖြစ်ဖို့ လိုအပ်ပါတယ် ။
ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်က မန်နေဂျင်းဒါရီုက်တာ ဦးဝင်းေ ဇ်ာက ‘အငြိမ်းစားဝန်ထမ်းတွေအတွက် ငွေပေးသွင်းမှုကို ပေးဆပ်နိုင်ဖို့ လုံေ လာက်တဲ့ ဝင်ငွေအနေအထားရှိရမယ် ၊ ဒါကိုဝယ်ယူတဲ့သူဘက်က မပေးနိုင် တဲ့အခါ တစ်ခါတည်းပေးနိုင်တဲ့ အမွေစားအမွေခံ မိသားစုဝင်တစ်ယောက်ရဲ့ လက်မှတ်လိုအပ်မယ် ၊ ပြီးရင်ဒါကို အဲဒီသူက ဆက်ပေးချေရမယ့် ကိစ္စတွေကို လုပ်ဆောင်ရမယ် ၊ တစ်ခုကတော့ မိသားစုဝင်က အစိုးရဝန်ထမ်းဖြစ်ဖို့တော့ လိုမယ် ၊ အခုမေပးရမယ့် အိမ်ရာတွေက ဝန်ထမ်းအိမ်ရာတွေဖြစ်တယ်’ လို့ ရှင်းပြပါတယ် ။
အစိုးရဝန်ထမ်းအိမ်ရာတွေကို ပင်စင်ယူပြီး အစိုးရဝန်ထမ်းအပြင် လက်ရှိ တာဝန်ထမ်းဆောင်နေဆဲ အစိုးရဝန်ထမ်းတွေပါ အခန်းဝယ်ယူခွင့်ပြုသွား မှာ ဖြစ်တယ် ။
အခန်းဝယ်ယူချင်တဲ့သူတွေက ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေး ဦးစီးဌာနက CHD ဘဏ်နဲ့ ချိတ်ဆက်ပြီး အရစ်ကျရောင်းချတဲ့ ပုံစံအ တိုင်း ဝယ်ယူရမှာ ဖြစ်ပါတယ် ။ အခန်းဝယ်ယူချင်တဲ့သူတွေက CHD ဘဏ် မှာ ဘဏ်စာရင်းဖွင့်လှစ်ရမှာဖြစ်ပြီး ကနဦးအခန်းတန်ဖိုး ၃၀ ရာခိုင်နှုန်းကို ဘဏ်မှာ ငွေစုထားရမှာ ဖြစ်ပါတယ် ။
မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနက ဆောက်လုပ်တဲ့ အိမ်ခန်းတွေကို ဝယ် ယူဖို့ ဘဏ်စာရင်း ဖွင့်လှစ်ထားပြီး စာရင်းသွင်းထားပြီးဖြစ်တဲ့ အစိုးရဝန် ထမ်းတွေလည်း ပုဂ္ဂလိကက တည်ဆောက်မယ့် ဝန်ထမ်းအိမ်ရာကို မိမိစိတ် ကြိုက် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ် ။
အငြိမ်းစားဝန်ထမ်းတွေအတွက် တန်ဖိုးနည်းအိမ်ရာတွေကို တစ်ပေပတ် လည် ကျပ် ၂၀,၀၀၀ နှုန်းခန့်နဲ့ တည်ဆောက်ပေးဖို့ အဆိုပြုလွှာတင် ထားတာ ဖြစ်ပါတယ် ။ အခန်းအကျယ်တွေကိုတော့ သုံးမျိုးခန့် တည်ေ ဆာက်ပေးမှာ ဖြစ်ပြီး အနည်းဆုံး စတုရန်းပေ ၄၅၀ ကနေ အများဆုံး စတုရန်းပေ ၆၅၀ ခန့် တည်ဆောက်မှာ ဖြစ်ပါတယ် ။ သည်နှုန်းထားအတိုင်း
တွက်ပါက အခန်းတန်ဖိုးတွေကို ကျပ်သိန်း ၉၀ ကနေ ကျပ်သိန်း ၁၃၀ ခန့် နဲ့ ရောင်းချပေးဖို့ စီစဉ်နေတယ်လို့ မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်း ရှင်များအသင်း (MCEA)က သိရပါတယ် ။
နှစ်စဉ်အငြိမ်းစားယူတဲ့ ဝန်ထမ်း ၁၅,၀၀၀ ဝန်းကျင်ရှိပြီး သည်ဝန်ထမ်းတွေေ နထိုင်ဖို့ နှစ်စဉ်အိမ်ခန်း ၊ တိုက်ခန်း ၁၅,၀၀၀ ခန့် ပုံမှန်ဆောက်လုပ်ဖို့ စီ စဉ်သွားမယ်လို့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက သိရပါတယ် ။
Credit: The Modern