လှိုင်သာယာမြို့နယ်မှာရှိတဲ့ ကျန်စစ်မင်းအိမ်ရာ အပိုင်း (၁) တန်ဖိုးနည်း အိမ် ရာ စီမံကိန်းက အခန်းပေါင်း ၁၈၂၄ ခန်းကို နိုဝင်ဘာလနဲ့ ဒီဇင်ဘာလမှာေ ရာင်းချနိုင်ဖို့ ခန့်မှန်းထားတယ်လို့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တာ ဝန်ရှိတစ်ဦးက ပြောပါတယ် ။
ကျန်စစ်မင်းအိမ်ရာစီမံကိန်း အပိုင်း (၁) ၊ အပိုင်း (၂) ပါဝင်ပြီး လက်ရှိအပိုင်း (၁) နှာ ၆၂ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးနေပြီလို့ သိရပါတယ် ။ ဈေးနှုန်းကို
တော့ လက်ရှိ အတိအကျ မသတ်မှတ်ရသေးပေမဲ့ သိန်း ၁၂၀ နဲ့ သိန်း ၁၅၀ ကြားရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ် ။ အိမ်ခန်းတစ်ခန်းစီရဲ့ ဖွဲ့စည်းပုံ အနေအထားအရ ရေချိုးခန်း ၊ အိမ်သာတွေ ပါဝင်ပြီး ဟောလ်ခန်းတြွေ ဖစ်ေ ကြာင်း သိရပါတယ် ။
ကျန်စစ်မင်းအပိုင်း (၁) တန်ဖိုးနည်းအိမ်ရာစီမံကိန်းက အခန်းပေါင်း ၁၈၂၄ ခန်းကို CHD Bank မှာ ၃၀ ရာခိုင်နှုန်းငွေစုပြီး မိသားစုဝင်ငွေ ကျပ်သုံးသိန်းနဲ့ ငါးသိန်းကြားရှိသူ ၊ ဘဏ်ချေးငွေရရှိသူတွေကို နိုဝင်ဘာနဲ့ ဒီဇင်ဘာလမှာ စီနီ ယာအလိုက် ရောင်းချနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြောင်း မြို့ပြနှင့် အိမ်ရာ ဖွံြ့ဖိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ် ။
ကျန်စစ်မင်းအပိုင်း (၂) စီမံကိန်းမှာ အခန်းပေါင်း ၉၆၉ ခန်းပါဝင်ပြီး တန်ဖိုး သင့် တန်ဖိုးမြင့် အိမ်ရာတွေဖြစ်ကာ ဧပြီလမှာ စပြီး အကောင်အ ထည်ဖော် ခဲ့ကြောင်း သိရပါတယ် ။ ကျန်စစ်မင်းအိမ်ရာဟာ လှိုင်သာယာမြို့နယ်ေ အာင်ဇေယျတံတားအဆင်း (၈) ရပ်ကွက်မှာ တည်ရှိတယ်လို့ သိရပါတယ် ။
Credit: The Modern