The Castle ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့သည့် နေအိမ်ကို သြစတေးလျဒေါ်လာ ၁၀၀၀ ( မြန်မာငွေ ၁၀ သိန်း ၄ သောင်းဝန်းကျင်) ဖြင့်ရောင်းချမည်

The Castle ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့သည့် နေအိမ်ကို သြစတေးလျဒေါ်လာ ၁၀၀၀ ( မြန်မာငွေ ၁၀ သိန်း ၄ သောင်းဝန်းကျင်) ဖြင့်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
30 Jun 2017 11:33 am တွင် တင်ခဲ့သည်
833 ကြိမ် ကြည့်ရှု့ပြီး
၁၉၉၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့သည့် The Castle ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့သော နေအိမ်ကို သြစတေးလျဒေါ်လာ ၁၀၀၀ ( မြန်မာငွေ ၁၀ သိန်း ၄ သောင်းဝန်းကျင်)မှ အထက်ဖြင့် လေလံတင်ရောင်းချရန် စီစဉ်လျက်ရှိပြီး အဆောက်အအုံကိုရောင်းချခြင်းသာဖြစ်ပြီး မြေနေရာ မပါဝင်ကြောင်း သြစတေးလျအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။

လေလံတင်ပွဲကို လာမည့်လအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း အဆိုပါနေအိမ်ကို နှစ်ပေါင်းများစွာ ပိုင်ဆိုင်ထားခဲ့သူ အိမ်ရှင်က ပြောကြားသည်။

The Castle ဇာတ်ကားတွင် အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့သူမှာ ဒါရဲလ် ကာရင်ဂန်ဖြစ်သည်။နေအိမ်မှာ Essendon လေဆိပ်အနီး၊ ဒါဂွန်နက်လမ်း ၊ အမှတ် ၃ တွင် တည်ရှိပြီး မြေကွက်ကိုပါ ဝယ်ယူလိုပါက သြစတေးလျဒေါ်လာ ၄၅၀၀၀ မှ ၅၀၀၀၀ ခန့် ထပ်မံသုံးစွဲရဖွယ်ရှိကြောင်း အရောင်းဈေးကွက်တင်သွင်းသူ ရေဘက္ကာတောင်းစ်က ပြောကြားသည်။
“ဒါဟာ နာမည်ကျော်ရုပ်ရှင်ကားတစ်ကားရဲ့ အစိတ်အပိုင်းတစ်ခုကို ပိုင်ဆိုင်ခွင့်ရမယ့် အခွင့်အလမ်းတစ်ခုပါ” ဟု ရေဘက္ကာက ပြောကြားသည်။
သြစတေးလျသမိုင်း၏ အစိတ်အပိုင်းတစ်ခုကို ဝယ်ယူခွင့်ရမည့်၊ တစ်သက်တာတွင် တစ်ကြိမ်သာရမည့်အခွင့်အရေးဟု အရောင်းဈေးကွက်တင်သူက ညွှန်းဆိုသည်။

ရောင်းချသူ ဗစ်ကီ ကိုဆန်တီနိုက သူမအနေဖြင့် နေအိမ်ကိုရောင်းချနိုင်ရန်အတွက် မစောင့်နိုင်အောင်ပင် ဖြစ်နေကြောင်း၊ နေအိမ်ကို ပိုင်ဆိုင်ထားသည့် ၂၄ နှစ်တာကာလအတွင်း ပြုပြင်မွမ်းမံမှုအကြိမ်ကြိမ်ပြုလုပ်ခဲ့ရခြင်းအတွက် ဒေါ်လာ ၈၀၀၀၀ ခန့် ကုန်ကျခဲ့ရပြီးဖြစ်ကြောင်း ပြောကြားသည်။

နေအိမ်ပြုပြင်ရခြင်း၏ အဓိကအကြောင်းရင်းများမှာ အိမ်ငှားတို့၏ စည်းကမ်းမဲ့နေထိုင်ပုံများ အပါအဝင် The Castle ရုပ်ရှင်ဇာတ်ကားကို ရက်သတ္တ ၂ ပတ်ကြာ ရိုက်ကူးခဲ့မှုကြောင့်များကြောင့် ဖြစ်သည်ဟု မစ္စက် ကိုဆန်တီနိုက ပြောကြားသည်။

မစ္စက် ကိုဆန်တီနိုက အဆိုပါနေရာတွင် နေအိမ်အသစ်ဆောက်လုပ်ရန် စီစဉ်ထားပြီး ယခုနေအိမ်ကို ဖျက်ချကာ ဆောက်လုပ်လျှင် ရသော်လည်း နေအိမ်၏ အမှတ်ရဖွယ်ရာများကြောင့် ဖျက်ဆီးမပစ်လိုခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် ပြီးခဲ့သောနှစ်အတွင်းကလည်း မိုနီဗယ်လီမြို့ကောင်စီက အဆိုပါနေအိမ်ကို သမိုင်းဝင်အမွေအနှစ်သတ်မှတ်ကာ ဖျက်သိမ်းရန် ခွင့်မပြုခဲ့ချေ။

ထို့ကြောင့် နေအိမ်ကိုရောင်းချရန် စီစဉ်ခြင်းဖြစ်ပြီး ဒေါ်လာ ၂၀၀၀ ၊ ၃၀၀၀ ခန့်ရလျှင်ပင် ရောင်းချသွားမည်ဖြစ်ကြောင်း မစ္စက် ကိုဆန်တီနိုက ပြောကြားသည်။

Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
The Castle ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့သည့် နေအိမ်ကို သြစတေးလျဒေါ်လာ ၁၀၀၀ ( မြန်မာငွေ ၁၀ သိန်း ၄ သောင်းဝန်းကျင်) ဖြင့်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
The Castle ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့သည့် နေအိမ်ကို သြစတေးလျဒေါ်လာ ၁၀၀၀ ( မြန်မာငွေ ၁၀ သိန်း ၄ သောင်းဝန်းကျင်) ဖြင့်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
The Castle ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့သည့် နေအိမ်ကို သြစတေးလျဒေါ်လာ ၁၀၀၀ ( မြန်မာငွေ ၁၀ သိန်း ၄ သောင်းဝန်းကျင်) ဖြင့်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com
The Castle ရုပ်ရှင်ဇာတ်ကားရိုက်ကူးခဲ့သည့် နေအိမ်ကို သြစတေးလျဒေါ်လာ ၁၀၀၀ ( မြန်မာငွေ ၁၀ သိန်း ၄ သောင်းဝန်းကျင်) ဖြင့်ရောင်းချမည် - Property News in Myanmar from iMyanmarHouse.com

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအ

တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အဖြစ် ဟန်ဆောင်စေကာ ဟန်ဆောင်လက်ထပ်ပွဲကျင်းပခဲ့ပြီး ဆွေမ

ဂရမ်မီဆုရမည်ဟု တစ်ပြေးနေသော အဆိုတော် Billie Eilish မှာ အလွန်ချမ်းသာကြွယ်ဝနေပြီဖြစ်သော်လည်း မိဘအိမ်တွင် နေထိုင်နေဆဲဖြစ်

နယူးဇီလန်တွင် ကျေးရွာတစ်ခုလုံးကို ဒေါ်လာ ၂ ဒသမ ၉ သန်းမျှဖြင့် အရောင်းဈေးကွက်တင်ထားရာ ရော့ခ်ကြယ်ပွင့်များအပါအဝင် တစ်ကမ္ဘာ

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ

တရုတ်ပြည်တွင် ဆောက်လုပ်ရေးပစ္စည်းထုတ်လုပ်သော ကုမ္ပဏီတစ်ခုက နှစ်ကုန်ပါတီပွဲတွင် ဝန်ထမ်းများအား ငွေစက္ကူ ရေတွက်ပွဲအဖြစ် ယွ

ဂူဂျွန်ဖြိုး (သို့မဟုတ်) လီမင်ဟို၏ ကန်ဒေါ်လာ ၄ သန်းကျော် တန်ကြေးရှိ ဆိုးလ်မြို့တော် နေအိမ်၏ ဓာတ်ပုံများ ထွက်ပေါ်လာ

Magical World
Infinity@111Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service