အမေရိကန်နိုင်ငံတွင် အပန်းဖြေအိမ်ဈေးများသည် မကြာသေးမီနှစ်များအတွင်း
တစ်ဟုန်ထိုးမြင့်တက်လာခဲ့ပြီး ရောင်းအားကို ကျဆင်းစေခဲ့သည်။
အပန်းဖြေအိမ်ရောင်းအားသည် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်အကြား ၁၈ ဒသမ ၅ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အမေရိကန်အမျိုးသားအိမ်ခြံမြေအကျိုးဆောင်များ
အသင်းက ထုတ်ပြန်ထားသည်။
အမေရိကန်တွင် အိမ်တစ်အိမ်ပိုင်ဆိုင်ပြီးသားသူများအတွက် ဒုတိယမြောက်အိမ်အဖြစ် ကမ်းခြေမြို့တွင် တည်ရှိသောအိမ်ကို ၀ယ်ယူရန်သည် မဖြစ်နိုင်စရာကိစ္စရပ်
တစ်ခုအလား ခက်ခဲလာပြီဖြစ်သည်။
သို့သော်လည်း ကမ်းခြေမြို့တိုင်း ဈေးကြီးသည်မဟုတ်ပေ။ အချို့နေရာများတွင်
ပျမ်းမျှအိမ်ဈေးသည် ဒေါ်လာ ၁၂၀,၀၀၀ အောက်သာ ရှိသည်။
သို့ပါသောကြောင့် ယခုအခါ ယင်းသို့ ပျမ်းမျှအိမ်ဈေးသည် ဒေါ်လာ ၁၂၀,၀၀၀
အောက်သာ ရှိပြီး ထိုဈေးနှင့် မြို့၏ဖွံ့ဖြိုးတိုးတက်မှုတို့ သဟဇာတဖြစ်မှုအရှိဆုံးသော အမေရိကန်ကမ်းခြေမြို့များအား အောက်ပါအတိုင်း ဖော်ပြပေးလိုက်ပါသည်။
၁။ ဂက်ဖ်ပို့တ်မြို့ (မစ္စစ္စပီပြည်နယ်)
ဂက်ဖ်ပို့တ်သည် အမေရိကန်တွင် ဈေးသင့်၍ ထိုဈေးနှင့် မြို့၏ဖွံ့ဖြိုးတိုးတက်မှုတို့
သဟဇာတဖြစ်မှုအရှိဆုံးသော နံပါတ် ၁ မြို့အဖြစ် နှစ်နှစ်ဆက်တိုက်
ဗိုလ်စွဲထားသည်။ ၎င်းမြို့တွင် ပျမ်းမျှအိမ်ဈေး ၁၁၇,၃၀၀ ဒေါ်လာသာ ရှိသည်။
၂။ ပင်ဆာကိုလာ (ဖလောရီဒါပြည်နယ်)
ပင်ဆာကိုလာသည်လည်း အမေရိကန်တွင် ယင်းသို့ဈေးအသင့်ဆုံးသော နံပါတ်၂ မြို့အဖြစ် နှစ်နှစ်ဆက်တိုက် ဗိုလ်စွဲထားသည်။
၃။ ဘလော့စီ (မစ္စစ္စပီပြည်နယ်)
ဘလော့စီသည် မြို့ရှိ ကာစီနိုရုံများကြောင့် လူသိများသည်။
၎။ ပို့တ်အာသာ (တက္ကဆက်ပြည်နယ်)
ပို့တ်အာသာတွင် ပျမ်းမျှအိမ်ဈေးသည် ဒေါ်လာ ၆၄,၆၀၀ ဖြစ်သည်။
၅။ ဖရီးပို့တ် (တက္ကဆက်ပြည်နယ်)
လူဦးရေအများဆုံး တက္ကဆက်မြို့ဖြစ်သည်။ ပျမ်းမျှအိမ်ဈေး ဒေါ်လာ ၇၁,၀၀၀
ဖြစ်သည်။
၆။ ဖို့တ်ပီးယာ့စ် (ဖလော်ရီဒါပြည်နယ်)
ဖို့တ်ပီးယာ့စ်သည် ယမန်နှစ်စာရင်းတွင် နံပါတ် ၈ နေရာတွင် ဖော်ပြခံခဲ့ရာမှ
မြင့်တက်လာခဲ့ခြင်းဖြစ်သည်။
၇။ ဖို့တ်ဝေါ်လ်တန်ဘိခ်ျ (ဖလော်ရီဒါပြည်နယ်)
မိုင်ယာမီဘိခ်ျနှင့် ကီးဝက်စ်တို့တွင် ပျမ်းမျှအိမ်ဈေး ဒေါ်လာ ၃ သိန်းကျော်နေစဉ်
ဤမြို့တွင် ပျမ်းမျှအိမ်ဈေးမှာ ၁၅၉,၆၀၀ ဒေါ်လာ ဖြစ်သည်။
၈။အိုးရှင်းစပရင်းစ် (မစ္စစ္စပီပြည်နယ်)
အိုးရှင်းစရင်းစ်တွင် အိမ်ခြံမြေအခွန်များသည် အနည်းငယ်ကြီးမြင့်သည်။
သို့သော်လည်း ပျမ်းမျှအိမ်ဈေးသည် ၁၄၆,၈၀၀ ဒေါ်လာဖြစ်ပြီး
အိမ်အရွယ်အစားများလည်း အတော်အတန်ကြီးသည်။
၉။ ဘေးစိန့်လူ့ဝစ် (မစ္စစ္စပီပြည်နယ်)
ဤမြို့တွင် ပျမ်းမျှအိမ်ဈေး ယမန်နှစ်ထက် အနည်းငယ်မြင့်တက်လာသော်လည်း
အခွန်နှင့် အခြားစရိတ်များက သိသိသာသာကျဆင်းလာသဖြင့် ယင်းထိပ်တန်း ၁၀မြို့ထဲ ဆက်လက်ပါဝင်ခဲ့သည်။
၁၀။ ဒေးတိုနာဘိခ်ျ (ဖလော်ရီဒါပြည်နယ်)
ပျမ်းမျှအိမ်ဈေး ၁၁၂,၀၀၀ ဒေါ်လာ ဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com