၂၀၁၇ - ၂၀၁၈ စည်းကြပ်နှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မြေေ ဈးနှုန်းတန်ဖိုးကို စိစစ်သတ်မှတ်ရေးအဖွဲ့က အခွန်စည်းကြပ်ပေးရာမှ ဈေးနှု န်းတွေကို အရင်နှစ်ကထက် လျှော့ချခဲ့ကြောင်း သိရပါတယ် ။
ဈေးနှုန်းအမြင့်ဆံးအဖြစ် ပြည်လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းတစ်လျှောက်မှာ တစ်စတုရန်းပေကို ကျပ် ၄၀၀,၀၀၀ သတ်မှတ်ခဲ့ပြီး စက်မှုဇုန်တွေမှာ လည်း ရွှေလင်ပန်းစက်မှုဇုန်မှာ တစ်ဧက ကျပ်သိန်း ၁၉၀၀ နဲ့ အမြင့်ဆုံး သတ်မှတ်ခဲ့တယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာန ၊ ကာလတန်ဖိုး စိစစ်သတ် မှတ်ရေး အဖွဲ့ ထုတ်ပြန်ချက်အရ သိရပါတယ် ။
ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း ၊ မရမ်းကုန်းမြို့နယ် ပြည်လမ်း ၊ ကမ္ဘာအေးဘုရားလမ်း ၊ စမ်းချောင်း ၊ လှိုင် ၊ ကမာရွတ်မြို့နယ်တွေရဲ့ ပြည် လမ်းတွေမှာ တစ်စတုရန်းပေကို ကျပ်လေးသိန်းအမြင့်ဆုံး စည်းကြပ်ဖို့ သတ် မှတ်ထားကြောင်း သိရပါတယ် ။
မြို့တွင်းမြို့နယ်တွေဖြစ်တဲ့ ပန်းဘဲတန်း ၊ ကျောက်တံတား ၊ လသာ ၊ ပုဇွန်ေ တာင် ၊ မြို့နယ်တွေမှာ အမြင့်ဆုံးတစ်စတုရန်ပေးကို ကျပ် ၂၇၀,၀၀၀ ကနေ ကျပ် ၁၀၀,၀၀၀ ကြား လျှော့ချသတ်မှတ်ခဲ့တယ်လို့ သိရပါတယ် ။
ဒဂုံမြို့နယ်ပြည်လမ်းမှာဆိုရင် တစ်စတုရန်းပေ စည်းကြပ်နှုန်းကို ကျပ် ၄၀၀,၀၀၀ ကနေ လက်ရှိ ကျပ် ၃၆၀,၀၀၀ ၊ ပြည်လမ်းအတွင်းမှာဆိုရင် ကျပ် ၁၈၀,၀၀၀ ကနေ ၁၆၀,၀၀၀ ကို လျှော့ချသတ်မှတ်ထားတယ်လို့ သိရပါ တယ် ။
ဦးဝိစာရလမ်း ၊ နဝဒေးလမ်း ၊ ယောမင်းကြီးလမ်းနေရာတွေမှာ တစ်စတု ရန်းပေကို ကျပ် ၃၀၀,၀၀၀ လျှော့ချထားပြီးတော့ ကျန်လမ်းတွေမှာ ကျပ် ၂၂၅,၀၀၀ စည်းကြပ်သတ်မှတ်ထားတယ်လို့ သိရပါတယ် ။
မရမ်းကုန်းမြို့နယ် ၊ ပြည်လမ်း ၊ ကမ္ဘာအေးဘုရားလမ်းတွေမှာဆိုရင် တစ်စ တုရန်းပေကို ကျပ် ၄၀၀,၀၀၀ ၊ အင်းလျားရိပ်သာ ၊ ကန်ရိပ်သာလမ်းတွေမှာ ကျပ် ၂၅၀,၀၀၀ ၊ မေခ ၊ မလိခ ၊ မင်းဓမ္မလမ်းတွေမှာ တစ်စတုရန်းပေကို ကျပ် ၂၀၀,၀၀၀ ကနေ ၁၈၀,၀၀၀ သတ်မှတ်ထားပြီး စမ်းချောင်းမြို့နယ်ပြည် လမ်း ကျပ် ၄၀၀,၀၀၀ ၊ ဟံသာဝတီနဲ့ ဗဟိုလမ်းကို ကျပ် ၂၀၀,၀၀၀ ကနေ ၁၈၀,၀၀၀ ၊ စမ်းချောင်းလမ်းနဲ့ မင်္ဂလာလမ်းတွေအတွက် ကျပ် ၁၀၀,၀၀၀ သတ်မှတ်ပေးထားတယ်လို့ သိရပါတယ် ။
တာမွေမြို့နယ် ကန်ရိပ်သာလမ်းမှာဆိုရင် တစ်စတုရန်းပေကို ကျပ် ၃၀၀,၀၀၀ ကနေ ၂၇၀,၀၀၀ ကို သတ်မှတ်ပါတယ် ။ လမ်းငယ် ၊ လမ်းသွယ် တစ်စတုရန်းပေကို ကျပ် ၅၀,၀၀၀ သတ်မှတ်ထားပါတယ် ။ လေးထောင့်ကန် ၊ ဗညားဒလ ၊ မအူကုန်း ၊ သမိန်ဗရမ်း ၊ အနောက်မြင်းပြိုင်ကွင်းလမ်းတွေမှာ တစ်စတုရန်းပေကို ကျပ် ၂၀၀,၀၀၀ စည်းကြပ်ထားပြီးလမ်းအလိုက်ကျပ် ၂၀၀,၀၀၀ နဲ့ ၁၈၀,၀၀၀ အထိ လျော့ချခဲ့တယ်လို့ သိရပါတယ် ။
မြို့ပြင်မြို့နယ်တွေ ဖြစ်တဲ့ မင်္ဂလာဒုံမြို့နယ်ပြည်လမ်းနဲ့ အောက် မင်္ဂလာဒုံမြို့ နယ် ပြည်လမ်းနဲ့ အောက်မင်္ဂလာဒုံ လမ်းမကြီးအတွက် တစ်စတုရန်းပေကို ကျပ် ၁၀၀,၀၀၀ သတ်မှတ်ခဲ့ရာမှ ကျပ် ၇၀,၀၀၀ ကို လျှော့ချခဲ့ပြီး ထောက်ြ ကန့်လမ်းကျဉ်းတွေမှာ တစ်စတုရန်းပေကို ကျပ် ၈၀၀၀ သတ်မှတ်ထားတယ် လို့ သိရပါတယ် ။
မြောက်ဥက္ကလာပမြို့နယ်မှာဆိုရင် သုဓမ္မာလမ်းကို ကျပ် ၁၀၀,၀၀၀ အမြင့် ဆုံး သတ်မှတ်ခဲ့ရာကနေ ကျပ် ၉၀,၀၀၀ ကို လျှော့ချပေးထားပြီး လမ်းကျဉ်းေ တွမှာ အနိမ့်ဆုံး ကျပ် ၉၀၀၀ အထိ သတ်မှတ်ထားပါတယ် ။
တောင်ဥက္ကလာပမြို့နယ်မှာဆိုရင် ဝေဇယန္တာလမ်းကို တစ်စတုရန်းပေကို ကျပ် ၂၅၀,၀၀၀ သတ်မှတ်ခဲ့ရာကနေ ကျပ် ၂၂၅,၀၀၀ ကို လျှော့ချခဲ့ပြီး စစ်ကိုင်းတကောင်းလမ်းတွေမှာ အနိမ့်ဆုံး တစ်စတုရန်းပေကို ကျပ် ၆၀,၀၀၀ သတ်မှတ်ခဲ့ရာကနေ ကျပ် ၅၅,၀၀၀ ကို လျှော့ချပြီးတော့ လုံးချင်းအိမ်ရာေ တွကို ကျပ် ၁၁၀,၀၀၀ နဲ့ ရပ်ကွက်အတွင်းလမ်းတွေမှာ တစ်စတုရန်းပေကို ကျပ် ၅၅,၀၀၀ သတ်မှတ်ပေးထားကြောင်း သိရပါတယ် ။
စက်မှုဇုန်တွေဖြစ်တဲ့ ရွှေပေါက္ကံနဲ့ရန်ကုန်စက်မှုဇုန်ကို တစ်ဧက ကျပ်သိန်း ၁၃၀၀ ကနေ ကျပ်သိန်း ၁၁၀၀ ကို လျှော့ချသတ်မှတ်ထားပြီး လှိုင်သာယာစ က်မှုဇုန် ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ ၅ ၊ ၇ နဲ့ ငွေပင်လယ်(မွေးမြူရေး) ဇုန်တွေမှာ တစ်ဧကကို ကျပ်သိန်း ၁၉၀၀ က ၁၇၀၀ ၊ ရွှေလင်ပန်းစက်မှုဇုန်မှာ တစ်ဧက ကို ကျပ်သိန်း ၂၁၀၀ က ၁၉၀၀ ၊ ရွှေပြည်သာစက်မှုဇုန် ၁ ၊ ၂ ၊ ၃ ၊ ၄ ၊ သာဓု ကန်ဇုန်တွေမှာ တစ်ဧကကို ကျပ်သိန်း ၁၂၀၀ အထိ သတ်မှတ်ခဲ့တယ်လို့ သိရပါတယ် ။
မင်္ဂလာဒုံမြို့ ရန်ကုန်စက်မှုဇုန်တွေကို တစ်ဧက ကျပ်သိန်း ၁၃၀၀ ၊ အရှေ့ဒဂုံ စက်မှုဇုန် တစ်ဧကကို သိန်းကျပ် ၁၂၀၀ ၊ အတွင်းပိုင်းတွေအတွက် တစ်ကွက် ကျပ်သိန်း ၂၀၀ ၊ တောင်ဒဂုံစက်မှုဇုံမှာ လမ်းမ တစ်ဧကကို သိန်းကျပ် ၁၂၀၀ ၊ လမ်းအတွင်းပိုင်း တစ်ဧကကို ကျပ်သိန်း ၁၀၀၀ သတ်မှတ်ပြီး သီလဝါစက်မှု ဇုန် အတွက် တစ်ဧက ကျပ်သိန်း ၈၅၀ သတ်မှတ်ထားတယ်လို့ သိရပါတယ် ။
Credit: The Modern