ဒဂုံဆိပ်ကမ်းမြို့နယ်၊ ရတနာနှင်းဆီ အဆင့်မြင့်အိမ်ရာမှာ တိုက်ခန်းဝယ်ယူ သူ အများစုက အရစ်ကျထက် ငွေအကျေပေးဝယ်သူတွေ ပိုများတယ်လို့ သိရ ပါတယ်။
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက “ရတနာနှင်းဆီ အိမ်ရာစီမံကိန်းမှာ လက်ရှိ အခန်းထက်ဝက်ကျော် ရောင်းချနိုင် ခဲ့ပြီး ဈေး က စားသူတွေ မဟုတ်ဘဲ နေထိုင်မယ့်သူတွေ ပိုပြီး ဝယ်ယူတယ်လို့ သိရပါ တယ်။ လက်ငင်းငွေပေးချေဝယ်သူတွေ များတယ်” လို့ ပြောပါတယ်။
အခန်းတစ်ခန်းကို ကျပ်သိန်း ၆၀၀ နဲ့ ၁၂၀၀ ကြား သတ်မှတ် ရောင်းချပါ တယ်။ အခန်းပေါင်း ၂၇၀ ကျော် ရောင်းချဖို့ စီစဉ်ထားပါတယ်။ အခန်းအများ စု ရောင်းချပြီး ဖြစ်ရာ အနည်းငယ်သာ ကျန်ရှိတယ်လို့ သိရပါတယ်။
၁၈ ထပ်မြင့် အဆောက်အအုံ နှစ်လုံး ဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၄ရက်က ဖွင့် လှစ်ခဲ့ပြီး တရားဝင် မဖွင့်လှစ်ခဲ့မီကပင် ကြိုတင် ရောင်းချခဲ့ရာ စိတ်ဝင်စား မှု မြင့်တက်ခဲ့ပါတယ်။ ၆၀၀ စတုရန်းပေ အကျယ်ရှိတဲ့ အခန်းကို ကျပ်သိန်း ၆၀၀၊ စတုရန်းပေ ၁၂၀၀ ကျယ်တဲ့ အခန်းကို ကျပ်သိန်း ၁၂၀၀ ဖြစ်ပါတယ်။
ရတနာနှင်းဆီ အဆင့်မြင့် အိမ်ရာ စီမံကိန်း ဝယ်ယူထားသူတွေအနေနဲ့ ငွေ သွင်းထားတဲ့ ရာခိုင်နှုန်းပေါ်မူတည်ပြီး ၂၀၁၇ နှစ်လည်မှာ လူနေထိုင်ခွင့် ပေး မှာပါ။အရစ်ကျ ဝယ်ယူသူအနေနဲ့ ဆောက်လုပ်ရေးနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဘဏ် နဲ့ ချိတ်ဆက်ပြီး ဝယ်ယူနိုင်ပါတယ်။
Credit: The Modern