မန္တလေးမြို့သစ် ဧရိယာအတွင်း ၆၃ လမ်းပေါ်က အိမ်မြေဈေးကွက်ဟာေ ငွကြေးတောင့်တင်းခိုင်မာသူတွေရဲ့ ဈေးကွက်အဖြစ်ရပ်တည်နေပြီး လက်ရှိ အကွက်အကွင်းအနေအထားအရ ဈေးနှုန်းအမြင့်တန်းကနေ အောက်ကျဆင်းဖို့ဆိုတာ အခွင့်အလမ်း အလွန်နည်းပါးကြောင်း မြို့သစ်က အိမ်ခြံမြေအကျိုးေ ဆာင် တချို့က ပြောပါတယ်။
၆၃ လမ်းပေါ်မှာ အထူးသဖြင့် သိပ္ပံလမ်းနဲ့၃၅ လမ်းကြားက အိမ်မြေအကွက် အကွင်းတွေရဲ့ ဖွံ့ဖြိုးမှုက အခြေချနေထိုင်လိုသူတွေအတွက် မျက်စိကျ စ ရာ ကောင်းနေပါတယ်။ အဲဒီလမ်း အပိုင်းအခြားဟာ ငုရွှေဝါလမ်းနဲ့ သိပ္ပံလမ်း ကြားက အိမ်မြေအကွက်အကွင်းတွေထက်လည်း ပိုလှနေပါတယ်။ သိပ္ပံလမ်း နဲ့ ၃၅ လမ်းကြားမှာ လွန်ခဲ့တဲ့ သုံးနှစ်တာကာလနဲ့နှိုင်းယှဉ်ရင် အဆောက်အ အုံကောင်းတွေ ပိုများလာပြီး အသွားအလာလည်း ပိုများလာတာကြောင့် ဒီ လမ်းပိုင်းဟာ နေထိုင်ဖို့သာမက စီးပွားရေးလုပ်ငန်း လုပ်ဖို့အတွက်ပါ အား သာလာပါတယ်။
သိပ္ပံလမ်းနဲ့ ၃၅ လမ်းကြား၊ ၆၃ လမ်းပိုင်းဟာ တောင်ဘက်မှာ စည်ကားအြေ ခကျနေတဲ့ မြို့သစ်ဧရိယာနဲ့ မြောက်ဘက်မှာ မြို့တွင်းဧရိယာရဲ့အလယ်မှာ ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ မြို့အရှေ့ပိုင်းဧရိယာထဲမှာ ပါဝင်နေပြီး လက်ရှိ မှာ အစိုးရကျောင်း၊ ဈေး စတဲ့ အခြေခံလူနေမှု အဆောက်အအုံတွေ အနီးဝန်း ကျင်မှာ မရှိသေးပေမဲ့ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်တာကြောင့် သွား လာရ လွယ်ကူပါတယ်။
ဒီလမ်းပိုင်းအတွင်း လွန်ခဲ့တဲ့ ငါးနှစ်တာကာလအတွင်းမှာ အိမ်ခြံမြေဖွံ့ဖြိုးမှု သိသိသာသာ ပြောင်းလဲလာရာမှာ ၆၃ လမ်းပေါ်တင်မဟုတ်ဘဲ အတွင်းပိုင်း လမ်းသွယ်တွေထဲက အိမ်မြေတွေကတော့ ငွေကြေးအင်အားတောင့်တင်း သူတွေ အခြေချနေထိုင်ကြတဲ့ ဆိတ်ငြိမ်ရပ်ကွက်တွေ အသွင်ဆောင်နေပါ တယ်။ ၆၃ လမ်းပေါ်မှာ အသွားအလာစည်ကားနေတာကြောင့် အငှားေ ဈး ကွက်ကိုလည်း စိတ်ဝင်စားမှုရှိကြပြီး တစ်လကို အောက်ထစ် ကျပ်ရှစ်သိန်းနဲ့ အထက် ခေါ်ဈေးရှိနေကြောင်း အကျိုးဆောင်တချို့ဆီက သိရပါတယ်။
အရောင်းအဝယ်အနေနဲ့ ၆၃ လမ်းမပေါ်ကိုတင်ရင် အောက်ထစ် ကျပ်သိန်း ၅,ဝဝဝ နဲ့ အထက်ကို ဈေးခေါ်နိုင်ပြီး ကြားလမ်းတွေထဲဆိုရင် ကျပ်သိန်း ၅,ဝဝဝ အောက် ဈေးခေါ်နေကြပါတယ်။ တိုင်းဒေသကြီးအစိုးရအဖွဲ့ က လတ်တလော သတ်မှတ်ထားတဲ့သတ်မှတ်စံနှုန်းတွေအရ တစ်ဧကကို ကျပ် သန်းပေါင်း ၆,၃ဝဝ ကနေ ၇,၂ဝဝ အတွင်းရှိနေပါတယ်။
၆၃ လမ်းမတန်းတင် အိမ်မြေတွေဟာ အကွက်အကွင်းလှနေတာကြောင့် လတ်တလောမှာရောင်းချဖို့ထက် လက်ထဲကိုင်ထားလိုသူသာ များပြားနေပြီး လမ်းကြားပိုင်းတွေမှာသာ အရောင်းပိုထွက်နိုင်ကြောင်းနဲ့ ဈေးနှုန်းတန်း ကေ တာ့ ညှိနှိုင်းနိုင်ခြေရှိပေမယ့်အမြင့်တန်းမှာသာ ဆက်ရှိနေမယ်လို့ အကျိုးေ ဆာင်အများစုက သုံးသပ်ကြပါတယ်။
Credit: Myanmar Time