ဗီယက်နမ်ဘဏ် SHB မြန်မာနိုင်ငံမှာ ပထမဆုံးသော ဘဏ်ခွဲ လာရောက်ဖွင့်လှစ်

ဗီယက်နမ်ဘဏ် SHB မြန်မာနိုင်ငံမှာ ပထမဆုံးသော ဘဏ်ခွဲ လာရောက်ဖွင့်လှစ် - Property News in Myanmar from iMyanmarHouse.com
30 Jun 2017 10:08 am တွင် တင်ခဲ့သည်
733 ကြိမ် ကြည့်ရှု့ပြီး
ဗီယက်နမ်အခြေစိုက် ဘဏ်လုပ်ငန်းအဖွဲ့အစည်းတစ်ခုဖြစ်တဲ့
Saigon-Hanoi Commercial Joint Stock Bank (SHB) ဟာ
မကြာသေးမီကပဲ မြန်မာနိုင်ငံမှာ ယင်းရဲ့ ပထမဆုံးသော
ဘဏ်ခွဲကို လာရောက်ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။

ယင်းဘဏ်ခွဲဖွင့်လှစ်မှုဟာ ဗီယက်နမ်ဘဏ်အတွက်တော့
အရေးပါတဲ့ ခြေလှမ်းတစ်ရပ်ကို လှမ်းလိုက်နိုင်တာပဲဖြစ်ပါတယ်။
ယခုလို ဗီယက်နမ် ပြည်ပမှာ ဘဏ်ခွဲ တိုးချဲ့ဖွင့်လှစ်ခြင်းက
မိမိတို့ ဘဏ်ရဲ့ အဓိက ရည်မှန်းချက်ပန်းတိုင်တစ်ခုဖြစ်ပြီး
ယင်းအတွက်ကြောင့်လည်း ၀န်ဆောင်မှုတွေရဲ့ အရည်
အသွေးတိုးတက်စေဖို့၊ လုပ်ငန်းလုပ်ဆောင်နိုင်မှုနဲ့
ယှဉ်ပြိုင်နိုင်စွမ်းတို့ကို တိုးတက်စေနိုင်မှာဖြစ်တယ်လို့
SHB ဘဏ်ရဲ့ ဒါရိုက်တာ Nguyen Van Le က
ပြောသွားပါတယ်။

အလားတူ အနာဂတ်ကာလမှာလည်း ကဏ္ဍ
နယ်ပယ်ပေါင်းစုံဖြန့်ကျက်တဲ့ လက်လီဘဏ်လုပ်ငန်းဖြစ်ဖို့
ရည်ရွယ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။

၁၉၉၃ ခုနှစ်က စတင်တည်ထောင်ခဲ့တဲ့ SHB အနေနဲ့
ဗီယက်နမ်မှာ အကြီးဆုံးသော ပုဂ္ဂလိကပိုင်စီးပွားဖြစ်
ဘဏ်ငါးခုထဲမှာ တစ်ခုအဖြစ် ပါဝင်နေပါတယ်။ ယင်းဘဏ်
အနေနဲ့ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့မှာ လုပ်ငန်း
လုပ်ဆောင်တဲ့ဆိုဒ်ပေါင်း ၅၀၀ လောက်ထိ ရှိနေတယ်လို့လည်း
သိရပါတယ်။

၂၀၁၆ ခုနှစ်မှာတော့ SHB အနေနဲ့ ပြည်တွင်းပြည်ပ
ဂုဏ်ပြုဆုများစွာ ရရှိခဲ့ပြီး ဗီယက်နမ်မှာ ဂုဏ်သိက္ခာအမြင့်ဆုံး
ဘဏ်တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
ဗီယက်နမ်ဗဟိုဘဏ် SBV နဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်
တို့အကြားလည်း ဗီယက်နမ်ဘဏ်တွေ မြန်မာနိုင်ငံမှာ
လာရောက်ဖွင့်လှစ်နိုင်ရေးအတွက် ဘဏ်လုပ်ငန်းဆိုင်ရာ
ပူးပေါင်းဆောင်ရွက်သွားရေး နားလည်မှုစာချွန်လွှာတစ်ရပ်ကို
လက်မှတ်ရေးထိုးထားခဲ့တယ်လို့ သိရပါတယ်။

အလားတူ ဘဏ်လုပ်ငန်းပိုင်းမှာ အခွင့်အလမ်းမြောက်မြားစွာရှိနေတဲ့
မြန်မာနိုင်ငံနဲ့ ဗီယက်နမ်တို့အကြား ပြီးခဲ့တဲ့ ၂၀၁၀
တုန်းကလည်း အလုံးစုံ ပူးပေါင်းဆောင်ရွက်ရေး
ပူးတွဲထုတ်ပြန်ချက်တစ်ရပ်ကိုပါ ထုတ်ပြန်ထားခဲ့ပါသေးတယ်။
ဓာတ်ပုံ-vietnamnet

Credit: SFJ Strategy First

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...

အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...

အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...

ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...

ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...

တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

ရောင်းရန်ရှိသော အိမ်ခြံမြေများ

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်

ဟယ်ရီဆင်ဖို့ဒ်က တောမီးဦးတည်နေသည့် ဘရန့်ဝုဒ်အရပ်မှ သူ၏ စံအိမ်ဆီသို့ သွားရန် ကြိုးစားရာ ရဲအရာရှိတို့ လိုက်ပါစောင့်ကြပ်ပေးခ

စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်

ဂျပန်နိုင်ငံသားများအကြား “အိမ်သာ” ဟု ရည်ညွှန်းပြောဆိုကြသည့် ကျဉ်းမြောင်းလှသော လူနေခန်းလေးများ၊ ဟိုတယ်များ အမြဲပြည့်နေသော

ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ

ကာဇက်စတန်မှ ရွာကလေးတွင် ရွာသူရွာသားတို့မှာ လမ်းလျှောက်ရင်းပင် ရုတ်တရက် အိပ်ပျော်သွားတတ်ကြပြီး ပြန်နိုးလာချိန်တွင် မည်သည်

လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။

ချစ်သူက ပြည့်တန်ဆာဘဝသို့ သွတ်သွင်းခြင်းခံလိုက်ရသော ဘောလိဝုဒ်ကြယ်ပွင့် ရုပ်ရှင်မင်းသမီး၏ ကြေကွဲဖွယ်ဘဝဇာတ်ကြောင်း

အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န

Infinity@111Condo
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service