ကနောင် တန်ဖိုးနည်း အိမ်ရာ ထက်ဝက်နီးပါး ရောင်းချ ပြီးစီး

ကနောင် တန်ဖိုးနည်း အိမ်ရာ ထက်ဝက်နီးပါး ရောင်းချ ပြီးစီး - Property News in Myanmar from iMyanmarHouse.com
30 Jun 2017 10:04 am တွင် တင်ခဲ့သည်
3296 ကြိမ် ကြည့်ရှု့ပြီး
ရန်ကုန်မြို့တွင်း အိုးအိမ်က တာဝန်ယူ ရောင်းချပေးတဲ့ ယုဇနတန်ဖိုးနည်း အိမ်ရာ၊ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ၊ ကနောင်တန်ဖိုးနည်းအိမ်ရာ သုံးခု ရဲ့ ရောင်းချပြီးစီးမှုဟာဆိုရင် ခန့်မှန်းခြေ ၄၇ ရာခိုင်နှုန်းလောက် ရောင်းချပြီး စီးနေပြီ။

အိုးအိမ်အနေနဲ့ တာဝန်ယူ ရောင်းချပေးတာကတော့ ကနောင်တန်ဖိုးနည်း အိမ်ရာ၊ ရွှေလင်ဗန်းအိမ်ရာမှာဆိုရင် အပိုင်း(၂)နဲ့ (၃)၊ ယုဇနအိမ်ရာမှာ ဆို ရင် အပိုင်း(၁)နဲ့ (၂)ကို ရောင်းချနေပါတယ်။ လက်ရှိ ကနောင်အိမ်ရာမှာ ဆို ရင် အခန်း(၄၀)ကျော်လောက် ရောင်းချပြီးပါပြီ၊ ရွှေလင်ဗန်းအိမ်ရာ အပိုင်း (၂) နဲ့ (၃)မှာဆိုရင် အခန်း(၁၀၀)ကျော်လောက် ရောင်းချပြီးပါပြီ၊ ယုဇနအိမ် ရာ အပိုင်း(၁) နဲ့ (၂)မှာလည်း အခန်း(၁၀၀) ကျော်လောက် ပထမအသုတ် အနေနဲ့ ရောင်းချပြီးစီးပါပြီလို့ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါ တယ်။

ကနောင်တန်ဖိုးနည်းအိမ်ရာ

ကနောင်တန်ဖိုးနည်းအိမ်ရာမှာဆိုရင် စုစုပေါင်းအခန်း အရေအတွက် ၈၆၄ ခန်း ပါရှိပြီးတော့ လက်ရှိရောင်းချပြီးစီးမှုကတော့ အခန်းအရေအတွက် ၄၀ေ ကျာ်လောက် ရောင်းချပြီးခဲ့ပါပြီ၊ ရောင်းချပြီးစီးမှု ခန့်မှန်းခြေ ၁၇ ရာခိုင်နှုန်းေ လာက် ရှိနေပြီလို့ သိရပါတယ်။

ကနောင်တန်ဖိုးနည်းအိမ်ရာမှာဆိုရင် စုစုပေါင်း အဆောက်အအုံ ၃၂ လုံး ပါရှိပြီးတော့ အခန်းစုစုပေါင်း ၈၆၄ ခန်း ရှိပါတယ်။ ၄၈၆ စတုရန်းပေ ကျယ် တဲ့ လေးထပ်မြင့် အဆောက်အအုံအလုံး ၂၀ နဲ့ ၄၈၄ စတုရန်းပေ ကျယ် တဲ့ လေးထပ်မြင့် အဆောက်အအုံ ၁၂ လုံးပါတယ်။

ဈေးနှုန်းတွေကတော့ သိန်း ၁၀၀ ကျော်ကနေ စပြီးတော့ ၁၂၀ ကျော်အထိ အကျယ်အဝန်းအနိမ့်အမြင့်အလိုက် ကွာခြားမှု ရှိတယ်လို့ သိရပါတယ်။ အ ခန်းဖွဲ့စည်းပုံ အနေအထားကတော့ ရေချိုးခန်း၊ အိမ်သာ ပါဝင်ပြီးတော့ Hall ခန်း ပုံစံဖြစ်တယ်လို့ သိရပါတယ်။ ရေမီးစုံ တပ်ဆင်ပေးထားကြောင်းလည်း သိရပါတယ်။

ကနောင် တန်ဖိုးနည်းအိမ်ရာဟာဆိုရင် ဒဂုံဆိပ်ကမ်းမြို့နယ်၊ အမှတ်(၈၉) ရပ်ကွက်မှာ တည်ဆောက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

ရွှေလင်ဗန်းအိမ်ရာ

လှိုင်သာယာမြို့နယ်မှာ တည်ရှိတဲ့ ရွှေလင်ဗန်း တန်ဖိုးနည်းအိမ်ရာမှာဆိုရင် အပိုင်းသုံးပိုင်း ခွဲခြားပြီးတော့ ရွှေလင်ဗန်းတန်ဖိုးနည်းအိမ်ရာ အပိုင်း (၂)နဲ့ (၃) ကို အိုးအိမ်က တာဝန်ယူရောင်းချနေပြီးတော့ လက်ရှိမှာဆိုရင် အခန်းေ ပါင်း ၁၀၀ ကျော်၊ ၁၀ ရာခိုင်နှုန်းလောက် ရောင်းချပြီးစီးနေပြီလို့ သိရပါတယ်။

ရွှေလင်ဗန်း အပိုင်း (၂)

ရွှေလင်ဗန်း အိမ်ရာ အပိုင်း(၂) မှာဆိုရင် ရှစ်ခန်းတွဲ လေးထပ်တိုက် ၁၄ လုံး ၊ လေးခန်းတွဲ လေးထပ်တိုက် သုံးလုံး စုစုပေါင်း အခန်း ၄၉၆ ခန်း ပါဝင်တယ် လို့ သိရပါတယ်။ အခန်းဈေးနှုန်းတွေကတော့ သိန်း ၁၀၀ ကျော်၊ ၁၂၀ ကျော် အထိ အကျယ်အဝန်းအလိုက် ကွာခြားမှု ရှိပါတယ်။

ရွှေလင်ဗန်း အပိုင်း (၃)

ရွှေလင်ဗန်းအိမ်ရာ အပိုင်း(၃) မှာဆိုရင် ခြောက်ခန်းတွဲ လေးထပ်တိုက် ၂၁ လုံး ပါဝင်ပြီးတော့ အခန်းအရေအတွက် ၅၀၄ ခန်း ပါဝင်တယ်လို့ သိရပါ တယ်။ အခန်းဈေးနှုန်းတွေကတော့ သိန်း ၁၂၀ ကျော်လော်ကအထိ ရှိပြီးေ တာ့ အခန်းပုံစံတွေကတော့ Hall ခန်း ပုံစံ အနေအထားတွေ ဖြစ်ပါတယ်။ေ ရမီး တပ်ဆင်ပေးထားကြောင်း သိရပါတယ်။

ယုဇနတန်ဖိုးနည်း အိမ်ရာ

ဒဂုံဆိပ်ကမ်းမြို့နယ်မှာ ရှိတဲ့ ယုဇနတန်ဖိုးနည်းအိမ်ရာမှာဆိုရင် အပိုင်း (၃) ပိုင်း ခွဲခြားထားပြီးတော့ အပိုင်း(၁) နဲ့ (၂) ကို အိုးအိမ်က တာဝန်ယူ ရောင်း ချနေပြီးတော့ လက်ရှိမှာ အခန်းအရေအတွက်ရဲ့ ခန့်မှန်းခြေ ၂၀ ရာခိုင်နှု န်းလောက် ရောင်းချပြီးစီးနေပြီလို့ သိရပါတယ်။

ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း (၁)မှာ ခြောက်ခန်းတွဲ လေးထပ်တိုက် (၁၂)လုံး၊ ရှစ်ခန်းတွဲလေးထပ်တိုက် ၁၈ လုံး စုစုပေါင်း အခန်းအရေအတွက် ၈၆၄ ခန်း ပါဝင်တယ်လို့ သိရပါတယ်။

ယုဇနတန်ဖိုးနည်းအိမ်ရာ အပိုင်း(၂)မှာဆိုရင် ခြောက်ခန်းတွဲ လေးထပ်တိုက် (၁၂)လုံး၊ ရှစ်ခန်းတွဲ လေးထပ်တိုက် (၂၈) လုံး၊ အခန်း အရေအတွက် ၁၁၅၂ ခန်း ပါဝင်ပါတယ်လို့ သိရပါတယ်။

ဈေးနှုန်းတွေကတော့ သိန်း ၁၀၀ ကျော်ကနေ ၁၂၀ ကျော်အထိ အခန်း အ ကျယ်အဝန်း အနိမ့်အမြင့်ပေါ် မူတည်ပြီး ကွာခြားပါတယ်။ အခန်းဖွဲ့စည်း ပုံ ကတော့ ရေမီးစုံ တပ်ဆင်ထားပြီးတော့ Hall ခန်း ပုံစံတွေ ဖြစ်ပါတယ်။

တန်ဖိုးနည်းအိမ်၇ာတွေကိုဆိုရင် ဝင်ငွေနည်း လစာငွေ၊ ကုမ္ပဏီ ဝန်ထမ်းေ တွ၊ ဝင်ငွေနည်းပြည်သူတွေအတွက် အိုးပိုင်အိမ်ပိုင်ဖြစ်ဖို့ ရည်ရွယ်ပြီးေ တာ့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာ ဝယ်ယူသူေ တွ ဟာဆိုရင် ဈေးကစားမယ့်သူတွေ မဟုတ်ဘဲ အမှန်တကယ် နေထိုင်မယ့် သူတွေ ဝယ်မှု များတယ်လို့ သိရပါတယ်။

အိမ်ရာ ဝယ်ယူမယ့်သူတွေအနေနဲ့ CHD ဘဏ်မှာ ၃၀ ရာခိုင်နှုန်း ငွေစုပြီး သူတွေ ဖြစ်ရမှာ ဖြစ်ပြီးတော့ မိသားစုဝင်ငွေ သုံးသိန်းနဲ့ ငါးသိန်းကြား ပြည့် မီရမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါဖြင့် ဝယ်ယူသူတွေအနေနဲ့ ဘဏ်ချေးငွေ ၇၀ ရာခိုင်နှုန်း ရရှိထားတဲ့ သူေ တွကိုသာ အလှည့်ကျ စီနီယာအလိုက် ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

ဝင်ငွေနည်း ပြည်သူတွေ ဝယ်ယူနိုင်စေမယ့် တန်ဖိုးနည်း၊ တန်ဖိုးသင့် ကျပ် သိန်း ၁၀၀ အောက်နဲ့ ရောင်းချနိုင်ဖို့ နည်းလမ်း ရှာဖွေနေပြီးတော့ ၂၀၁၆- ၂၀၁၇ က ၂၀၂၀-၂၀၂၁ ငါးနှစ် စီမံကိန်း ရေးဆွဲထားပြီး တစ်နိုင်ငံလုံးမှာ စု စုပေါင်း ၁.၈ သိန်း အကောင်အထည် ဖော်နိုင်ဖို့ ရည်ရွယ်ထားတယ် လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဦးဝင်းခိုင်က ပြောပါတယ်။

Credit: The Modern

နောက်ဆုံးရ အိမ်ခြံမြေ သတင်းများ

သမိုင်းတလျှောက် အလှဆုံးအမျိုးသမီးများတွင် တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရသော ဗြိတိန် ရုပ်ရှင်မင်းသမီး အော်စကာဆုရှင် အော်ဒရေဟက်ဘန်း ဘဝနေဝင်ချိန် နောက်ဆုံး နှစ် ၃၀ နေထိုင်ဖြတ်သန်း ခဲ့သည့် ဆွစ်ဇာလန်မှ စံအိမ်ကြီးနှင့် ဧက ၄၀ ခြံကြီး ကန်ဒေါ်လာ သန်း ၂...

အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတက ပေါင် ၆၅ သန်းဖြင့် ဝယ်ယူခဲ့သော လန်ဒန်မြို့ ချယ်လ်ဆီးအရပ်ရှိ စံအိမ်ကြီး...
အဘီရှိတ်ဘဂျမ်း၏ အိမ်ထောင်ရေးသတင်းများ လှုပ်ခတ်နေချိန်တွင် ဖခင်အမီတာ ဘဂျမ်းက သားနှင့်သမီးကို အမွေညီတူညီမျှ ခွဲပေးမည်ဟူသော ပြောဆိုခဲ့သည့်သတင်းများ ပြန်လည်ထွက်ပေါ်လာ၊ အဘီရှိတ်၏ ဇနီးမှာ ခင်ပွန်းဖြစ်သူ၏ အမွေမှ ထက်ဝက်ရမည့် ...

ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
ကမ္ဘာကျော် ဖက်ရှင်ကုမ္ပဏီကြီးဖြစ်သော Gucci မိသားစုပိုင် ရောမမြို့မှ စံအိမ်ကြီး အရောင်းဈေးကွက်ဝင်နေ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
အမေရိကန်ပြည် ဖလော်ရီဒါပြည်နယ်၊ Palm Beach ရှိ ဘီလျံနာတန်းမှ မြေကွက်တစ်ခု ကန်ဒေါ်လာ သန်း ၂၀၀ အထိ အံ့ဖွယ် ဈေးခေါ်ကာ အရောင်းဈေးကွက်ဝင်လာ...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ဂွင်းနက်ပက်ထရိုးက လော့စ်အိန်ဂျလိ မီးဘေးမှ ကင်းလွတ်ခဲ့သော သူ၏ စံအိမ်ကို ကန်ဒေါ်လာ ၂၂ သန်းဖြင့် ရောင်းထုတ်...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
ရှာရွတ်ခန်ရဲ့ မာန်နတ်၊ အမီတာဘဂျမ်းရဲ့ ဂျာလ်ဆာ စံအိမ်ကြီး ၂ လုံးပေါင်း တန်ကြေးထက် ပိုမိုဈေးကြီးတဲ့ ရူပီး ကုဋေ ၈၀၀ တန် စံအိမ်ကြီး ပိုင်ဆိုင်ထားသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဘယ်သူလဲ...
တရုတ်ပြည်တွင် မိမိဝယ်ယူလိုက်သည့် နေအိမ်အောက်ဘက်၌ လျှို့ဝှက် မြေအောက်ခန်းကြီး ရှိနေပြီး ယခင်ပိုင်ရှင်ဟောင်း နေထိုင်လျက်ရှိသည်ကို ၇ နှစ်ကြာမှ သိလိုက်ရသည့် ဖြစ်ရပ် လူမှုကွန်ရက်တွင် ဟိုးလေးတကျော် ဖြစ်နေ...

မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
မိမိကိုယ်ကို အဆုံးစီရင်သွားသော အော်စကာဆုရှင်၊ အမေရိကန်သရုပ်ဆောင် Robin Williams ၏ ဆန်ဖရန်စစ္စကို စံအိမ် ကန်ဒေါ်လာ ၁၈ သန်းဖြင့် အရောင်းအဝယ်ဖြစ်...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ သူရဲကောင်းတစ်ဦးသဖွယ် ကြိုဆိုကြ...

အိမ်ခြံမြေ သတင်းများကို
Email ဖြင့် ဖတ်ရန်

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဓားထိုးခံရကာ မကြာသေးမီက ဆေးရုံမှ ဆင်းလာသူ ဘောလိဝုဒ် ရုပ်ရှင်မင်းသား ဆာအိဖ် အလီခန်း မိသားစုပိုင် ရူပီး ကုဋေ ၁၅၀၀၀ တန်ကြေး
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
ဒေါ်နယ်ထရမ့်အား ရွေးကောက်ပွဲ ရှုံးနိမ့်သွားသော ဒုသမ္မတ ကမလာ ဟဲရစ် နယူးယောက်ကို အိမ်ပြောင်းတော့မှာလား၊ ထရမ့် ကျမ်းသစ္စာကျ
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
စင်္ကာပူတွင် လူသွားလမ်း ရေမြောင်းပေါက်အတွင်း တံထွေးထွေးသော ကမ္ဘာလှည့်ခရီးသည်တစ်ဦး ကန်ဒေါ်လာ ၂၂၀ ဒဏ်ရိုက်ခံရ၊ ဒဏ်ငွေ ချက်
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
တရုတ်ပြည်တွင် အငှားယာဉ်မောင်းတစ်ဦးကို သူစိမ်းတစ်ဦးက လူမှားကာ လာရောက်နှုတ်ဆက်ရာ နှစ်ပေါင်း ၃၀ ကွဲကွာနေသော အမြွှာညီအစ်ကိုဖ
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
အာဆီယံ ချန်ပီယံဖလား ရသွားသော ဗီယက်နမ်လက်ရွေးစင် ဘောလုံးအသင်း၏ ကွင်းလယ်ကစားသမားက ဗိုလ်လုပွဲအပြီးတွင် ဒေါ်လာ ၄၀၀,၀၀၀ တန် န
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဗြိတိန်တွင် ၃ ပေသာ ကျယ်ဝန်းသော အကျဉ်းမြောင်းဆုံး နေအိမ် ဒေသခံများအကြား ပြောစမှတ်တွင်နေ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
ဘီလ်ဂိတ်က အိမ်တွင် သားသမီးများ မရှိတော့ဘဲ တစ်ယောက်တည်း အထီးကျန်နေသော်လည်း ရေချိုးခန်း ၂၄ ခန်းပါ အလွန်ကြီးမားလှသည့် စံအိမ
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
လေယာဉ်မယ်ဟောင်း ယန်ယန်ရှီ၏ ဘဝဖြတ်သန်းမှုမှာ တရုတ်ပြည်မကြီး လူမှုကွန်ရက်တွင် အလွန်နာမည်ကြီးနေသည်။
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဂျပန်နိုင်ငံတွင် စွန့်ပစ်ထားသော နေအိမ်ပေါင်း ၂၀၀ ကို ဝယ်ယူခဲ့ကာ ပြန်လည် အငှားချထားခြင်းဖြင့် နှစ်စဉ်ဝင်ငွေ ဒေါ်လာ ၉၀၀,၀၀
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
ဆီလီကွန်တောင်ကြားကို တုန်လှုပ်ခြောက်ခြားသွားစေသူ DeepSeek က လျန်ဝမ်ဖန်း တရုတ်နှစ်သစ်ကူးကာလတွင် ဇာတိရွာလေးသို့ ပြန်ခဲ့ရာ
Infinity@111Condo
CarsDB

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service